♥♥♥ ထင်သလောက်မဆိုးတဲ့ လောက ♥♥♥

Labels:



  • ကျွန်တော်နဲ့ အတူ စာဖတ်ဝါသနာ ပါတဲ့ အစ်ကို ၊ အစ်မ များကို
  • ဖတ်လို့ ကောင်းတဲ့ စာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။
  • တစ်ကယ်လို့သာ ကမ္ဘာ့လူဦးရေ ကို လူတစ်ရာပဲ အတိအကျရှိနေတဲ့
  • ရွာကလေးတစ်ရွာ အဖြစ်လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား
  • မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့ ။
  • လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက် ၊ ဥရောပတိုက်သားက (၂၁) ယောက်
          အနောက်တိုင်းသားက (၁၄) ယောက်နဲ့ ၊ အာဖရိကတိုက်သားက (၈) ယောက်ရှိနေလိမ့်မယ် ။

  • အဲ . . . အဲဒီတစ်ရာမှာ အမျိုးသမီးက (၅၂) ယောက်နဲ့ အမျိုးသားက (၄၈) ယောက်အချိုး ရှိနေပြန်သတဲ့ ။
  • လူဖြူက (၃၀) ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ ၊ ကျွန်တော်တို့ အာရှတိုက်သားတွေလို အညိုတွေ၊ အ၀ါတွေက
         (၇၀) တောင်ရှိမယ် ။  
  • အလားတူပဲ ခရစ်ယာန်ဘာသာဝင်က ၃၀ ဖြစ်ပြီး ခရစ်ယာန်မဟုတ်တဲ့ တစ်ခြား ဘာသာအသီးသီးကို
  • ကိုးကွယ်ယုံကြည်သူက (၇၀) ရှိမယ်လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ် ။
  • အဲ . . . လိင်ကွဲကိုမှ စုံမက်တတ်သူ(ယောကျာင်္း ကမိန်းမကိုပဲ ကြိုက်တာ ၊မိန်းမကလည်း ယောက်ကျားကိုပဲ ကြိုက်တာ)
  • က (၈၉) ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှအကြိုက်ကျသူ (မိန်းမလျာ ၊ယောကျာင်္းလျာ)က (၁၁) ယောက်
  • ရှိနေပါတယ် ။
  • အဲဒီ တစ်ရာထဲကမှ (၆) ယောက်ဟာ ကမ္ဘာ့ကြွယ် ၀မှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားမှာဖြစ်ပြီး ၊ အဲသည်ခြောက်ယောက်စလုံးဟာ
  • အမေရိကန်နိုင်ငံက ဖြစ်နေသတဲ့ ၊ အယောက်(၈၀) ကတော့ အိမ်နဲ့ ယာနဲ့ ကျကျနန နေနိုင်သူတွေမဟုတ်ပဲ ဖြစ်သလိုနေတဲ့ သူတွေတဲ့ ။
  • တစ်ရာမှာ (၇၀) မှာ စာမဖတ်တတ်ဘူး ။ ပြီးတော့ (၅၀) က အာဟာရချို့တဲ့ နေတယ် ။ အစာရေစာ မ၀လင်ဘူးတဲ့ ။
  • တစ်ရာမှာ တစ်ယောက်က သေလုမျှောပါး ဖြစ်နေသလို နောက်တစ်ယောက်လည်း မီးဖွားလုဆဲဆဲ ဖြစ်နေပြန်တယ် ။
  • ပြီးတော့ တစ်ရာမှာ တစ်ယောက်ဆိုတစ်ယောက်တည်းသာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ် ။
  • ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပျုတာကိုပိုင်ဆိုင်ပါတယ်တဲ့ ။
  • ဒါဟာ ကနေ့ ကမ္ဘာ့ လက်ရှိလူဦးရေ နဲ့ သက်ဆိုင်ရာ ကိန်းဂဏန်းများအချိုးအစားပါ ။ တစ်ရာနဲ့ ချိန်ပြောရင် အဲဒီအတိုင်းပဲ ထွက်ပါတယ် ။

  • အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့ အခါ လက်ခံနိုင်ဖို့ ၊ နားလည် ပေးနိုင်ဖို့နဲ့ ၊ ပညာကိုတန်ဖိုးထားဖို့ ဆိုတဲ့ အရေးကိစ္စတွေ ဟာ အင်မတန်အရေးကြီး
    တယ်ဆိုတာ သိသာထင်ရှားလှပါတယ် ။


  • ဒါတင်မကသေးပါဘူး ။အောက်အချက်အလက်တွေကလည်း တော်တော့်ကို စဉ်းစားစရာကောင်းလာပါလိမ့်မယ် ။
  • တစ်ကယ်လို့ စာဖတ်သူဟာ သည်မနက် အိပ်ယာကနေ ကျန်းကျန်းမာမာနဲ့ အိပ်ရာက နိုးထခဲ့မယ်ဆိုရင်
  • စာဖတ်သူဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးသွားရမဲ့ ကမ္ဘာ့ပေါ်က လူ (၁) သန်းထက် အများကြီး ပိုကံကောင်းနေတယ်မဟုတ်လား ။ 

  • စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို မခံစားဘူး ၊အကျဉ်းစံ ဘ၀မှာလည်း မနေဖူးဘူး ၊နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကိုလည်း
  • မခံစားခဲ့ဘူး ၊ ဒါမှမဟုတ်ငတ်မွတ်မှု ဒဏ်ကိုလည်းမခံစားခဲ့ဖူးဆိုရင်တော့ စာဖတ်သူဟာ အဲဒီ ဒဏ် တွေကို ခံစားခဲ့၊ ခံစားဆဲ ၊
  • ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀) ထဲမှာ မပါတဲ့ ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ် ။
  • ဘုရားကျောင်းကန် ၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း ၊ ၀တ်ပြု ဆောင် ၊ခန်းမ ၊ ဗလီစတာတွေကို စိတ်အေးလက်အေး
  • သွားနိုင်တယ်၊ အဲသလိုသွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံဆိုရင် စာဖတ်သူဟာ ကမ္ဘာမှာ အဲလိုမျိုးကို စိုးရိမ်တစ်ကြီး ဖြစ်နေရှာတဲ့
  • လူပေါင်း (၃) ကုဋာ ထက် ပိုကံကောင်းနေပါတယ် ။
  • စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူ ရှိနေတယ် ၊ ခါးပေါ်မှာ အ၀တ်လည်း ရှိတယ် ၊
  • အမိုးအကာအောက်မှာ ကျောခင်း စရာနေရာလေးတစ်ခု ရှိနေတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့
  • လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ် ။
  • ဘဏ်တိုက်ထဲမှာ ငွေကြေးလေးရှိတယ် ၊ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစကြေးစလေးတွေရှိနေတယ် ၊
  • အိတ်ထဲမှာလည်း ပိုက်ဆံအနည်းအကျဉ်းရှိတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့ မရှိမရှား လူတန်းစား (၈၀) ရာခိုင်နှုန်း
  • ထဲမှာ ပါတယ် လို့ မှတ်ယူနိုင်ပါတယ် ။
  • သည်အထဲမှာ မှ မိစုံဖစုံ လည်းရှိသေးတယ် ၊ အမေနဲ့ အဖေနဲ့ကလည်း အခုချိန်အထိ ပေါင်းနေကြသေးတယ်ဆိုရင်တော့
  • ကမ္ဘာ့ ရှားစာရင်းထဲမှာ တောင်စာဖတ်သူပါသွားပါပြိ ။

အခု ကျွန်တော်တင်လိုက်တဲ့ သည်ပိုစ့်လေးကို ဖတ်နေပြီဆိုရင် စာဖတ်သူဟာ
ကမ္ဘာ့ မှာရှိတဲ့ မရေးတတ် ၊မဖတ်တတ်ရှာတဲ့ လူပေါင်း နှစ်ကုဋာ ထက်
ကံကောင်းတဲ့ သူဖြစ်နေတာ အသေအချာပါ ။








မှတ်ချက် ။          ။  အတွေးသစ် ဂျာနယ်မှ ပြန်လည် ဖော်ပြသည် ။

                                                                                             ခင်မင်လေးစားစွာဖြင့် 
                                                                                            (အိမ်မက်ကောင်းကင်)

14 comments:

  1. ကံကောင်းတဲ့သူဆိုလို့ ဖတ်ရတာ ဝမ်းသာပါတယ်။

  1. Phyu Lwin said...:

    ကမ္ဘာ့ရှားပါးစာရင်းထဲမှာ ကိုယ်တိုင်ပါနေမှန်း သိလိုက်ရလို့ ဝေမျှပေးတဲ့ မောင်လေးကို ကျေးဇူးတင်ပါတယ် ;D

  1. ဟုတ်ပါ့..ကံကောင်းတဲ့သူဖြစ်မှန်းသိရတဲ့အတွက်ဝမ်းသာနေမိပါတယ်နော်.:P

  1. ကံကေင်းခြင်းတွေနဲ့ ပါလား

  1. နွေလ said...:

    ငါ တော်တော်ကြီး ကံကောင်းရှာပါကလား
    ဝေမျှပေးတာလေး ကျေးဇူးပါ ကိုအိပ်မက်ရေ
    ကမ္ဘာမှာ ကံကောင်းဆုံး လူတစ်ယောက်ကို
    ကိုယ့်ကိုယ်ကို ထင်မိသွားပါတယ်
    အများကြီး ဝေမျှနိုင်ပါစေ

  1. Anonymous said...:

    ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူလို့ သိလိုက်ရတာ ကျေးဇူးပါ အိမ်မက်ရေ .......

  1. mstint said...:

    ဒီလိုဆိုရင် ဝမ်းသာတဲ့သူထဲမှာ တီတင့်လည်းပါသွားပြီ အိမ်မက်ကောင်းကင်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. ကံကောင်းတဲ့ဘုန်း၂တောက်လည်း လာဖတ်သွားတယ်နော်...

  1. 3rdthameetaw said...:

    ကံကောင်းသူတစ်ယောက်အနေ နဲ့ 
    ရောက်ခဲ့တယ် ဖတ်ခဲ့တယ်

  1. စာလာဖတ်သွားပါတယ်..
    ချင်းမလေးလဲ ကံကောင်းသူထဲမှာပါသွားပီပေါ့နော်
    ပျော်စရာကြီး.. :)

  1. ကောင်းကင်ရေ..မကြီးရောက်ခဲ့တယ်နော်။ ကံကောင်းတဲ့ သူတွေထဲမှာ မကြီးလွမ်းလည်း
    ပါသွားပြီပေါ့နော်.

    ခင်မင်တဲ့
    မကြီးလွမ်း

  1. သက်ဆု said...:

    တို့လည်းကံကောင်းတဲ့သူတစ်ယောက်ဖြစ်သွားပြီပေါ့.....

    ကျေးဇူးပါ အိပ်မက်ရေ....

  1. Anonymous said...:

    ကံကောင်းသူဖြစ်ရပြီပေါ့

  1. Unknown said...:

    ကံကောင်းသူလေးဖြစ်ရင် သိပ်ကောင်းမယ်

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)