လမ်းမသိသော ယင်ကောင်.....
Labels:
        မီလ်ခရော့(ဖ)စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်ရှိနေသည်။ ထင်းရှူးပင်များကြားမှာ ပုန်းလျှိုး
တည်ရှိသည့် ငြိမ်းချမ်းသော်နေရာကလေး။
       သို့သော် ကျွန်တော်နှင့်သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတမျှ အမောတကော ကြိုးပမ်းရုန်း
ကန်နေသံ တစ်ခုကျွန်တော်ကြားလိုက်ရသည်။
      ယင်ကောင်လေးတစ်ကောင်ပြတင်းမှန်ချပ်ကို ဖောက်ထွက်နိုင်၇န် အသည်းအသန်ကြိုးစားနေခြင်းပင်။ သူ့
ခန္ဓာကိုယ်မှာ ရှိသမျှစွမ်းအားကို ဖြစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စအတွက် သူဖြုန်းတီးနေသည်။
      ညံသထက်ညံလာသည့်တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်း
လမ်းစဉ်ကို ဖော်ပြနေသည်။ ကြိုးစား၊ မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား၊ ဟူသောလုံ့လ၀ါဒ
လမ်းစဉ်။ သို့သော်လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ။
      အသည်းအသန်ကမူးရှုးထိုး ကြိုးစားနေခြင်းကြောင့် သူ့အတွက် လွတ်လမ်းပေါ်မလာ။ ရှင်သန်မည့်
အလားအလာလည်းစိုးစဉ်းမျှ မမြင်၇။ စင်စစ် မစဉ်းမစားအားထုတ်နေမှုကြောင့်ပင် သည်ထောင်ချောက်
အတွင်းမှသူထွက်မရခြင်းဖြစ်သည်။ သူမည်မျှပင်ပို ကြိုးစားအာထုတ်သော်လည်း ပြတင်းမှန်ချပ်ကို ကား
ဖောက်ထွက်လာနိုင်စရာအကြောင်းမရှိ။
      မည်သို့ပင်ဖြစ်စေ၊ယင်ကောင်လေးကတော့သူ့ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသက်
ပင်သေသေ ဟူသော်စိတ်ဓာတ်မျိုးဖြင့် ကျားကုတ်ကျားခဲ အားထုတ်ရုန်းကန်သွားနေသည်။
သေပွဲဝင်ရမှာ သေချာလျက်ရှိသည်။
     စင်စစ်၊အခန်းတစ်ဖက်ခြမ်း သည်မှန်ပြတင်းမှ ခြေဆယ်လှမ်းခန့်အကွာတွင် တံခါးတစ်ခုသည် ဟင်းလင်း
ပွင့်လျက်ရှိသည်။ သုံးလေးစက္ကန့် ပျံသန်းရုံဖြင့်ပင်ယင်ကောင်ငယ်သည်သူမျှော်လင့်တောင့်တသည့် ပြင်ပ
ကမ္ဘာသို့ လှစ်ခနဲရောက်ရှိသွားနိုင်သည်။ သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေး
နားကာဘေးဘီသို့ အသာလှည့်ကြည့်ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့် လှောင်ချိုင့်အတွင်းမှ သူ
လွတ်မြောက်သွားနိုင်၏။
       မှန်နံရံကို ဖောက်ထွင်းနိုင်သောအခွင့်အလမ်းသို့မဟုတ် သည်အခန်းတွင်းမှလွတ်မြောက်နိုင်သော 
အခွင့်အလမ်း သည်ထိုအနီးအနားလေးမှာပင် ရှိနေ၏။ သိသူအတွက်ကားလွယ်ကူလှဘိသည်။
       ဇွဲကြီးလှသော် ထိုင်ယင်ကောင်သည် အဘယ်ကြောင့် နောက်တစ်မျိုးပြောင်းပြီး ကြိုးစားရကောင်းမှန်း
မသိခဲပပါသနည်း။ သူရွေးချယ်ခဲ့သည့် တစ်ခုတည်းသော်နည်းလမ်းကိုအဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ စွဲ
နေရသနည်း။ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲ လုပ်ခြင်းသည်သာ အောင်မြင်မှုရရန် အသေချာဆုံး
ဖြစ်သည်ဟု အဘယ်ကြောင့် သည်မျှ စွဲလမ်းယုံကြည်နေရသနည်း။ သေချင်သေပါစေသည်နည်းလမ်း
အတိုင်းပဲစွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူသော စိတ်သည်ဘယ်သို့ သောကျိုးကြောင်းဆင်ခြင်မှုမျိုးမှ 
ပေါ်ပေါက်ခဲ့သနည်း။
       ယင်ကောင်အနေနှင့်တော့ သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင် ကျိုးကြောင်းသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်
ဖြစ်နေပါမည်။ သို့သော်ဝမ်းနည်းဖွယ်ကောင်းသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်သည် အသက်ဆုံး
ရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုးလုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။
       ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက်သည့်ထက် ပိုကြိုးစား၊ ဟူသောနည်းသည် အမြဲသင့်တော်
မှန်ကန်သည့်အဖြေနည်းလမ်းမဟုတ်ပါ။ သည်ဝါဒတစ်ခုတည်းကိုအားကိုးပြုထားရုံဖြင့် သင်၏ဘ၀ရည်မှန်းချက် တွေထမြောက်အောင်မြင်လိမ့်မည်ဟု စိတ်ချယုံကြည် မရပါ။ စင်စစ် သည်လမ်းစဉ်
ကို တရားသေကိုင်စွဲခြင်းကြောင့်ပင် ပြသာနာတွေ ရင်ဆိုင်လာရနိုင်ပါသည်။
      နည်းလမ်းကို ပြန်လှန်သုံးသပ်မှု မပြု ၊ပြုပြင်ပြောင်းလဲရန်လည်းမကြိုးစား ၊ ၀ီရိယကိုအမြင့်ဆုံး တင်နိုင်လျှင် ရှိသမျှ အတားအဆီး ကို ဖောက်ထွက်ကျော်လွားနိုင်ရမည် ဟူသော အစွဲဖင့်ချည်း လုပ်ကိုင်
သွားမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင် မိမိဘာသာဖျက်ဆီးပစ်မိနိုင်
ပေသည်။ကြိုးစားပါလျှက် ဖောက်ထွက်မရသည့် အခါတိုင်း ယင်ကောင်ကိုသတိရလိုက်ပါ... ဆတ်ဖတ်ရန်
0 comments:
Post a Comment
တစ်ခုခုတော့ရေးသွားပါလား
Related Posts Plugin for WordPress, Blogger...javascript:void(0)