♥ ဘ၀ဆိုတာ ခဏလေးပါ ♥
Labels:
ဘ၀ဆိုတာခဏလေးပါ ....... လူ့ဘ၀မှာနေခွင့်ရတဲ့ အချိန်လေးဟာ ခဏလေးပါပဲ ......
 ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လေဟာပြင်မှာ
 တန်းစီထားတဲ့အချိန် ကခဏလေးပါ ........ ကျွန်တော့်တို့ဘ၀လည်းသည်လိုပါပဲ လူ့ဘ၀မှာနေရတဲ့အချိန်လေးဟာခဏလေးပါ ...... လူအများအားဖြင့်တော့ နေ့စဉ်နေ့တိုင်း အလုပ်များဖြင့်သာ သံသရာလည်ပြီး အချိန်ကုန်ဆုံးသွားကြသည်မှာများသည် ...... 
ကျွန်တော်အပါအ၀င်ပေါ့ အချိန်တွေဖြုန်းတီးနေတဲ့အထဲမှာပေါ့ ........
 နှစ်သစ်သာရောက်လာတာ စိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုမဖြတ်သန်းနိုင်ပဲ
 နှစ်ဟောင်းကလိုပင် ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရတယ် ...... 
တစ်ခါတစ်ခါ ရုန်းထွက်ဖို့ကြိုးစားပေမဲ့လည်း အခွင့်မသာလို့ ဘ၀ရည်မှန်းချက်ကိုပင်
 စွန့်ပစ်ရတော့ အလားးးးးးးးး.......
 (လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ ။) 
                                                                                 ♥
ဘ၀ဆိုတာခဏလေးဆိုတဲ့အကြောင်းကို အနုပညာသမားလေးတစ်ဦးက
 Performance လေးတွေနဲ့ သရုပ်ပြသွားပါတယ် ။
 ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လူတကာကြည့်ခွင့်ရအောင်
 လေဟာပြင်မှာ ဖွင့်ပြခွင့်ရတဲ့ အချိန်က ခဏလေးပါ .......
 သူ ဒီလို ပြခွင့်ရဖို့ ပြင်ဆင်ခဲ့ရတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့် တွေက မနည်းလှပါဘူး။ 
ဒါပေမယ့်... ဒီအနုပညာသမား ကတော့ ကျေနပ်သွားရှာတယ်။ 
ဘာလို့လဲ ဆိုတော့... သူ့ရဲ့ဒီ Performance ခေါင်းစဉ် ကိုက ဘ၀ ဆိုတာ ခဏလေးပါ၊ တဲ့။
 အရင် အရည်ပျော်ကျသွားတဲ့ အရုပ်လေးတွေကို နှမျော တမ်းတရင်း ထိုင်ကြည့်နေတဲ့ ပရိသတ်တွေရင်ထဲ ဆွေးမြည့်မြည့် ကျန်စေခဲ့လို့ပဲ ........ 
ဘလော့အကို၊အစ်မများလည်း နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော် ...
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကြိုးပြတ်သွားတဲ့ စွန်ကလေး
Labels:
နေ့တိုင်းမြင်ရ မင်းအလှကို
ရင်မှာမြတ်နိုး တိတ်တခိုးနဲ့
ချစ်ခဲ့မိ၏
မင်းရဲ့အပြုံး မင်းမျက်လုံးက
ငါ၏ရင်ဍ္ဍ် မေ့မရအောင်
စွဲလန်းမိ၏
နူးညံ့သိမ်မွေ့ မင်းလက်လေးကို
ထိတွေ့လိုက်တိုင်း ငါရင်ထဲရှိ
နှလုံးသားသည် တုန်ခါမည်လျက်
ရင်မောရ၏
ရူးလောက်မတတ် ချစ်ခဲ့သော်လည်း
နောက်ဆုံးရလဒ် ဇာတ်သိမ်းပိုင်းက
ရင်ကွဲပက်လက် အထီးကျန်စွာဖြင့်
ငိုခဲ့ရ၏
(လာရောက်လည်ပတ်သူများအားလုံး ကိုယ်စိတ်နှစ်လုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် )
                                                                အိပ်မက်ကောင်းကင်
ဘလော့လေးကို အလှဆင်ကြရအောင်
Labels:
ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်လာပြီနော် တစ်နှစ်တစ်နှစ်ကုန်တာမြန်နေသလိုပဲ . . .
 နွေ၊မိုး၊ဆောင်း ထဲမှာ ကျွန်တော်ကတော့ ဆောင်းရာသီကို နှစ်သက်တယ် . . . 
ဒီဇင်ဘာလ ရောက်ပြီဆိုလျှင် လူတိုင်း၏စိတ်ထဲမှာ ခံစားမှုကိုယ်စီရှိကြတာပဲ . . . 
Christmas ဟူသော အင်္ဂလိပ်စကားလုံး ၉ လုံး သည် တခုစီ အဓိပ္ပါယ် ရှိတယ်။ 
Christmas စကားလုံးတလုံးချင်း၏အဓိပ္ပါယ် - - -
 C = Christ = ခရစ်တော် 
 H = Herod = ဟေရုဒ်မင်း
 R = Redeemer = ကယ်တင်ရှင်
 I = Israel = ဣသရေလ
 S = Sheepherd = သိုးထိန်းများ
 T = Three wise men = ပညာရှိသုံးပါး
 M = Manger = နွားစားခွက်
 A = Angel = ကောင်းကင်တမန်များ 
 S = Star = ကြယ်မင်းကြီး
သည်လို ချမ်းအေးလှတဲ့ ဒီဇင်ဘာလေးမှာ ဘလော့လေးကို လှလှပပ လေးထားချင်ရင်တော့
Christmas Template လေးတွေနဲ့ အလှဆင်လိုက်ကြရအောင် . . . .
(1) Christmas
သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။
(2) Pororo
သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။
(3) Xmas-crowd
သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။
(4)  Xmas
(5) Blue-Esate
သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။
အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးမှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ ......
ခင်တဲ့(အိမ်မက်ကောင်းကင်)
♥ ၀မ်းနည်းစွာဖြင့် နှုတ်ဆတ်ခဲ့ပါတယ် ♥
Labels:
ကျွန်တော် သူ့ ကိုထားခဲ့ရတော့မယ် .....
မထားခဲ့ချင်ပေမဲ့လည်း  သူ့ ကိုထားသွားရတော့မယ် .....
အခုလိုထားသွားတာ ကို သူ နားလည်ပေးလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ် .....
ဖြစ်နိုင်ရင်တော့ ကျွန်တော် သူ့ ကိုဘယ်ထားသွားချင်ပါ့မလဲ .....
သူ့ အပေါ် သံယောဇဉ် တော်တော်တွယ် နေမိပြီလေ .....
ကျွန်တော့် စိတ်ထဲမှာလည်း ကြာလေကြာလေ သူ့အပေါ် ပိုပြီး စိုးရိမ်နေမိတယ် ......
သူ ဘယ်ချိန်များ ကျွန်တော့်ကို ထားသွားမှာလဲ ......
ဘယ်ချိန်များ သူ ကျွန်တော် မသိအောင် တိတ်တိတ်လေးထွက်သွားမလဲ ပေါ့ ......
ဒါပေမဲ့ သူ ကျွန်တော်ကို မထားသွားပါဘူး .....
ကျွန်တော် ကိုယ်တိုင် ပဲ သူ့ကိုထားသွားခဲ့တာပါ .....
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ .....
ခွဲရမဲ့ အတူတူတော့ .....
အစကတည်းက မတွေ့ခဲ့ဖြစ်ကြရင် .....
ပိုကောင်းမှာပဲ လို့လည်း စိတ်ထဲမှာ အမြဲတွေးနေမိတယ် .....
အခုလို သူ့ အပေါ်သံယောဇဉ် ရှိလျှက်နဲ့ ကျွန်တော် သူ့ကို ခွဲရတော့မယ် .....
တစ်လကျော်ကျော် ဆိုတဲ့ အချိန်လေးဆိုပေမဲ့လည်း ......
သူ့အပေါ်သံယောဇဉ် ကြီးနေတော့ ......
တစ်လကျော်ဆိုတာကို စိတ်ထဲမှာ အကြာကြီးလိုခံစားနေရတယ် .....
သူမရှိတဲ့ နေ့ရက်တွေကိုလည်း ကျွန်တော်တစ်ယောက်တည်း .....
အထီးကျန်စွာ ဖြတ်သန်းရတော့မယ် ......
သူ့ ကိုလွမ်းနေရတော့မယ်လေ ......
ခါတိုင်းဆို မနက်မိုးလင်းတာနဲ့ သူကို ထိုင်ကြည့်ပြီး .....
ကျွန်တော် ကြည်နူးမိတယ် .....
ပျော်ရွှင်မိတယ် .......
အခုတော့ ကျွန်တော် သူ့ ကိုထားခဲ့ရတော့မှာကို သိရတော့ .....
ကျွန်တော် စိတ်မကောင်းဖြစ်မိတယ် ......
သူ တစ်ယောက်တည်း အထီးကျန် ရစ်ခဲ့မှာကိုလည်း ......
ကျွန်တော် မမြင်ရက်ဘူး ......
ဒါပေမဲ့လည်း ကျွန်တော် သူ့ကို စိတ်မကောင်းစွာနဲ့ပဲ ......
ထားရစ်ခဲ့လိုက်တယ် ........
(သည် စာသားလေးတွေထဲမှာ " သူ " ဆိုတာ ကျွန်တော့် ဘလော့လေးကိုပြောတာပါ :P)
ကျွန်တော် ကျောင်းသွားတတ်ရတော့မှာ ဖြစ်တာကြောင့်
ကျွန်တော် ဘလော့လေးကို တစ်လကျော်လောက် နားထားရတော့မှာလေ
ကျွန်တော့် ဘလော့လေးက ဘာတန်ဖိုးမှ မရှိဘူးဆိုပေမဲ့လည်း
ကျွန်တော့် ဘလော့လေးအပေါ် ကျွန်တော် မြတ်နိုးတန်ဖိုးထားတယ်
သည် ဘလော့လေးက ကျွန်တော့်ကို ပျော်ရွှင်မှုတွေပေးစွမ်းနိုင်သလို
တစ်နေ့တာ အလုပ်တွေအတွက် အားဆေးတစ်ခွက် ဆိုလည်းမမှားဘူးပေါ့
ဘလော့ အစ်ကို၊ အစ်မတွေက အမြဲလိုလိုလာအားပေးတဲ့အတွက်ကြောင့်
ကျွန်တော့် ဘလော့လေး သာယာလာတာပါ
ဘလော့ အကို၊အစ်မတွေရဲ့ Comment လေးတွေက
ကျွန်တော့် ကိုပျော်ရွှင်စေတယ် ၊ခွန်အားလည်းဖြစ်စေတယ်လေ
ဘလော့ အကို၊အစ်မတွေနဲ့ အပြင်မှာမတွေ့ဖူးပေမဲ့လည်း
စိတ်ထဲမှာတော့ အားလုံးကို ခင်တွယ်နေမိတာ အမှန်ပါပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်လေးမှာ
ဘလော့ဂါ အားလုံး တစ်နေရာမှာ အတူဆုံကြရင်
ကောင်းမှာပဲ လို့ ကျွန်တော်စိတ်ကူးမိတယ်
သည်စိတ်ကူးလေး တစ်ကယ်ဖြစ်လာရင်
ကောင်းမှာပဲနော် ...............
ကျွန်တော် အရမ်းကြိုက်တဲ့ စာသားလေး နှစ်ခုရှိတယ် ။ ကျွန်တော့် ရဲ့ လက်စွဲတော်စာသားလေးဆိုရင်လည်း မမှားဘူးပေါ့ ။
ပထမဆုံး တစ်ခုကတော့ " တစ်ခါတစ်လေမှာ ဘာမှမသိတာ အကောင်းဆုံးပဲ " တဲ့
ဟုတ်တယ် သည်စာသားလေး အတိုင်း တစ်ခါတစ်ခါ ကျွန်တော် အရာအားလုံးကိုမေ့ထားပစ်ချင်တယ်
တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်ခဲ့မိတယ် ။ လူတိုင်းလိုလည်း တစ်နေ့မှာ တစ်နာရီ ဒါမှမဟုတ် နာရီဝက်လောက်
တစ်ယောက်တည်းနေရင်း သည်နေ့ငါဘာတွေများလုပ်ခဲ့လဲ ဒါမှမဟုတ် တစ်ခုခုကိုစဉ်းစားနေပေါ့ ။ ဒါမှမဟုတ်သီချင်းနားထောင်နေပေါ့ ။
သီချင်းနားထောင်ခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တယ်လေ ။ " တစ်ခါတစ်လေမှာ ဘာမှမသိတာ အကောင်းဆုံးပဲ " ဆိုတဲ့စာသားလေးကို
ကျွန်တော် အရမ်းပဲ ကြိုက်နှစ်သက်ခဲ့တယ် ။
  နောက် စာသားတစ်ခုကတော့
 " လူတစ်ယောက်ဟာ အမြဲတမ်း မမှားနိုင်ပါဘူး ရပ်နေတဲ့နာရီတောင်မှ တစ်နေ့ကို နှစ်ခါမှန်နေသေးတာပဲတဲ့ "
သည်စာသားလေးကိုလည်း အရမ်းကြိုက်ခဲ့မိတယ် ။ စိတ်ထဲမှာ ရှိတာလေးတွေကို ထင်သလိုချရေးလိုက်တာပါ ။ ဘာမှမဟုတ်တာကိုလည်း လာအားပေးတဲ့
ဘလော့အကို၊အစ်မများအားလုံး ကိုလည်း ကျေးဇူးတင်ပါတယ် ။ အားလုံးကို နှုတ်ဆတ်ခဲ့တယ်နော် ။ ပြန်လာမှပဲ စာကြွေးတွေလိုက်ဆပ်တော့မယ် :D..........
အားလုံးပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော် ...............
ခင်တဲ့(အိမ်မက်ကောင်းကင်)
♪♫ စေတနာ ♪♫
Labels:
စာတွေတော့ရေးနေပါတယ် ...... တစ်ပုဒ်မှပြီးတာမရှိသေးဘူး :D တစ်ဝက်တစ်ပျက်တွေပဲဖြစ်နေသေးတယ်
ပိုစ့်မတင်ဖြစ်တာလည်း တော်တော်ကြာသွားပြီ အဲဒါကြောင့်ကျွန်တော်ဖတ်ဖြစ်တဲ့ စာအုပ်လေးက ဖတ်လို့ကောင်းမဲ့ ဇာတ်လမ်းလေးတွေက ဇာတ်လမ်းလေးတွေကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ် ........
 အသည်းအသန်ဖြစ်နေတဲ့လူပမာ နှစ်ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်းအတူသွားကျနေတယ်။လူပမာတစ်ယောက်ကတစ်နေ့ကိုတစ်နာရီလောက် ခုတင်ပေါ်မှာ ထိုင်ခွင့်ရတယ်။ဒါမှလည်းသူ့အဆုတ်ထဲကအရည်တွေကိုစစ်သလိုဖြစ်မှာကိုး။အဲသလို ထခွင့်ရတဲ့သူရဲ့ခုတင်
က အဲဒီ့အခန်းလေးရဲ့ တစ်ခုတည်းသောပြတင်းပေါက် ဘေးနားမှာရှိနေတယ်။
        နောက်တစ်ယောက်မှာတော့ တစ်ချိန်လုံး ကျောခင်းနေရတဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ လူမမာနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အဖော်လုပ်နေရတယ်။ ဇနီးမယားသား
သမီးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ တောအကြောင်း၊တောင်အကြောင်း
ရောက်တတ်ရာရာပြောရင်းနဲ့ ငြီးငွေ့ဖွယ်ရာ သူတို့ရဲ့နေ့တွေကို ကျော်လွားဖြတ်သန်းနေရပါတယ်။
        အဲသည်လိုနဲ့နေ့ခင်းချိန်ခါကို ရောက်လို့ပြင်တင်းပေါက်ဘေး ခုတင်ပေါ်က လူမမာ ထထိုင်လိုက်ပြီဆို
တာနဲ့ သူဟာပက်လက်လဲနေတဲ့ လူမမာကိုပြတင်းပေါက်ကတစ်ဆင့် သူမြင်ရသမျှကို ပြောပြလေ့ရှိတယ်။
        ခုတင်ပေါ်မှာ ပက်လက်လဲနေရှာတဲ့ လူမမာခမျာမှာလည်း အဲသည်တော့မှပဲ အပြင်လောကကြီးရဲ့
အရောင်တွေ၊ အရိပ်တွေကို နားနဲ့ ခံစားရင်းအသက်ကိုဆက်နေနိုင်တော့တယ်။
         ပြတင်းပေါက်ကလှမ်းမြင်နေရတာကတော့ သာယာတဲ့ရေကန်လေးနဲ့ ပန်းခြံလေးတစ်ခုပါပဲ ။ဘဲတွေ၊
ငန်းတွေဟာ ရေကူးမြူးထူးနေကြသလိုကလေးငယ်လေးတွေ ဟာလည်း သူတို့ရဲ့ အရုပ်လှေလေးတွေကို ကန်ထဲမှာ လွတ်နေကြတယ်။ ငယ်ရွယ်တဲ့ချစ်သူစုံတွဲတွေကတော့ လက်ချင်းချိတ်လို့၊ ရောင်စုံပန်းခြံကြီး
ထဲမှာ လမ်းလျှောက်နေတာကိုလည်းတွေ့နိုင်တယ်။ ဟိုးအဝေးစီမှာတော့မိုးကုပ်စက်ဝိုင်းပါ။
        ပြတင်းပေါက်ဘေးက လူမမာဟာသူမြင်ရသမျှကိုအဲသလို အသေးစိတ်ပြောပြတတ်သလို ပက်လက်
လဲနေတဲ့လူမမာကလည်းပြောသမျှကို မျက်စိစုံမှိတ်နားထောင်ပြီး စိတ်ကူးထဲမှာ အပြင်ဘက်က လောကကြီး
ကို ပုံဖော်ကြည့်နေတတ်တယ်။
        တစ်နေ့ခင်းမှာတော့ပြင်တင်းပေါက်နားလေးကလူက သူမြင်ရတဲ့ ရှင်လောင်းပွဲ တစ်ပွဲကို ပြောပြပြန်ပါ
တယ်။ ရှင်လောင်းလှည့်တဲ့အခါ ကြားရစမြဲဖြစ်တဲ့ ဆိုင်းသံတွေကိုမကြားရပေမဲ့ ပြတင်းနားလေးက လူရဲ့
ပြောင်မြောက်တဲ့အပြောကြောင့် ပက်လက်လဲနေသူရဲ့ အာရုံမှာ ရှင်လောင်းလှည့်နေတာကို ထင်ထင်ရှားရှား
ကြီးကိုမြင်တွေ့နေရသလိုပါပဲ။
        အဲဒီအချိန်မှာ စိတ်ရိုင်းက ပက်လက်လဲနေသူရဲ့ ရင်ထဲကိုဖျတ်ခနဲဝင်လာတယ်။ လူမမာချင်းအတူတူ၊
သူကျတော့အပြင်ကို မြင်ခွင့်ရနေပြီး ကိုယ့်ကျမှအကန်းတစ်ယောက်လိုဖြစ်နေပါလားလို့တွေးမိလာတာပါ။
       ပက်လက်လဲနေသူဟာ ပြတင်းဘေးကခုတင်ကိုလိုချင်တဲ့စိတ်တွေနဲ့လုံးချာလိုက်ပြီး ညတောင်အိပ်မပျော်တော့ဘူး ဖြစ်နေတယ်။
        တစ်ညမှာတော့ ပက်လက်လဲနေတဲ့သူဟာ မျက်နှာကြက်ကိုမမှိတ်မသုန်ကြည့်ရင်းနဲ့ အိပ်မပျော်တဲ့
ကို ဖြတ်သန်းနေတဲ့အချိန်မှာပဲ တစ်ဖက်ကုတင်က လူဟာချောင်းတွေတအားဆိုးလာတော့တယ်။ သူ့အဆုတ်
ကအရည်တွေကအသက်ရှုလမ်းကြောင်းကို ပိတ်ဆို့နေတယ်။ တစ်ဖက်ခုတင်က ပက်လက်လဲနေသူဟာ
သူ့အခန်းဖော်ကိုအသာလေး ကြည့်နေလိုက်တယ်။ ချောင်းဆိုးရင်းအသက်ရှုတစ်အားကြပ်နေတဲ့
ပြတင်းဘေးကလူမမာဟာအရေးပေါ်လူခေါ် ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့နေတယ်။
ပက်လက်လဲနေတဲ့လူမမာဟာ တစ်ဖက်ခုတင်ကလူရဲ့ချောင်းသံ မောဟိုက်သံတွေကိုနာခံရင်းနဲ့ပဲ မလှုပ်မယှက် ငြိမ်ငြိမ်လေးနေလိုက်တယ်။ အမှန်ဆို သူ့ခုတင်ဘေးက အရေးပေါ် လျှပ်စစ်ခေါင်းလောင်းကို
လှမ်းနှိပ်ပေးလိုက်မယ်ဆိုဆိုရင် သူနာပြုတစ်ယောက်ဖြစ်ဖြစ်၊ ဆရာဝန်တစ်ယောက်ဖြစ်ဖြစ် အချိန်မီ လာနိုင်
ပါတယ်။ ဒါပေမဲ့ သူမလုပ်မိဘူး။ ငါးမိနစ်တောင်မကြာလိုက်ဘူး။ ပြတင်းနားကလူဆီက ချောင်းဆိုးသံလည်း
မကြားရတော့ဘူး။ မောဟိုက်သံလည်းမကြားရတော့ဘူး။ တစ်ခန်းလုံးဟာ ဘာသံမှမကြားရတော့အောင်ကို
တိတ်ဆိတ်ငြိမ်ကျသွားတော့တယ်။
          မနက်မိုးလင်းတဲ့အခါမှာတော့တာဝန်ကျ သူနာပြုဟာအသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်တဲ့ ပြတင်းနား
ကလူမမာရဲ့ ရုပ်ကလပ်ကိုတွေ့လိုက်ရတယ်။ သူနာပြုဟာသက်ဆိုင်ရာကိုခေါ်ယူလိုက်ပြီး အလောင်းကို
အခန်းထဲကထုတ်သွားဖို့ စီစဉ်လိုက်တယ်။
         အားလုံးနေသားကျသွားလို့ အခန်းထဲမှာလည်း တစ်ယောက်တည်း ကျန်ခဲ့ရော ပက်လက်လဲနေတဲ့
လူမမာဟာတာဝန်ကျသူနာပြုကို တောင်းပန်ပါတော့တယ်။ ဟိုလူမရှိတော့တဲ့နောက် ပြတင်းဘေးကခုတင်
ပေါ်ကို သူ့ကိုပြောင်းပေးဖို့ပေါ့။
         သူနာပြုဆရာမလည်းသဘောမနောကောင်းစွာပဲ ပက်လက်လဲနေတဲ့လူမမာကို ပြတင်းနားကခုတင်
ပေါ်ကိုပြောင်းပေးလိုက်ပါတယ်။ အားလုံးနေရာကျပြီဆိုမှ သူနာပြုဆရာမလည်း ထွက်ခွာသွားပါတယ်။အခန်း
ထဲမှာတော့ လူမမာတစ်ယောက်တည်းကျန်ရစ်တော့တယ်။ သည်အခါမှာတော့လဲနေတဲ့ လူမမာဟာ
တံတောင်ဆစ်ကိုအားပြုလို့ ဖြည်းဖြည်းချင်းအားယူပြီး ထလိုက်တယ်။အနာခံပြီး ထနိုင်သလောက်ထလိုက်
တယ်။ ပြတင်းပေါက်ကနေ အပြင်လောကကိုကြည့်ချင်လှပြီလေ။
          ဂရုတစိုက်  အားယူထပြီးပြတင်းကနေ အပြင်ဘက်ကိုအလောသုံးဆယ် လှမ်းကြည့်လိုက်တယ်။
လားလား........
မြင်လိုက်ရတာက ဘာဆိုဘာမှမရှိတဲ့ ဆေးရုံနံရံကြီးပါ။ ဘယ်လိုဖြစ်တာလဲ။ သွားလေသူပြောတော့ သာယာ
တဲ့ရေကန် နဲ့ လှပတဲ့ပန်းခြံဆို။ ဒါနဲ့ပက်လက်လဲနေတဲ့သူဟာလည်းစိတ်ပျက်ပျက်နဲ့ ခုတင်ပေါ်ကို ပြန်လှဲနေ
လိုက်ရင်း ဟိုလူဘာကြောင့် သူ့ကိုအဲသလိုပြောသွားတာလဲဆိုတာကို တနုံ့နုံ့တွေးနေမိတယ်။
          မနေနိုင်တော့တဲ့ အဆုံးမှာတော့ အဲသည်အချိန်မှာသူ့ကိုဆေးတိုက်ဖို့ဝင်လာတဲ့သူနာပြုဆရာမလေး
ကိုမေးမိတယ်။  သူနာပြုဆရာမကပြန်ဖြေပါတယ်။ သွားလေသူဟာမျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက်
ပြတင်းပေါက်ကကြည့်ရင် ဆေးရုံတံတိုင်းကိုတောင် မမြင်နိုင်ရှာဘူးတဲ့။ သူနာပြုဆရာမကဆက်ပြောပါတယ်။
....အင်း....သူကရှင့်ကိုအားပေးချင်တဲ့ စိတ်နဲ့ အဲသလိုပြောသွားတာနေမှာပေါ့ရှင်...တဲ့.......။
             သည်ဇာတ်လမ်းမှာတော့ ကိုယ့်အခြေအနေဘယ်လောက်ဆိုးဆိုး တစ်ဖက်သားကိုကူညီတတ်တဲ့
ပြတင်းဘေးကလူရဲ့ စိတ်နှလုံးဟာအတုယူစရာကောင်းပါတယ်။
အားလုံးပဲသည်ဇာတ်လမ်းလေးတွေကိုဖတ်ပြီး စဉ်းစားစရာလေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်မိပါတယ် ။
အတ္တကျော်(အလင်းတန်းဂျာနယ်)
ပျော်ရွှင်နိုင်ကြပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
♪♪ စဉ်းစားစရာလေးများ ♪♪
Labels:
ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့                                                                         
ဘ၀မှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ကြုံရမှာက လူတိုင်းပါ ။
အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာ
သေချာပါတယ် ။ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့ အရှုံးထဲက သင်ခန်းစာကို
လက်လွတ်မခံကြနဲ့နော် ။
ဘာမှမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားစေနဲ့နော်
ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ ။ စိတ်အလို ၊ငါစွဲ ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့
သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ဆတ်တတ်တတ်ဖြစ်
သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမှမဟုတ်တဲ့
သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ ။ငါ့နှယ့်ကွာ ၊
မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်မှ တွေးမိနေတာထက်စာရင် သံယောဇဉ် ကိုတန်ဖိုးထားပြီး
ကွဲလွဲမှု အသေးအမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ 
သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။
အမှားတစ်ခုကျုးလွန်လိုက်မိတိုင်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်းကြိုးစားပါတော့                        
တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ၊မှားမှန်းသိသိချ
င်း
ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါပဲနော် ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့
နေပျော်တဲ့ဘ၀ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ ။
 ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိပါစေ                                                 
လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့သတ္တ၀ါဆိုတာတော့ မှန်တယ် ။
ဒါပေမဲ့ တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက် တည်းနေကျင့်လေးရှိနေ
ဖို့လိုတယ် ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်သုံးသပ်၊
မသုံးသပ်လည်း တွေးချင်ရာတွေးနေဖို့ အချိန်လေးပေါ့ ။
ကိုယ့် အသိပညာကိုမျှဝေပေးပါ                                                                                                                
ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ ။
ကိုယ်သိတာ ၊ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊
ကိုယ့်ကို လူတွေတသသ ဖြစ်လေလေပါပဲ ။ လူသေပေမဲ့ နာမည်မသေဆိုတာ
အဲသလို မိမိရဲ့ အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ ကျမှ ဖြစ်တတ်တာမျိုးပေါ့။
တစ်နှစ်မှာ တစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ                 
ဒါကတော့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ် မှာချည်း ဖိစီးတင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ် ။
ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေ ကိုခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ
တစ်နှစ်တစ်ခါလောက် သွားပေးခြင်းဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ် ။
ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ်ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကိုတိုင်းတာပါ
အောင်မြင်မှုကို လူတိုင်းခံစားဖူး
ကြပါလိမ့်မယ်။
  အောင်မြင်မှုကြောင့်
ဘ၀င်တွေလည်း လေဟပ်ဖူးကြလိမ့်မယ် ။
ဒါပေမဲ့ အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို
 ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက်
ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘ၀င်မြင့်ချင်တဲ့ရောဂါကိုလည်း အလိုလိုကုပြီးသား
ဖြစ်သွားမှာပါ ။ 
ကျွန်တော်ကိုယ်တိုင်လည်း သည်အကြောင်းအရာလေးတွေကို      
 ကြိုက်နှစ်သက်လို့ အလင်းတန်းဂျာနယ် ကနေ ပြန်လည်မျှဝေပေးလိုက်တာပါ ။
လူတိုင်းအတွက် တစ်နည်းမဟုတ် တစ်နည်းတော့ အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
အားလုံးပျော်ရွှင်နိုင်ကြပါစေနော် 
                                                                    ခင်တဲ့(အိမ်မက်ကောင်းကင်) 
                                         မှတ်ချက် ။         ။ ပုံကို Google မှ ကူးယူသည် ။
♪♪ ပထမတန်းစား ဖြစ်ချင်ပါသလား ♪♪
Labels:
ပါမောက္ခဟာ အနုဇီဝဗေဒ ကျောင်းသား (၃၀) ရဲ့ရှေ့မှောက်မှာ မတ်တတ်ရပ် နေပါတယ် ။
နောက်ဆုံးစာမေးပွဲအတွက် မေးခွန်းလွာတွေကို ဝေလုဆဲဆဲအချိန်လေးမှာပေါ့ ။
" အခုစာသင်နှစ်မှာ တပည့်တို့ရဲ့ သင်တန်းဆရာအဖြစ် ဆောင်ရွှက်ခွင့်ရခဲ့တာ ဆရာအင်မတန်မှ ၀မ်းသာမိပါတယ် ။
အခုဖြေရတော့မယ့် စာမေးပွဲအတွက် တပည့်တို့ ဘယ်လောက်ထိ ကြိုးစားပြင်ဆင်ထားခဲ့ကြသလဲ ဆိုတာ ဆရာ
အသိဆုံးပါ  ။ တပည့်တို့ထဲက အများစုဟာ ဆေးကျောင်းကို ဆက်တက်ဖို့ စိတ်ကူးနေကြသလို တစ်ချို့တွေကလည်း ဇီဝဗေဒ
ပညာကိုပဲ ရေဆုံးရေဖျား လေ့လာဆည်းပူးကြဖို့ ရည်ရွယ်ထားကြမှန်းလည်း ဆရာသိထားပါတယ် ။ "
မေးခွန်းလွှာတွေမဝေခင်မှာ ပါမောက္ခက သူ့တပည့်တွေကို နှုတ်ခွန်းဆက်စကားဆိုနေတာပါ ။ သူက ဆက်ပြောပါတယ် ။
" တပည့်တို့တစ်တွေ အခုစာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ အတွက် ဘယ်လောက် အပင်ပန်းခံထားကြရသည် ၊
ဘယ်လောက်ကြိုးစားထားခဲ့တယ် ဆိုတာ ဆရာအသိဆုံးပါ ။ တစ်နှစ်စာ သင်ခဲ့သမျှတွေကို ကျေညက်နေကြမှန်းလည်း
ဆရာသိတယ် ။ လိုရင်းပြောမယ်ဆိုရင် အခုစာမေးပွဲကိုတောင် စစ်နေစရာတောင် မလိုလှပါဘူး ။ ဒါကြောင့် အခုဖြေမဲ့
စာမေးပွဲကို မဖြေဘူးဆိုရင်တောင် ဆရာ အမှတ်ကို(ခ) အဆင့်ထိပေးဖို့ ဆရာ ရည်ရွယ်ထားတယ် ။ ဆိုလိုတာက သည်စာမေးပွဲကို
မဖြေဘဲနဲ့ ကို (၇၅)မှတ် အလိုလိုရမယ်လို့ပြောချင်တာပါ ။အဲသည်တော့ မဖြေချင်သူများရှိရင် အခုပဲထပြန်နိုင်ကြပါပြီ ......"
ပါမောက္ခရဲ့ စကားအဆုံးမှာတော့ စာမေးပွဲအတွက် ပူပန်နေကြတဲ့ ကျောင်းသားများရဲ့ သက်ပြင်းချသံကို ပီပီပြင်ပြင်ကြားလိုက်
ရပါတော့တယ် ။ ကျောင်းသားတော်တော်များများဟာ ထိုင်နေရာက ကမန်းကတန်း ထလိုက်ကြပြီး ပါမောက္ခကို ကျေးဇူးတင်
စကားပြောကြပါတယ် ။ ပြီးတော့ စာဖြေခန်းထဲကနေ ထွက်သွားကြပါတော့တယ် ။
ပါမောက္ခက သူ့အခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ လက်တစ်ဆုပ်စာ ကျောင်းသားတွေကို ကြည့်လိုက်ပြန်တယ် ။
" မဖြေချင်တဲ့သူများ ကျန်ဦးမလားမသိဘူး ။ အခုစာမေးပွဲကို မဖြေလည်းအောင်မှတ် မက (၇၅) မှတ်ထိကိုပါ ပေးမယ်လို့
ဆရာပြောပြီးသားနော် ။ ဒါနောက်ဆုံးအခွင့်အရေးပဲ ။ တပည့်တို့အထဲက မဖြေဘဲ သွားချင်တဲ့သူရှိရင် သွားနိုင်တယ် ... "
ပါမောက္ခရဲ့ စကားကြောင့်နောက်ထပ် ကျောင်းသားတစ်ယောက်လည်း မဖြေပဲ အခန်းပြင်ကိုထွက်သွားပါတော့တယ် ။
ချုပ်လိုက်တော့ လူ(၃၀) ရှိတဲ့အတန်းမှာ နောက်ဆုံးစာမေးပွဲကို ဖြေဖို့ ကျန်ရစ်သူ ဟာ (၇) ယောက်တည်းရယ် ။
သည်(၇) ယောက်ပဲကျန်တော့မှ ပါမောက္ခက အခန်းတံခါးကို ပိတ်လိုက်ပြီး ကျန်ရစ်တဲ့ကျောင်းသား(၇)ယောက်ရဲ့
အမည်စာရင်းကို ရေးမှတ်ပါတယ် ။ပြီးတော့မှ နောက်ဆုံးစာမေးပွဲအတွက်မေးခွန်းလွာတွေကို လိုက်ဝေပါတော့တယ် ။
မေးခွန်းစာရွက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ တော့ ကျောင်းသားတွေဟာ ၀ါကျလေး သုံးကြောင်းသာ တွေ့ရပါတယ် ။
" ချီးကျုးပါတယ် တပည့်ရယ် ။ တပည့်ဟာ အခုစာမေးပွဲမှာ အမှတ်(၁၀၀)အပြည့်နဲ့အောင်မြင်သွားပါပြီ ။
ဘ၀တစ်လျှောက်လုံးမှာလည်း အခုလိုပဲ မိမိကိုယ်ကို ယုံယုံကြည်ကြည် ရှိနေနိုင်အောင် အားထုတ်ပါတော့တဲ့ "
သည်ဇာတ်လမ်းလေး ကို ကျွန်တော် " အတ္တကျော် ရဲ့(နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်) ဆိုတဲ့
စာအုပ်လေးမှ ဘလော့အကို အစ်မတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ ။သည်ဇာတ်လမ်းလေးရဲ့ အဓိက အကြောင်း
ရင်းကတော့ မိမိကိုယ်ကို ယုံယုံကြည်ကြည် ရှိနေနိုင်အောင် အားထုတ်ဖို့ပေါ့ ။
စိတ်ပညာရှင်တွေကဆိုပါတယ် ။ နှစ်နှစ်သားလောက်ရောက်ပြီတာ နဲ့ မိမိကိုယ်ကို ယုံကြည်မှုက (၅၀)ရာခိုင်နှုန်းရှိလာပါပြီတဲ့ ။
ခြောက်နှစ်သားလောက်ကျရင် (၆၀) ရာခိုင်နှုန်းတိုးလာပြီး ရှစ်နှစ်သားကျရင်တော့ (၈၀)ရာခိုင်နှုန်းအထိတောင် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုက တက်လာပါသတဲ့ ။ အဲတော့ စာဖတ်သူများရော ကလေးတစ်ယောက်လိုအရာရာကို အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့
ခွန်အားတွေ ဘာလို့မရှိနိုင်ရမှာလဲ နော် ။
တစ်ခုမမေ့ဖို့က လောကမှာ မလုပ်နိုင်တာ၊မသင်နိုင်တာ ၊မမှတ်သားနိုင်တာ၊ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပါပဲ ။ မလုပ်တာ၊
မသိတာ၊မသင်တာ ၊မမှတ်သားတာ ၊အားမထုတ်တာသာရှိပါတယ် ။
အဲသည်တော့ ဘယ်သူယုံယုံ၊မယုံယုံ ကိုယ့်ကိုယ်ကိုယ်ယုံဖို့က အဓိကပါ ။
ကိုယ့်ကိုယ်ကိုယုံကြည်ဖို့အတွက် ပိုက်ဆံပေးရတာမှ မဟုတ်တာ
ယုံကြည်လိုက်စမ်းပါ ..................
                                                                       အားလုံးပျော်ရွှင်နိုင်ပါစေနော်
                                                                       ခင်တဲ့(အိမ်မက်ကောင်းကင်)
♫♪ ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ ♫♪
Labels:
နင် ငါ့ကို ထားခဲ့ပြီး အခြားနေရာကို ထွက်သွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး . . .
အထူးသဖြင့် ငါ့ကိုချန်ထားခဲ့ပြီးပေါ့ ။ နင်ဘယ်ကိုထွက်သွားမလဲ ဆိုတာ ကို ကြိုသိခဲ့မယ်ဆိုရင် နင်ထွက်သွားမဲ့
တံခါးပေါက်ကို ငါကြိုတင်ပိတ်ထားခဲ့မှာပေါ့ . . . . . .
အခုတော့  - - - - - -- - -- - -- - -- - -- -- - -- - -- - -- -- - -- - - -- - - -- --
အချိန်ကား ည ၁၁ နာရီကျော်လေပြီ . .
သုန်တစ်ယောက် မအိပ်သေးပဲ အခန်းတွင်းတွင် ထိုင်၍ ပြတင်းပေါက်မှ လှမ်းမြင်ရသော လမင်း ၀ိုင်းဝိုင်းလေးကို
ငေးကြည့်ရင်း အတိတ်က အကြောင်းများကို ပြန်လည် တွေးတော မြင်ယောင်နေမိလေတော့သည် ...........
နေမင်းကြီးသည် မြူနှင်းလေးတွေဖုံးလွမ်းနေသော လှပတဲ့ တောင်တန်းလေးများကြားထဲမှ သူဧ။် တာဝန်ကို
ထမ်းဆောင်ရန် အားမာန်အပြည့်နဲ့ထွက်ပေါ်လာသကဲ့သို့ လူသားများသည်လည်း တာဝန်ကိုယ်စီဖြင့်
မိမိ အလုပ်ခွင်သို့ ၀င်ရောက်ကြကုန်သည် ။ သုန်တစ်ယောက်လည်း အလုပ်သို့သွားရန် အိမ်မှထွက်ခွာလာလေပြီ ။
သူမ နာမည်အရင်းမှာ တော့ ၀သုန်မိုးပါ ။ သူငယ်ချင်းတွေက သုန် လို့ ပဲခေါ်ကြတယ်လေ ။ အခုတော့
ကျောင်းပြီးသွားပြီဖြစ်လို့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ်နေပါတယ် ။ ဖိုးပြည့်ဆိုတဲ့ ကောင်လေးဟာလည်း
သုန်နဲ့ အတူ အဲကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြတာပေါ့ ။ သုန် တို့ နှစ်ယောက် ကအရမ်းချစ်ကြတဲ့ ချစ်သူတွေပေါ့ ။
သူက သုန် ကိုအရမ်းလည်းဂရုစိုက်ပါတယ် ။ သုန်အပေါ်လည်း အမြဲအလိုလိုက်တတ်ပါတယ် ။ ပြီးတော့ ဖိုးပြည့်မှာ
အရမ်းထူးချွန်တဲ့ သူတစ်ယောက်ဖြစ်သလို ရုပ်ရည်မှာ လည်းချောမောသူဖြစ်တဲ့ အတွက် သုန် လည်း ဖိုးပြည့်ကို
အရမ်းချစ်ခဲ့မိပါတယ် ။ သုန်တို့ နှစ်ယောက်လုံး ကျောင်းပြီးလို့ အလုပ်မှာ အတူတူဝင်လုပ်ဖြစ်ရင်း တစ်ယောက်
အပေါ်တစ်ယောက် သံယောဇဉ်တွယ်ခဲ့ မိကြတာပါ ။ သုန်တို့ နှစ်ယောက် ရုံးဆင်းပြီဆိုရင် အိမ်ကိုအတူတူ
ပြန်ကြတယ်လေ ။ သူက သုန်ကို အိမ်ထိရောက်အောင် လိုက်ပို့ပေးပြီးမှ သူပြန်နေကြလေ ။
သုန်အပေါ် ဒီလိုဂရုစိုက်တတ်တဲ့ ချစ်သူလေးရတာ အရမ်းကံကောင်းတာပဲလို့ သုန်အမြဲတမ်းတွေးနေမိတယ် ။
သုန် တို့ နှစ်ယောက် ဟာအရမ်းလိုက်ဖက်တာပဲ လို့ သူငယ်ချင်းများပြောတော့ သုန် အရမ်းပဲကြည်နူးမိခဲ့တယ် ။
သုန် စိတ်ထဲမှာလည်း သူဟာ သုန် ရဲ့ဖူးစာရှင် ပဲ လို့ မှတ်ယူခဲ့တယ် ။ နောင်တစ်ချိန် ဘ၀ခရီးလမ်းကို
သူမနဲ့ အတူလက်တွဲသွားမဲ့သူဟာလည်း ဖိုးပြည့်ပဲဖြစ်မယ်လို့ ထင်ခဲ့တာပေါ့ ။ သုန်တို့က ကျောင်းနေကတည်းက
တစ်ယောက်အပေါ် တစ်ယောက် အရမ်းသံယောဇဉ်ရှိခဲ့ကြတာလေ ။ ဒါပေမဲ့ သုန်နှလုံးသား ကျွန်းခံနေတော့
သုန်ဆီကို ဆိုးဝါးတဲ့ ကံကြမ္မာမုန်တိုင်းကျရောက်လာခဲ့ပါတော့တယ် ။ တစ်ရက်မှာပေါ့ သုန်တို့နှစ်ယောက် ထမင်း
အတူစားနေချိန်မှာ သူ့သူငယ်ချင်းလာလည်လို့ကမန်းကတမ်း ထလိုက်သွားလိုက်တယ် ။ အဲချိန်မှာ ဖုန်းသံလေးက
ထမြည်လာပါတယ် ။ သူမရှိတော့ သူ့ရဲ့ဖုန်းကို ကောက်ကိုင်ပေးလိုက်ပါတယ် ။
ဟဲလို မောင်လားတဲ့ ......
ဘုရားဘုရား ကိုယ်ပဲနားကြားမှားတာလားပေါ့ ...
ဘယ်သူနဲ့ပြောချင်တာလဲရှင်လို့ သုန်မေးလိုက်တော့ မောင်နဲ့ပြောချင်တာပါလို့ ဖုန်းထဲကကောင်မလေးကပြန်ဖြေ
လိုက်တယ် ။ ဖုန်းမှားနေတယ်ထင်တယ်လို့ပြောလိုက်တော့ မမှားပါဘူး ဒါမောင့်ဖုန်းပါတဲ့ . ... အခုပြောနေတာက
ဘယ်သူလဲဆိုပြီး သုန် ကိုတောင်ပြန်မေးလိုက်သေးတယ် ။ သုန်လဲ ပြောလိုက်ပါတယ် သူ့ရုံးက မိတ်ဆွေပါလို့
သူက သူငယ်ချင်းလာလို့အပြင်ခဏထွက်သွားတယ် ခဏမှပြန်ခေါ်လိုက်ပါလို့ ဖြေလိုက်သည် ။
၁၀ မိနစ်လောက်ကြာတော့ ဖုန်းပြန်ဝင်လာပါတယ် ။ သူတို့ဘာတွေပြောနေကြတယ်ဆိုတာတော့ သုန်မသိလိုက်ဘူး ။
အဲသည်ဖုန်းလာပြီး ကတည်းက သုန်စိတ်ထဲမကြည်မလင်ဖြစ်နေမိတယ် ။
ဘာအကြောင်းကြောင့် မှန်းမသိပေမဲ့ ပွင့်ပွင့်လင်းလင်းရှိသင့်တယ်လေ ။ မကျေနပ်ချက်တွေ စိုးရိမ်သောက တွေ
သံသယတွေကို ရင်ထဲမှာ မြိုသိပ်ထားရင် စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်တဲ့ ။ ဖွင့်ထုတ်မပစ်တဲ့ ခံစားမှု
ဆိုတာ ဘယ်တော့မှ သေဆုံးတယ်မရှိဘူး နေမြင့်လေအရူးရင့်လေ ဆိုသလိုပဲပေါ့ တစ်ဖြည်းဖြည်းနဲ့
အစိုင်အခဲတွေဖြစ်ပြီး ပိုဆိုးလာဖို့ပဲရှိတယ်လေ ။ မကြိုက်တာရှိရင် မကြိုက်တဲ့ အကြောင်းပွင့်ပွင့်လင်းလင်း
ပြောရမယ်လေ ။ ဒါမှ တစ်ယောက်အပေါ်တစ်ယောက်နားလည်ပေးလို့ရမှာပေါ့ ....... လို့ စဉ်းစားနေမိလိုက်တယ် ။
အဲချိန်မှာပဲ ဖိုးပြည့်က မနက်ဖြန်ရုံးပိတ်ရက်အားလားတဲ့ သုန်ကိုမေးတယ် ။
ကိုယ်ချစ်တဲ့ သူ ခေါ်တာ မအားလည်းအားရမှာပေါ့ သုန်လဲသူ့နဲ့ အပြင်မှာတွေ့ပြီး စကားတွေအများကြီး
ပြောချင်တာပေါ့ ။ အားတယ် ဖိုးပြည့် သုန်တို့ ခါတိုင်းတွေ့နေကျနေရာလေးမှာ တွေ့ကြတာပေါ့ ။
နောက်တစ်နေ့ သုန်တို့နှစ်ယောက် ပန်းခြံထဲမှာ ချိန်းတွေ့ခဲ့ကြသည် ။ ပန်းခြံထဲတွင် အရာရာအားလုံးဟာ
တိတ်ဆိတ်နေပြီး ချစ်သူနှစ်ဦးခွဲရမည်ကို ကြိုသိနေသယောင် ပန်းခြံထဲရှိ ဌက်ကလေးများမှာ အလွမ်းသီချင်းများကို
သီကြူးနေလေသည် ။ သုန်ဘယ်တော့ကမှ မထင်ထားခဲ့တဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတယ် ။
အဲစကားကိုကြားတော့ သုန် နားထဲကို သံရည်ပူတွေလောင်းထည့် လိုက်သလိုပဲအောက်မေ့ရတယ် ။
သုန် ရင်တွေပေါက်ကွဲမတတ်ခံစားရတယ် ။ သုန် ကိုယ်တို့ လမ်းခွဲရအောင် ကိုယ့်ကို မေ့လိုက်ပါတော့တဲ့ .....
ဘယ်လောက် ခါးသီးလိုက်တဲ့ စကားလဲ ။ တော်တော့ ဖိုးပြည့် ငါသိပြီ ။
ငါက နင်အခုတွဲနေတဲ့ ကောင်မလေးလောက်လှချင်မှ ငါလှမယ် ဒါပေမဲ့ ငါနင့်အပေါ်ထားခဲ့တဲ့ ချစ်ခဲ့တဲ့
စိတ်က သူ့ထက် အပြန်တစ်ရာမက သာတယ် ဆိုတာ နင်မှတ်ထားလိုက်ပါ ။
ဒါပေမဲ့ နင်သည်လို ဘာဖြစ်လို့ လမ်းခွဲစကားပြောရတာလဲဆိုတာကိုတော့ ငါနားလည်အောင်ရှင်းပြသင့်တယ် ။
ဖိုးပြည့် ငါနင့်ကိုအရမ်းချစ်တယ် နင်လဲ ငါ့ကိုအရမ်းချစ်ခဲ့တာပဲလေ ။
ဒါပေမဲ့ ဒီလိုမျိုးစကားကို နင်မို့လို့ လွယ်လွယ်နဲ့ပြောရက် တယ် ဟာ............
ပြောရင်း သုန် ပါးပြင်မှာ မျက်ရည်စီးကြောင်းများနဲ့ ပြည့်နေတယ် ။
သုန် ငါ့ကို ခွင့်မလွတ်ပါနဲ့ ။ ဘယ်တော့မှ ခွင့်မလွတ်ပါနဲ့ ။ ငါ့ကိုမုန်းလိုက်ပါ .........
ငါလည်း နင့်ကိုအရမ်းချစ်ခဲ့ပါတယ် ။ ငါ့မှာ ဘယ်လိုမှ ပြင်လို့မရတဲ့ အမှားတစ်ခု ငါကျုးလွန်မိခဲ့တယ် ။
ငါ့ကိုနားလည်ပေးပါ ငါတောင်းပန်ပါတယ် သုန်ရယ် ။ ငါကောင်မလေး တစ်ယောက်နဲ့ ရှုပ်ခဲ့မိတယ် ။
သူက နှလုံးရောဂါသည် လေးပါ ။ အခုသူ့မှာ ငါနဲ့ ရတဲ့ ရင်သွေးလေးလည်း သူ့စီမှာ ရှိနေပြီ ။
ငါယောကျာင်္းပီသချင်တယ် သုန် .....
ငါလူတွေထဲက လူပီသတဲ့ သူတစ်ယောက်ဖြစ်ချင်တယ် ..........
ယောကျာင်္းကောင်းတစ်ယောက်ဖြစ်ချင်တယ် ........
တော်ပါတော့ ဟာ ငါသဘောပေါက်သွားပါပြီ ငါ့ကိုနောက်ထပ်ထပ်မပြောနဲ့တော့
သည်ထက်ပြောနေရင် ငါခံစားနိုင်မှာ မဟုတ်တော့ဘူး .....
သုန် မိန်းကလေးချင်း ကိုယ်ချင်းစာပါတယ် ဖိုးပြည့် ကိုလည်း လူပီသစေရမယ် .....
ဖိုးပြည့် ဖြစ်စေချင်တဲ့ အတိုင်း ဖိုးပြည့်အနားမှာ သုန်လုံးဝမရှိစေရပါဘူး .....
အားလုံးနဲ့ အဝေးဆုံးကို သုန် ထွက်သွားပေးမှာပါ  ...........
နှုတ်ဆတ်ခဲ့ပါတယ် ဖိုးပြည့်ရယ် ..........
နင်တို့ နှစ်ယောက်ရဲ့ အနာဂတ်လမ်း ကိုဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ လျှောက်လှမ်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်တယ်နော် ....
အဲဒါငါ့ရဲ့ မင်္ဂလာလက်ဖွဲ့လေးပဲ .........
(သုံးလခန့် ကြာသော်)
သုန်ဆီ ဖိတ်စာလေးတစ်စောင်ရောက်လာခဲ့ပါတယ် ။
ထင်ပြီးသားပါ (မောင်ဖိုးပြည့်စုံ နဲ့ မဖူးဖူး) တို့ဧ။် မင်္ဂလာဧည့်ခံပွဲတဲ့
မင်္ဂလာပွဲလေးကို လာဖြစ်အောင်လာပေးပါ သုန်တဲ့ .......
စိတ်ချပါ ငါလာဖြစ်အောင်လာခဲ့ပေးပါ့မယ် .......
ဧည့်ခံပွဲလေးမှာပေါ့ ပြုံးပျော်ရွှင်နေတဲ့ ဖိုးပြည့်တို့နှစ်ယောက်ကိုကြည့်ရင်း .......
သုန်မှာ လူမသိအောင် မျက်ရည်လေး တစ်ပေါက်ကျခဲ့မိတယ် ........
အော် အချစ်အချစ်...........သူများတွေအတွက်တော့ အချစ်ဆိုတာ ရယူခြင်းလား ပိုင်ဆိုင်ခြင်းလားမသိပေမဲ့
သုန် အတွက်တော့ အချစ်ဆိုတာ စွန့်လွတ်အနစ်နာခံခြင်းတွေနဲ့ ........... သုန် အချစ်ရဲ့
ဟိုးးးးးးးးးးး အခြားတစ်ဖက်မှာ ........ ပေးဆပ်ခြင်းတွေနဲ့ပဲဇာတ်သိမ်းခဲ့ရတယ် .........
မှတ်ချက် ။          ။ မမမြတ်နိုးသူက အမှတ်တရ ရေးပေးတဲ့ဇာမ်းလေးတစ်ပုဒ်ပါ ။
မမမြတ်နိုးသူ လက်စွမ်းပြတာလေးကို ခံစားသွားကြဦးနော် :P
အားလုံးပျော်ရွှင်နိုင်ကြပါစေ . . . . . . .. .. . ..
                                                                            ခင်တဲ့(အိမ်မက်ကောင်းကင်)
♥♥ ဟာသပုံလေးများ(၈) ♥♥
Labels:
ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်                             
 ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း တွန်းအား ပေးတဲ့အတွက် ကိုယ်တွင်း လမ်းလျှောက် လေ့ကျင့်ခန်းလို့ ခေါ်ဆိုနိုင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် လိုမာလင်ဒါ တက္ကသိုလ်မှ ပညာရှင်တွေရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ်။
အဲဒီလေ့လာမှုမှာ ပါဝင်သူတွေကို ဟာသ ကားတွေ မိနစ် ၂၀ ကြာ ကြည့်ခိုင်းပြီးနောက် နေ့စဉ် ဗာဟီရတွေကို ဆက်လက် လုပ်ဆောင်စေတဲ့အခါ ၎င်းတို့မှာ စိတ်ဖိစီးမှု ဟော်မုန်း၊ သွေးဖိအားနဲ့ ကိုလက်စထရောတို့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ရယ်မောခြင်းဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ မလွယ် တဲ့ အသက်အရွယ်ကြီးမြင့်သူတွေမှာ ရယ်မောခြင်းဟာ အရေးပါကြောင်း ဆရာဝန်တွေက ဆိုပါတယ်
သည်လေးကို    ကျွန်တော်လည်း ကျန်းမာရေးဆိုဒ်မှာ ဖတ်လိုက်ရတာပါ ။ အဲဒါကြောင့် ကျန်းမာရေးနှင့်
ညီညွတ်အောင် အောက်ကပုံလေးတွေကို ကြည့်ရင်း ရယ်မောသွားကြဦးနော် ။ကျန်းမာရေး ပေါ့ :P
ပုံတွေကိုလည်း ခါတိုင်းလို Facebook မှ စုစည်းတင်ပြထားတာပါ . . . . . .. . .. . . .
Breaking News တဲ့ :P
နောက် ပြောင်းခြင်းရဲ့ အကျိုးကျေးဇူးပေါ့ ^_^
အဝေးသင်ပြောင်းချင်လို့တဲ့ ကောင်းရော :P
ပရိတ်သတ်ကြီးများ ခင်ဗျား ကျွန်တော့်ကို ကျေးဇူးပြုပြီးတော့ မတ်တပ်ရပ်ပြီးတော့ ထိုင်ပေးလို့ရမလား :P
ဘယ်ပုံဆွဲဆွဲ သူ့ အစွယ် ကိုပါထည့်ဆွဲနေတာ ဟိ သူ့အမြင်ပဲလေ :P
မားနတ်မောင်တော့ လုပ်ချလိုက်ပြန်ပြီ :P
ဒါကတော့ အားလုံးသိကြမှာပါ ၀ါကာ ၀ါကာ ပေါ့ ဟဲ
"ကျောင်းသားဘ၀မှာ ရီစရာအကောင်းဆုံးအချိန် "
ဟိ သူ့အဖေကနောက်လည်း နောက်တတ်တယ်
တော်တော် အလိုက်သိတဲ့ ဆရာနဲ့တပည့်လေးပေါ့
ခွိခွိ
သည်ဆံပင်ညှပ်ဆိုင်မှာ ညှပ်ချင်တယ်ဆိုတဲ့ သူများ ပြောနော် လိပ်စာပေးလိုက်မယ် :P
ကြားတယ်နော် ကိုယ့်အကြောင်းကိုယ်သိ :P
Yes All Right This Is The အမှန်တရား ဟဲဟဲ
ကမ္ဘာကျော်အဆိုအမိန့် များပါ မှတ်သားသွားကြဦးနော် :P
ခေတ်ဖေဖေဆိုတာ သည်လိုပါတဲ့ ^_^
ဒေါင်းလုပ်ဆွဲရတာ ကြာလို့တဲ့ ပုံစံလေးပြောင်းကြည့်လိုက်တာ အဟိ
အိမ်မက်ကောင်းကင်သို့ လာရောက်လည်ပတ်သူများအားလုံး ပျော်ရွှင်ကြပါစေနော် . . . .
                                                                                                               ခင်တဲ့(အိမ်မက်ကောင်းကင်)
♣♣ ၀က်ခြံ အကြောင်းသိကောင်းစရာ ♣♣
Labels:
ဝက်ခြံ အဓိက ဖြစ်ပေါ်လာခြင်းသည် မွေးညှင်းပေါက်လေးများ ပိတ်ဆို့ရာမှ
ဖြစ်ပေါ်လာခြင်းဖြစ်ပါသည် ။ အဆီအိတ်ဂလင်း များမှ ထုတ်လိုက်သော
အဆီလေးများသည် ပုံမှန်အခြေအနေတွင် အရေပြားမျက်နှာပြင်
(Skin Surface) ပေါ်သို့ ထွက်လာလေ့ရှိပါသည် ။ ထိုအချိန်တွင်
အဆီပြွှန် ပိတ်နေပါက ထွက်ပေါက်ပိတ်သွားပြီးနောက် ဘတ်တီးရီးယားများ
စတင်ပွားများလာနိုင်ပါသည် ။ ထိုမှ တစ်ဆင့် ၀က်ခြံများ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ဝက်ခြံအဖြစ်များသောနေရာများမှာ မျက်နှာ ၊ ရင်ဘတ် ၊ကျော ၊ပုခုံး နှင့် လက်ပြင်တို့ ဖြစ်သည် ။
အပျိုဖော်ဝင်စနှင့် လူပျိုဖော်ဝင်စ အချိန်များတွင် သာမန်ထက်လွန်ကဲသော ဟော်မုန်းများဧ။်
လှုံ့ဆော်မှုကြောင့် ၀က်ခြံဖြစ်နိုင်ချေ ပိုများပါသည် ။ ထိုလှုံ့ဆော်မှုသည် လူအများစုအတွက် အချိန်နှင့်အလိုက်
လျှော့နည်းပြီးနောက် ပျောက်ကွယ်သွားလေ့ရှိသည် ။ ထို့ကြောင့် ၀က်ခြံသည် အချို့လူများတွင် အသက်နှစ်ဆယ် ကျော်ချိန်တွင်
စတင်၍ပျောက်ကွယ်ခြင်း သို့မဟုတ် လျော့နည်းခြင်းများဖြစ်ပေါ်လာသည် ။သို့သော် ၀က်ခြံပျောက်ကင်းသော အချိန်အားတိကျစွာ
မခန့်မှန်းနိုင်ပေ။ တစ်ချို့သော လူများသည် အသက် (၃၀) နှင့် (၄၀) ကျော်သည့်တိုင်အောက် ၀က်ခြံများ ပျောက်ကင်းမသွားသည်ကို
တွေ့ရှိရပေသည် ။
ဝက်ခြံဖြစ်ပေါ်ရခြင်းအကြောင်း                                                                                                               
အချို့လူများတွင် ၀က်ခြံဖြစ်ပေါ်ရခြင်း၊ အချို့သူများတွင် ၀က်ခြံမဖြစ်ခြင်းအကြောင်းများကို တိတိကျကျမသိသေးသော်ငြားလည်း
အများအားဖြင့်အောက်ဖော်ပြပါ အချက်များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည် ။
(၁) ဟော်မုန်းလှုပ်ရှားမှု ရှိခြင်း ၊ ဥပမာအားဖြင့် အပျိုဖော်ဝင်စ နှင့်လူပျိုဖော်ဝင်စအချိန် နှင့် မိန်းကလေးများရာသီလာချိန်
(၂) စိတ်ဖိစီးမှုများခြင်း ၊ ဟော်မုန်းဓာတ်များခြင်း
(၃) အဆီ ဂလင်းများလွန်ကဲစွာအလုပ်လုပ်ခြင်း
(၄) ဆဲလ်သေများ စုပုံလာခြင်း
(၅) ချွေးပေါက်ထဲရှိ ဘတ်တီးရီးယားပိုးမွှားများကြောင့်ခန္ဓာကိုယ်တွင် Allergy ဖြစ်လာခြင်း
(၆) အရေပြားကျိန်းစပ်ခြင်း သို့မဟုတ် တစ်နေရာရာသို့ ကုတ်မိ၍ ရောင်ရမ်းခြင်း
(၇) ကြွက်သား ကြီးထွားစေသော ဆေးများ အသုံးပြုခြင်း
(၈) Halogens (iodides, chlorides, bromides)lithium, barbiturates, androgens အစရှိသည်များ ပါဝင်သော
ဆေးဝါးများ အသုံးပြုခြငး
(၉) Chlorine compound များစွာနှင့် ထိတွေ့မှုရှိခြင်း ၊ထို compound ထဲတွင် အထူးသဖြင့် Chlorinated dixoins သည်
ဆိုးဝါးသော ၀က်ခြံ၊ ကာလကြာရှည်စွာ မပျောက်သော ၀က်ခြံများအားဖြစ်ပေါ်စေသည် ။
ဝက်ခြံ ဖြစ်လျှင် ဆောင်ရန်၊ ရှောင်ရန် အချက်များ                                                                                
(၁) နံနက်ခင်း နေရောင်ခြည်သည် ၀က်ခြံရောဂါပိုးများကို သေစေနိုင်ခြင်း၊
အရောင်ကျစေခြင်းတို့ကြောင့် ၀က်ခြံ ရှိသူများ နေထွက်ပြီး(၂) နာရီ အတွင်း
တစ်နေ့လျှင် မိနစ်(၃၀) ခန့် နေရောင်ခြည်ခံယူသင့်ပါသည် ။
(၂) ၀က်ခြံပေါက်နေသူများသည် နွားနို့ နှင့် နို့ထွက် ပစ္စည်းများ ကိုခေတ္တရှောင်ကြဉ်သင့်ပြီး
ဝက်ခြံပျောက်မှ ပြန်စားသင့်သည် ။
(၃) ၀က်ခြံ ပေါက်နေသူသည် ပြည့်ဝ ဆီကြော် အစားအစာများနှင့် မုန့်မျိုးစုံ ကိုလည်းရှောင်ကြည်သင့်သည် ။
Omega 3 ပါဝင်သော အစားအစာ(ရေချိုငါး၊သံလွင်ဆီ၊ငါးကြီးဆီ) များသည် အထူးသင့်သော အစားအစာများဖြစ်သည် ။
(၄) ၀က်ခြံဖြစ်နေပြီဆိုပါက အဓိက ဂရုစိုက်ရန်အချက်မှာ ညင်သာစွာမျက်နျာသစ်ပေးဖို့ဖြစ်ပါသည် ။
အဘယ်ကြောင့်ဆိုသော် မျက်နှာသစ်နည်း မမှန်ပါက ၀က်ခြံအား ဆွပေးသကဲ့သို့ ဖြစ်စေနိုင်သည့် အပြင် ၀က်ခြံများ ပိုမိုပွားများ
လာနိုင်သောကြောင့် ဖြစ်ပါသည် ။
(၅) မမှည့်သေးသော ၀က်ခြံများကို ညှစ်ခြင်းမှ ရှောင်ကြည်သင့်ပါသည် ။
Acneal ၀က်ခြံပျောက်ဆေးမှ ပြန်လည်တင်ပြသည် ။
အိမ်မက်ကောင်းကင်သို့ လာရောက်လည်ပတ်သူများအားလုံး ၀က်ခြံပေါက်ခြင်းမှ ကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ :P
Related Posts Plugin for WordPress, Blogger...javascript:void(0)