အချစ်ဆိုတာ......

Labels:

 အချစ်ဆိုတာ(1)....


ကောင်လေးတစ်ယောက် စီဒီခွေရောင်းတဲ့ဆိုင်တစ်ဆိုင်ထဲ ၀င်လာတော့ ကောင်တာနောက်က မိန်းကလေး
တစ်ယောက်ကို တွေ့သွားတယ်။
သူမကပြုံးပြတယ်။ ကောင်လေးကသူမြင်ဖူးတဲ့ အပြုံးတွေထဲမှာ အလှပဆုံးအပြုံးတစ်ခုလို့တွေးမိပြီး သူမကို
ချက်ချင်းပဲ ချစ်သွားမိခဲ့တယ်။
သူက ''အော်..အဲ အင်း ကျွန်တော်စီဒီတစ်ချပ်ဝယ်ချင်လို့ပါ" လို့ပြောတယ်။ သူကငွေစက္ကူတစ်ရွက်ကို အိတ်ထဲကထုတ်ပြီး ကောင်မလေးကိုခွေဖိုးပေးလိုက်တယ်။
"စီဒီခွေ ကိုပါကင်ထုပ်ပေးရမလားလို့ကောင်မလေးက မေးတယ်"
သူမကမေးရင်း သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးကို နောက်တစ်ကြိမ် ပြုံးပြလိုက်တယ်။ သူကခေါင်းညိတ်လိုက်
တယ်။ သူမကဆိုင်နောက်ကို သွားတယ်။
ပြန်လာတော့ ပါကင်ထုပ်ထားတဲ့ စီဒီခွေပါလာပြီး သူ့ကိုပေးလိုက်တယ်။ သူကစီဒီခွေကို ယူပြီးစတိုင်းဆိုင်က
ထွက်လာခဲ့တယ်။ သူအိမ်ကိုပြန်သွားခဲ့တယ်။ အဲဒီအချိန်ကစလို့ သူဟာအဲသည်စတိုးဆိုင်ကို နေ့စဉ်နေ့တိုင်း
သွားပြီးစီဒီတစ်ချပ်ဝယ်ပါသည်။ သူမကလည်းစီဒီခွေကို သူ့အတွက်ပါကင်ထုပ်ပေးလိုက်တယ်....။
           သူကစီဒီခွေကို အိမ်ယူလာပြီး သူ့ရဲ့ ဗီရိုထဲမှာသိမ်းထားလိုက်တယ်။ သူက သူမကို သူနှင့်အတူ အပြင်ထွက်လည်ဖို့ ပြောရမှာ အရမ်းရှက်ကြောက်နေဆဲပါ။ သူကအမှန်တစ်ကယ်ပြောချင်ပေမဲ့ မပြောနိုင်ခဲ့
ဘူး။ သူ့အမေကသည်အကြောင်းသိသွားပြီး သူမကိုအပြင်မှာ ဖိတ်ခေါ်ဖို့အကြောင်း သူ့ကိုပြောလိုက်တယ်။
           ဒါကြောင့်နောက်တစ်နေ့မှာ သူဟာသူ့မှာ ရှိသမျှသတ္တိတွေကိုစုပြီး စတိုးဆိုင်ကိုသွားခဲ့တယ်။
နေ့တိုင်းလုပ်သလိုစီဒီခွေတစ်ချပ်ကို ၀ယ်လိုက်တယ်။ သူမကလည်းဆိုင်နောက်ကိုသွားပြီး ပါကင်ထုပ်ထားတဲ့
စီဒီခွေနဲ့ပြန်ရောက်လာတယ်။ သူကစီဒီခွေကိုယူလိုက်တယ်။ အဲသည်အချိန်မှာသူမက ကြည့်မနေပါဘူး။
ကောင်လေးကသူ့ရဲ့ဖုန်းနံပါတ်ကို စားပွဲပေါ်မှာထားရစ်ပြီးပြေးသွားပါတယ်....။
          'ကလင်'..'ကလင်'..'ကလင်'
အမေကဖုန်းကိုင်ကိုကောက် ကိုင်ပြီးပြောလိုက်တယ် ။
"ဟဲလို"
ဖုန်းဆက်သူက အဲသည်မိန်းကလေးလေ။
သူမကကောင်လေးကို မေးလိုက်တယ်။ အမေကစတင်ငိုကြွေးပြီး ပြောလိုက်တယ်။'သမီး' မသိဘူးလား။သား
မနေ့ကပဲဆုံးသွားတယ်လေ...
          ကောင်လေးမိခင်ရဲ့ ငိုကြွေးသံ ကလွဲပြီး ဖုန်းထဲမှာတိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။
ထိုနေ့နောက်ပိုင်းမှာအမေက သူ့သားကိုသတိရတာမို့ သားရဲ့အခန်းထဲကို ၀င်လာတယ်။သားရဲ့အ၀တ်အစား
တွေကိုအရင်ကြည့်မယ်လို့ စဉ်းစားလိုက်တယ်။ ဒါကြောင့်အ၀တ်ဘီရိုကိုဖွင့်လိုက်တယ်။ စီဒီခွေအပုံလိုက်
အထပ်လိုက်ကို သူမတွေ့လိုက်ရတယ်။ စီဒီခွေတစ်ချပ်ကို ယူပြီးအိပ်ယာပေါ်ကိုထိုင်ချလိုက်တယ်။ ပါကင်ထုပ်
ထားတဲ့ စီဒီခွေတစ်ချပ်ကို ဖွင့်ကြည့်လိုက်တယ်။ သူမအထုပ်ထဲကစီဒီခွေကိုယူလိုက်တော့ စာရွက်ပိုင်းလေး
တစ်ခုအပြင်ကိုထွက်ကျလာတယ်။
စာထဲမှာရေးထားတာက 'ဟိုင်း..မင်းကတစ်ကယ်ပဲချစ်စရာကောင်းတယ်လို့ငါ ထင်တယ်။ မင်းငါနဲ့အတူ
အပြင်ထွက်လည်ချင်သလား။ ချစ်တယ်ကောင်လေး.....လို့ရေးထားတာကိုသူမတွေ့လိုက်ရတယ်။
အမေကနောက်ထပ် ဒီဒီတစ်ချပ်ကို ပါကင်ဖွင့်လိုက်တယ်။
ဒီတစ်ကြိမ်မှာလည်း စာရွက်အပိုင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ စာရွက်ထဲမှာရေးထားတာကတော့ 
'ဟိုင်း..မင်းကတစ်ကယ်ပဲချစ်စရာကောင်းတယ်လို့ငါ ထင်တယ်။ မင်းငါနဲ့အတူ
အပြင်ထွက်လည်ချင်သလား။ ချစ်တယ်ကောင်လေး.....တဲ့.......
ဆက်ဖတ်ရန်

0 comments:

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)