ဘလော့လေးကို အလှဆင်ကြရအောင်

Labels:

ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်လာပြီနော် တစ်နှစ်တစ်နှစ်ကုန်တာမြန်နေသလိုပဲ . . .
 နွေ၊မိုး၊ဆောင်း ထဲမှာ ကျွန်တော်ကတော့ ဆောင်းရာသီကို နှစ်သက်တယ် . . . 
ဒီဇင်ဘာလ ရောက်ပြီဆိုလျှင် လူတိုင်း၏စိတ်ထဲမှာ ခံစားမှုကိုယ်စီရှိကြတာပဲ . . . 
Christmas ဟူသော အင်္ဂလိပ်စကားလုံး ၉ လုံး သည် တခုစီ အဓိပ္ပါယ် ရှိတယ်။ 

Christmas စကားလုံးတလုံးချင်း၏အဓိပ္ပါယ် - - -

 C = Christ = ခရစ်တော် 
 H = Herod = ဟေရုဒ်မင်း
 R = Redeemer = ကယ်တင်ရှင်
 I = Israel = ဣသရေလ
 S = Sheepherd = သိုးထိန်းများ
 T = Three wise men = ပညာရှိသုံးပါး
 M = Manger = နွားစားခွက်
 A = Angel = ကောင်းကင်တမန်များ 
 S = Star = ကြယ်မင်းကြီး

သည်လို ချမ်းအေးလှတဲ့ ဒီဇင်ဘာလေးမှာ ဘလော့လေးကို လှလှပပ လေးထားချင်ရင်တော့
Christmas Template လေးတွေနဲ့ အလှဆင်လိုက်ကြရအောင် . . . .

(1) Christmas


သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။

(2) Pororo


သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။

(3) Xmas-crowd


သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။

(4)  Xmas



(5) Blue-Esate


သည် Template ကို လိုချင်ရင်တော့ သည်မှာ ယူလိုက်ပါ ။

အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးမှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ ......
ခင်တဲ့(အိမ်မက်ကောင်းကင်)

20 comments:

  1. Yoemyaykya said...:

    တစ်လပြည့်တော့ ကောင်းကင်ပြန်လာပီပေါ့။ အင်း template လေးတွေလှတယ်။

  1. Yoemyaykya said...:

    တစ်လပြည့်တော့ ကောင်းကင်ပြန်လာပီပေါ့။ အင်း template လေးတွေလှတယ်။

  1. mstint said...:

    အများသူငှာတို့အတွက် စေတနာလေးနဲ့ ဘလော့အလှဆင်နည်းလေး ဝေမျှသွားတဲ့ အိမ်မက်ကောင်းကင် တစ်ယောက် Christmas , New year တို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။ Christmas ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး မှတ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. တန်ပလိတ်လေးတွေလှတယ်

  1. cho cho chit said...:

    တစ်ခါမှမရောက်ဘူးလို့  အလည်လာသွားတယ်နော်..
    ပညာလေးတွေမျှတာ ကျေးဇူးပါ။။
    ခင်တဲ့ .. ချို

  1. ကျေးဇူးပါအိပ်မက်ရေ.................
    ကြီးဂျက်..

  1. ခရစ်စမတ်အဓိပ္ပယ်လေးတွေဖော်ပြလို့ကျေးဇူးတင်ပါတယ်။
    တန်းပလိတ်တွေချစ်စရာ။

  1. အိပ်မက်ကောင်းကင်ဆီကတန်းပလိတ်လေးတွေလာကြည့်သွားတယ်။
    အရမ်းလှတယ်ဗျာ။။

  1. အားတဲ့အချိန်လုပ်ကြည့်အုံးမယ် ကျေးဇူးပါ အိမ်မက်ရေ

  1. Anonymous said...:

    ကိုကောင်းကင် ပြန်ရောက်လာပြီပေါ့
    ဘယ်လိုလဲ ... စာမေးပွဲလည်း ဖြေနိုင်ခဲ့တယ် ဟုတ်
    ကျွန်တော်တို့တော့ နောက်နှစ်ရက်နေရင် ကျောင်းပြန်တက်ရပြီ
    Template လေးတွေ ဝေမျှပေးတာ ကျေးဇူးကမ္ဘာ

    ပြောမယ် ပြောမယ်နဲ့
    မပြောဖြစ်တာလေး ရှိနေတယ်
    နာမည် အိမ်မက်ကောင်းကင် ဆိုတာလေ
    အိမ်မက်ကောင်းကင် မဟုတ်ဘူး
    အိပ်မက်ကောင်းကင် !
    အိမ်မက်လို့ မရေးဘူး အိပ်မက်တဲ့
    အိပ်ရင် မက်လို့တဲ့လေ

    နွေလ

  1. Anonymous said...:

    ကျေးဇူးအများကြီးတင်ပါတယ် နွေလလေးရေ
    ခုလိုပြောပြပေးတဲ့အတွက်
    နွေလရှင်းပြတာလည်း ရှင်းနေတာပဲ ကျေးဇူးတင်ပါတယ်ဗျာ
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

  1. panthazin said...:

    ဘလော့လေးစမ်းလုပ်ကြည့်တယ်သိပ်အဆင်မပြေသေးလို့ မသိတာရှိရင်းမေးမယ်နော်

  1. ဘလော့လေးဆီ ပြန်ရောက်လာပြီး စာတွေ ပြန်ရေးတာ

    ဝမ်းသာတယ် အိပ်မက်ရေ.....

    တန်ပလိပ် လှလှလေးတွေလည်း ကြည့်ခဲ့ပါတယ် ။

    ကဗျာတွေ ရေးဦးနော် ။

  1. အမြဲတမ်း ပျော်ပျော်နေတက်တဲ့ အိပ်မက်လေး ပြန်ရောက်ပြီပေါ့ စာတွေပြန်ရေးအုံးနော် အားပေးနေမယ်:)
    ခင်တဲ့
    အမလေပြေချို

  1. အရမ်းလှတယ်မောင်လေးရေ..
    တင်းပလိတ်လေးတွေလာကြည့်သွားတယ်နော်..း)

  1. Phyu Lwin said...:

    Template လေးတွေ အ၇မ်းချစ်စရာကောင်းတယ်. နောက်လဲ လှလှလေးတွေရှိရင် တင်ဦးနော်

  1. ကျေးဇူးပါကောင်းကင်ရေ

    ဘလော့ ဒီဇိုင်းလေးတွေလှတယ် ခ၇စ်စမတ် ရဲ့ အဓိပ္ပါယ်လေးကူးယူသွားပါတယ်

    သူငယ်ချင်းတွေကို ပြန်လည်မျှဝေချင်လို့ ပါ

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

  1. လသာည said...:

    Template လေးတွေက တကယ် ချစ်စရာလေးတွေ။

  1. Anonymous said...:

    တို့လလည်းသဘောကျတယ်

  1. လာလည်သွားပါတယ်

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)