♪♪ စဉ်းစားစရာလေးများ ♪♪

Labels:

ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့                                                                         

ဘ၀မှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ကြုံရမှာက လူတိုင်းပါ ။
အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာ
သေချာပါတယ် ။ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့ အရှုံးထဲက သင်ခန်းစာကို
လက်လွတ်မခံကြနဲ့နော် ။




ဘာမှမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားစေနဲ့နော်

ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ ။ စိတ်အလို ၊ငါစွဲ ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့
သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ဆတ်တတ်တတ်ဖြစ်
သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမှမဟုတ်တဲ့
သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ ။ငါ့နှယ့်ကွာ ၊
မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်မှ တွေးမိနေတာထက်စာရင် သံယောဇဉ် ကိုတန်ဖိုးထားပြီး
ကွဲလွဲမှု အသေးအမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ 
သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။
 
အမှားတစ်ခုကျုးလွန်လိုက်မိတိုင်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်းကြိုးစားပါတော့                        


တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ၊မှားမှန်းသိသိချ
င်း
ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါပဲနော် ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့
နေပျော်တဲ့ဘ၀ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ ။
 
 
 ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိပါစေ                                                 

လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့သတ္တ၀ါဆိုတာတော့ မှန်တယ် ။
ဒါပေမဲ့ တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက် တည်းနေကျင့်လေးရှိနေ
ဖို့လိုတယ် ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်သုံးသပ်၊
မသုံးသပ်လည်း တွေးချင်ရာတွေးနေဖို့ အချိန်လေးပေါ့ ။
 
 
ကိုယ့် အသိပညာကိုမျှဝေပေးပါ                                                                                                                

ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ ။
ကိုယ်သိတာ ၊ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊
ကိုယ့်ကို လူတွေတသသ ဖြစ်လေလေပါပဲ ။ လူသေပေမဲ့ နာမည်မသေဆိုတာ
အဲသလို မိမိရဲ့ အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ ကျမှ ဖြစ်တတ်တာမျိုးပေါ့။
 
 
 
 
တစ်နှစ်မှာ တစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ                 
 
                 

ဒါကတော့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ် မှာချည်း ဖိစီးတင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ် ။
ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေ ကိုခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ
တစ်နှစ်တစ်ခါလောက် သွားပေးခြင်းဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ် ။
 
 
ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ်ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကိုတိုင်းတာပါ

အောင်မြင်မှုကို လူတိုင်းခံစားဖူး
ကြပါလိမ့်မယ်။
  အောင်မြင်မှုကြောင့်
ဘ၀င်တွေလည်း လေဟပ်ဖူးကြလိမ့်မယ် ။
ဒါပေမဲ့ အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို
 ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက်
ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘ၀င်မြင့်ချင်တဲ့ရောဂါကိုလည်း အလိုလိုကုပြီးသား
ဖြစ်သွားမှာပါ ။ 
 
 
ကျွန်တော်ကိုယ်တိုင်လည်း သည်အကြောင်းအရာလေးတွေကို      
 ကြိုက်နှစ်သက်လို့ အလင်းတန်းဂျာနယ် ကနေ ပြန်လည်မျှဝေပေးလိုက်တာပါ ။
လူတိုင်းအတွက် တစ်နည်းမဟုတ် တစ်နည်းတော့ အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
အားလုံးပျော်ရွှင်နိုင်ကြပါစေနော် 
                                                                    ခင်တဲ့(အိမ်မက်ကောင်းကင်) 

                                         မှတ်ချက် ။         ။ ပုံကို Google မှ ကူးယူသည် ။
 
 

19 comments:

  1. ဆုံးရှုံးမှုလဲခံစားဖူးတယ် အောင်မြင်မှုလဲ ခံစားဖူးတယ်
    ဆုံးရှုံးဖူးမှ အောင်မြင်တဲ့ အရသာပိုကောင်းတယ်လို့ခံစားရတယ်
    တစ်ယောက်ထဲလဲ နေတတ်အောင်ကျင့်ထားတယ်နော်
    ခင်မင်တဲ့ jasmine

  1. Yoemyaykya said...:

    တစ်ယောက်တည်းနေဖြစ်တဲ့အချိန်ကများတယ်ကောင်းကင်ရေ။
    ကိုယ်မရောက်ဖူးတဲ့ဒေသတွေကအများကြီးပဲ။ဘယ်မှသိပ်မရောက်ဖြစ်ဘူး။ဘယ်လိုလုပ်ရမလဲ။

  1. mstint said...:

    စဉ်းစားစရာ တပိုးတနင့် ဖတ်ရင်းစဉ်းစားသွားတယ် အိမ်မက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. "ငါဆိုတဲ့ အတ္တစိတ်ကလေးတွေရှိရင် ငါကိုယ်တိုင်အမှား လုပ်မိမှာပဲ" သီချင်းထဲကလိုပဲ အမှားကို ၀န်ခံဖို့က သိပ်ခက်ခဲတဲ့ကိစ္စတစ်ခုလို့ ထင်မိတယ်။

    တစ်ယောက်တည်းနေနေရပါတယ်။ (ဘုန်းကြီးဆိုတော့ ဟာ ဟ)

    ဒီဇင်ဘာလောက်ကျရင် ဗုဒ္ဓဂယာကို ထပ်သွားဦးမယ် (တကယ့်ကို အားသစ်လောင်းပေးတာပဲ)

    ခင်မင်တဲ့

  1. ဝေမျှမှု့တွေအတွက်ကျေးဇူးပါနော်

  1. အမှတ်တမဲ့ ဖြစ်နေတာလေးတွေကို မျှဝေပေးတဲ့ အတွက် ကျေးဇူးကမ္ဘာပါ အိပ်မက်ရေ...
    နောက်လဲ ဒိထက်မက မျှဝေနိုင်ပါစေနော်..
    ခင်မင်နေတဲ့..မိုးနတ်

  1. အင်း.. ဗဟုသုတ အများကြီးရပါတယ်...
    အမအတွက်တော့ စဉ်းစားစရာတွေက တော်တော့ကို
    များလာပြီ.. မောင်လေးပြောလိုက်လို့ .. :P

  1. တကယ်ကိုဖတ်သင့်စဉ်းစားသင့်တဲ့အချက်တွေပဲကွယ်..
    မျှဝေမှုအတွက်ကျေးဇူးတင်ပါတယ်။။

  1. ကောင်းကင်ရေ

    စာတိုပေစလေးတွေတွက် အရမ်းကျေးဇူးတင်ပါတယ်

    ကူးယူသွားပါတယ် သူငယ်ချင်းတွေကိုပြန်လည်မျှဝေချင်လို့ ပါ

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

  1. အန်တီလေးမေခင် said...:

    ကောင်းကင်ရေ

    တကယ်.ကိုစာပေဗဟုသုတတွေမျှဝေပေးထားတာဘဲ
    မျှဝေတဲ.အတွက်ကျေးဇူးပါ။
    ခင်တဲ.အန်တီလေးမေခင်

  1. မြတ်နိုးသူ(MUFL) said...:

    သံယောဇဉ် ကိုတန်ဖိုးထားပြီး
    ကွဲလွဲမှု အသေးအမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ
    သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။
    မှတ်သားစရာစကားလုံးလေးတွေမှတ်သားသွားပါတယ်မောင်လေးရေ

  1. Candy said...:

    မှတ်သားစရာလေးတွေ ဖတ်သွားတယ် မောင်လေးရေ :D

  1. Anonymous said...:

    ကြိုက်လွန်းလို့ Save လုပ်သွားတယ် ကိုအိမ်မက်ရေ
    Share တွေချည်းပဲ လုပ်နေပါလား
    ဝတ္ထုတိုလေးတွေလည်း လုပ်ပါဦး
    ဖတ်ချင်လို့ပါ

    အားပေးလျက်
    ညီ မောင်နွေလ

  1. ပြန်လည်မျှဝေတဲ့အတွက် ကျေးဇူးပါ။ မှတ်စရာရှိသည်များကို မှတ်သားသွားတယ်။

  1. ပြန်လည်မျှဝေတဲ့အတွက် ကျေးဇူးပါ။ မှတ်စရာရှိသည်များကို မှတ်သားသွားတယ်။

  1. Phyu Lwin said...:

    မှတ်သားစရာလေးတွေ ဖတ်မှတ်သွားတယ် မောင်လေးရေ

  1. Unknown said...:

    တကယ်ကိုမှတ်သားမိပါတယ်...

  1. Anonymous said...:

    ဒီဘလော့လေးကိုအရမ်းကြိုက်ပါတယ်..။ဟာသပုံလေးတွေကိုလဲနှစ်သက်သလို
    အားတက်ပြီးဗဟုသုတဖြစ်စေမယ့်စာလေးတွေကိုလဲကြိုက်ပါတယ်။
    ဆက်လက်အားပေးနေပါမယ်။

  1. Glory said...:

    စကားလုံးတွေကလုံးဝဟတ်ထိတယ်ကျေးဇူးပါပဲအိပ်မက်ရေရင်ထဲမွန်းကျပ်တာတွေပြေပျောက်ခဲ့ရပါတယ်Gloryအတွက်knowledgeတွေပါပဲ

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)