♥♥♥ လွဲခဲ့သော ဆုံမှတ်တစ်ခု ♥♥♥

Labels:


အိပ်လည်းမအိပ်ချင် ၊ ပိုစ့်မတင်တာလည်း ကြာနေတော့ စိတ်ကူးရှိရာလေး ဇာတ်လမ်းတိုတစ်ပုဒ်ကိုချရေးလိုက်တယ် . . . . 
ဇာတ်လမ်းလေးကို ဖတ်ပြီး ဝေဖန်သွားကြဦးနော် . . . . :D


ဖုန်းသံလေးက မြည်လာသည် . . . . .
ဖုန်းလေးကို ယုဇင် ကောက်ကိုင်လိုက်သည် . . . . .
ဟဲလို . . . . .
ပိုင်ပိုင် ။     ။ ငါနင့်ကိုပြောစရာရှိလို့ . . . . .
ယုဇင် ။     ။ နင်ပြောစရာရှိတာပြောလေ . . . .
ပိုင်ပိုင် ။     ။ ငါထွက်သွားရတော့မယ် . . . . .
ယုဇင် ။     ။ ကျေးဇူးပြုပြီး နင်ဘယ်မှထွက်မသွားပါနဲ့ ၊ ငါ့ကိုထားမသွားပါနဲ့ ၊ ငါနင့်ကိုတစ်ကယ်ချစ်တာပါ .
                 နင်ဘာတွေလုပ်နေတယ်ဆိုတာ ငါနားမလည်တော့ပါဘူး . . . . .
ပိုင်ပိုင် ။     ။ ငါအဝေးကြီးကိုထွက်သွားရတော့မယ် ၊ ငါ့အမေက ပညာသင်ဖို့ ငါ့ကို ဟိုးအဝေးတစ်နေရာကို
                 ပို့တော့မှာ . . . . .
ယုဇင် ။     ။ ငါနင့်ကိုမပေးသွားစေချင်ဘူး ပိုင်ပိုင်ရာ (၀မ်းနည်းစွာဖြင့်)
ပိုင်ပိုင် ။     ။ ငါလည်းဘယ်သွားချင်မှာလဲ ဒါပေမဲ့လည်း ငါ့အမေပြောတဲ့အတိုင်းငါသွားရတော့မှာ
                 မသွားခင် ငါနင်နဲ့တွေ့ချင်တယ် ယုဇင် ....  အခုကော်တွေ့လို့ဖြစ်မလား . . . . .
ယုဇင် ။     ။ အင်း ငါအခုခိုးထွက်လာခဲ့မယ် ပန်းခြံထဲမှာတွေ့မယ်လေ . . . . .
ပိုင်ပိုင် ။     ။ ကောင်းပြီလေ ငါစောင့်နေမယ်နော် ယုဇင် . . . . .

သူတို့နှစ်ယောက် ဟာပန်းခြံထဲမှာတွေ့ကြတယ် ။ ပန်းခြံလေးကလည်း ချစ်သူနှစ်ယောက်ခွဲရမည်ကို သိနေသည့်
အတိုင်းပင် တိတ်ဆိတ်လျှက် ဌက်ကလေးများမှာ လည်းလွမ်းဆွတ်ဖွယ် သီချင်းများကို သီကြူးနေသည် . .
ယုဇင် မျက်နှာ ပေါ်မှာ မျက်ရည်လေး လိမ့်ဆင်းသွားသည် ။
ယုဇင် ။     ။ နင်ငါ့ကို မထားသွားနဲ့လား ပိုင်ပိုင် . . . . .(ငိုကြွေးလျက်....)
ပိုင်ပိုင် ။     ။ ကျေးဇူးပြုပြီးတော့ မငိုပါနဲ့လား ယုဇင်ရယ် ..... ငါသွားရတော့မယ်လေ

ပိုင်ပိုင်မှာ ယုဇင် ကိုကျောခိုင်းလျက် အသင့်စောင့်နေသော ကားလေးဆီသို့ထွက်ခွာလာခဲ့သည် . . . . . .
မသွားခင် ပိုင်ပိုင်မှာ ယုဇင်ကို စာလေးတစ်စောင်ပေးသွားခဲ့တယ်
ယုဇင်လည်း အိမ်ရောက်ရောက်ချင်း ပိုင်ပိုင်ပေးသော စာလေးကို ဖတ်လိုက်သည် ........

ငါနင့်ကို အမှန်အတိုင်းပြောဖို့ စာနဲ့ရေးပြီးပေးလိုက်တာ ပိုကောင်းမယ်လို့ထင်လို့ ငါစာရေးပေးလိုက်တာပါ . .
တစ်ကယ်တော့ ငါနင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး . . . . .
ငါနင့်ကို အရမ်းမုန်းခဲ့တယ် . . . . .
ငါနင့်ကို ဘယ်တုန်းကမှလည်း ဂရုမစိုက်ခဲ့ဖူးပါဘူး . . . .
ငါ့ဘ၀မှာလည်း နင့်ကိုဘယ်တော့မှ မတွေ့ချင်တော့ဘူး . . . .  (ယုဇင်မှာ ရှိုက်ကြီးတငင်ငိုချလိုက်မိသည်)
ယုဇင် နင် သည်စာကြောင်းလေးတွေကို အရင်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ် . . . .
^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^

မချစ်ခဲ့ဘူး  =  အမြဲချစ်နေမယ်
မုန်းတယ်  =  ချစ်တယ်
ဘယ်တော့မှ  =  အမြဲတမ်း
မတွေ့ချင်ဘူး  =  အတူနီးချင်ပြီ

ဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုတာ နင့်ကိုအမြဲချစ်နေမယ်လို့ပြောတာပါ . . . .
နင့်ကိုအရမ်းမုန်းတယ်ဆိုတာလည်း နင့်ကိုအရမ်းချစ်တယ်လို့ ဆိုလိုတာပါ . . . .
နင့်ကိုမတွေ့ချင်ဘူးဆိုတာလည်း နင်နဲ့ အတူနီးချင်ပြီလို့ပြောတာပါ . . . .
နင်နဲ့ အတူနေဖို့ မကြာခင်ငါပြန်လာမှာပါ
နင်လည်း စိတ်ညစ်မနေနဲ့နော် အမြဲပျော်ပျော်ရွင်ရွင်နေနော်
နင့်ကိုအရမ်းချစ်တယ် . . . . .

(ထိုအခါမှ ယုဇင်ဧ။် မျက်နှာသည် ပြုံးရိပ်လေးသန်းလာပြီး စာလေးကိုသေချာခေါက်ကာ စာလေးကိုနမ်းရှိုက်
လိုက်ပြီး စာအုပ်ကြားထဲသို့ ထည့်လိုက်သည် ။
ယုဇင်မှာ စိတ်ပြေလက်ပျောက် ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲတွင် တီဗီ ထိုင်ကြည့်နေလိုက်သည် ။
ယုဇင်မှာ တီဗီကိုကြည့်နေရင်း ထိတ်လန့်ဖွယ် သတင်းတစ်ခုကိုတွေ့လိုက်ရသည် ။
ပိုင်ပိုင်စီးသွားသောကားမှာ လမ်းတွင် ကားအရှိန်လွန်ပြီး အလွန်နက်သည့် ချောက်တစ်ခုထဲသို့ ကျဆင်းသွားခဲ့သည် ။
ထိုကားတွင် စီးနှင်းလိုက်ပါလာသော ခရီးသည်များစွာ အသက်ဆုံးရှုံးကြောင်းကိုလည်း သိလိုက်ရသည် . . .
ယုဇင်မှာ ရှိုက်ကြီးတငင်ငိုနေလိုက်မိပြီး . . . . သူဧ။် အခန်းစီ သို့ ပြေးသွားခဲ့သည် ။
ဗီရိုထဲတွင် အသင့်ရှိနေသော ဆေးများကို သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်သည် . . . .
အသက်ဝိဥာဉ်ကင်းမဲ့စွာဖြင့် ကုတင်ပေါ်တွင် အိပ်နေပြီး လက်ထဲတွင် တော့ ပိုင်ပိုင်ရဲ့ဓာတ်ပုံလေးကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားသည် . . . .
အခန်းမှာ လည်း တိတ်ဆိတ်ငြိမ်သက်လျက် . . . .
အချိန်တန်တိတ်ဆိတ်ငြိမ်သက် နေရာမှာ အသက်ဝိဥာဉ်ကင်းမဲ့နေပြီ ဖြစ်သော သူမ ဧ။် ဘေးမှ လက်ကိုင်ဖုန်းလေးမှာ
ထမြည်လာသည် . . . . . ပိုင်ပိုင်ဆီမှ ပို့လိုက်သော Message တစ်စောင်ပါ . . . .
Message မှာရေးထားတာကတော့ . . . . .
နင်လည်း သည်သတင်းကြားမှာပါ ဒါပေမဲ့ နင်ဘာမှစိတ်မပူနဲ့
ငါဘာမှမဖြစ်ဘူး ငါအသက်ရှင်နေသေးတယ် . . . . .
တစ်နေ့ မှာ အတူနေနိုင်ဖို့ အတွက် ငါမကြာခင်ပြန်လာမှာပါ . . . .
နင်လည်း ကျန်းမာရေးဂရုစိုက်နော် . . . .
                                                        နင့်ကိုအရမ်းချစ်
                                                            ပိုင်ပိုင်

ပိုင်ပိုင်ပို့လိုက်သော message ကို ယုဇင် အဘယ်မှာ ဖတ်နိုင်တော့မည် နည်း . . . . . . .

နှစ်အနည်းငယ်ကြာသော အခါ . . . . .
ပိုင်ပိုင်မှာ ပညာ သင်ပြီး အိမ်ပြန်လာခဲ့သည် . . . .
ချစ်သူလေးကိုလည်း တွေ့ချင်နေပြီ ဖြစ်သော ကြောင့် လမ်းခရီးမှာ ပင် ပျော်ရွှင်နေမိသည် . . . . .
စိတ်တွေ အလွန်လှုပ်ရှားနေမိသည် . . . . .
ရောက်ရောက်ချင်း ယုဇင်ဧ။် မိဘများထံမှ အဖြစ်မှန်ကိုသိလိုက်ရသော အခါ . . . . .
ပိုင်ပိုင်မှာ ၀မ်းနည်းစွာ ထွက်သွားခဲ့သည် . . . . .
ရက်အနည်းငယ်ကြာသောအခါ လမ်းထိပ် ရှိအပင်အောက်တွင်
နို့ဆီခွက်လေးကို လည်ပင်းမှာ ဆွဲထားပြီး သနပ်ခါးပါးကွက်ကျားလေး နှင့် အသိဥာဉ်ကင်းမဲ့နေပြီး ရူးသွပ်နေသော
ပိုင်ပိုင်ကိုတွေ့လိုက်ရသည် ။ သူဧ။် လက်ထဲတွင်လည်း ကောင်မလေး အရုပ်တစ်ရုပ်ကို ယုယ စွာထွေးပိုက်ထားပြီး
ပါးစပ်မှ စကားလုံးတစ်လုံးကို အဆက်မပြတ် ရွတ်ဖတ်နေလေသည် . . . . .

ယုဇင် . . . . . ယုဇင် . . . . .ယုဇင် . . . . . ယုဇင် . . . . .


14 comments:

  1. အော် အချစ်ကြောင့် ရူးသွားတာတောင် နာမည်လေးတော့မှတ်မိရှာသေးတယ်နော် ။
    ဇာတ်လမ်းလေးကောင်းပါတယ် အားပေးလျက်

  1. စိတ်မကောင်းစရာ ဇာတ်လမ်းလေးဖတ်သွားတယ်။ စိတ်ကူးကောင်းပါတယ်။

  1. လွဲခဲ့တဲ့ဆုံမှတ်တစ်ချို့နဲ့..

  1. ဇာတ်လမ်းကောင်းလေးကို အားပေးခဲ့ပါတယ်...
    ခင်တဲ့
    လေပြေချို

  1. မြတ်နိုးသူ(MUFL) said...:

    အားပေးသွားပါတယ်နော်
    ဇာတ်လမ်းလေးကကောင်းတယ်နော်

  1. နွေလ said...:

    ဒီထက်ပိုပြီး စီကာပတ်ကုံး ရေးလိုက်ရင်
    ဒီထက်ပိုပြီး စာသားတွေ တိုးချဲ့ရေးလိုက်မယ်ဆိုရင်
    အများကြီး ခံစားရစေမှာပါ
    အချို့နေရာလေးတွေမှာ မြန်မြန်နေသလို ခံစားရတယ်
    ဇာတ်လမ်းလေး ဖန်တီးထားတာ ကြိုက်ပါတယ်
    စိတ်ကူးလေး အရမ်းကာင်းပါတယ်
    ကျွန်တော် အကောင်းဆုံး အကြံပေးတာပါ
    ( ဆရာကြီး မဟုတ်ပါဗျာ )

  1. အန်တီလေးမေခင် said...:

    ဇာတ်လမ်းကောင်းလေးဖန်တီးထားတာနော်
    ဆက်လည်းဇာတ်လမ်းကောင်းလေးတွေရေး
    နိုင်သားနိုင်ပါစေကွယ်။အားပေးလျှက်
    ခင်တဲ.အန်တီလေးမေခင်

  1. ၀မ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းလေးပါလား...(အချစ်ကြောင့် တကယ်ကို ရူးသွပ်သွားတဲ့သူတွေပေါ့နော်)

  1. အားပေးခဲ့ပါတယ်

  1. Phyu Lwin said...:

    ခေတ်သစ်ရိုမီယိုနဲ့ ဂျူးလိယက်လားလို့ ..ကောင်းပါတယ်.အားပေးလျက်ပါ မောင်လေးရေ ..။

  1. kiim said...:

    ဟယ်.. ရူးသွားတာပေါ့.. သနားပါတယ်..
    စာရေးဆရာက ဘာလို့ ရူးခိုင်းလိုက်တာလဲ..ဟွန်း
    အကောင်းတိုင်းပြန်ဆုံခိုင်းလိုက်တာမဟုတ်ဘူး..
    (နောက်တာနော်..ချိတ်ချိုးနဲ့ .. ) :P

  1. စိတ်ကူးကောင်းမွန်စွာရေးဖွဲ့ ထားတဲ့ 

    ဇာတ်လမ်းလေးကိုအားပေးသွားပါတယ်

  1. ဇာတ်လမ်းလေးက လိုရင်း တိုရှင်းနဲ့ ကောင်း၏ ... ထပ်မံ မွမ်းမံခြယ်သလိုက်ရင်တော့ ပိုပြည့်စုံသွားမည် ထင်ပါသည် မောင်လေးရေ ... (မမအကြံပေးကြည့်တာနော် ... ) ... :)

  1. Anonymous said...:

    အချစ်ရူးပေါ့

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)