♦♦ CCleaner Portable 3.20 ♦♦

Labels:

CCleaner Portable 3.20 ပါ ။ Portable ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး နဲ့သုံးရတာလွယ်ကူအဆင်ပြေပါတယ်။ USB Stick တွေနဲ့လည်းအလွယ်တကူ ယူဆောင်သွားနိုင်တာပေါ့ ။ File size ကလည်း 2.88 MB ပဲရှိပါတယ်။ အသုံးပြုချင်သူများ သည်မှာ ယူလိုက်နော် ။ အားလုံးအဆင်ပြေကြပါစေ ။

# IP အကြောင်း #

Labels:

(၁) IP address ဆိုတာ ဘာလဲ ?
TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
 Example; 140.179.220.200 (Dotted decimal)
                    10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
—————————————————————————-
  ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

- Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

- Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။
စာဖတ်သူအပေါင်း IP address နဲ့ ပတ်သက်လို့  အသိတွေ တိုးပွားနိုင်ကြပါစေ ။ ကျွန်တော်လည်းမှတ်သားထားတာလေးတွေကို ပြန်လည်မျှဝေတာပါ...........




♦ နာရီလေးတစ်လုံး ♦

Labels:

အခုတင်ပေးလိုက်တာကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အလွယ်တကူအသုံးပြုလို့ရတဲ့ Desktop ပေါ်မှာတင်လို့ရတဲ့ နာရီလေးတွေဖြစ်ပါတယ် ။ နာရီတစ်လုံးကို 1MB စီပဲရှိပြီး သုံးရတာလည်း အရမ်းကောင်းပါတယ် ။ ကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်ပြီးသွားပါပြီ ။ Size လေးက 1MB ပဲရှိလို့ အထင်တော့သွားမသေးလိုက်ပါနဲ့ :P နာရီကိုလည်းမိမိစိတ်ကြိုက် အကြီးအသေး အရွယ်အစားကို လိုသလို ပြောင်းလဲအသုံးပြုနိုင်ပါတယ် ။ နာရီ Design လေးတွေကလည်း အစုံပဲနော် ။ ချစ်စရာလေးတွေနော် ။ တွေ့တွေ့ချင်းတင်ပေးလိုက်တာ ။ ပြက္ခဒိန်ကိုတော့ အဲနာရီလေးမှာ တင်ကိုတစ်ခါတည်းကြည့်လို့ရပါတယ် ။ ရိုးရိုးပြက္ခဒိန်တောင် မဟုတ်ဘူးနော် ။ ဘယ်နှစ်ကြည့်မလည်းကြည့်လို့ရတယ် ။ နှစ်တစ်ရာပြက္ခဒိန်လိုပေါ့ :D ပြီးရင်သည်နာရီလေးက ဆိုဒ်လေးကသာသေးတာ နာရီကို မိမိစိတ်ကြိုက်သီချင်းလေးနဲ့နိုးစက်လေးတောင်ထားလို့ရသေးတယ်နော် ။ အောက်မှာ နာရီ Design လေးတွေကိုကြည့်လိုက်ဦးနော် ။ သုံးရတာအဆင်ပြေလို့ မြန်မြန်သာဒေါင်းလိုက်ကြနော် ........:P
♦ Silver Heart Clock ♦
                                သည် နာရီလေးကိုလိုချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက်ပါ ။
♦ Candy Red Clock ♦
                                သည် နာရီလေးကိုလိုချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက်ပါ ။
♦ Rainbow-Blue Clock ♦
                                 သည် နာရီလေးကိုလိုချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက်ပါ ။
♦ Tango-Green Clock ♦
                                သည် နာရီလေးကိုလိုချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက်ပါ ။
♦ Valve Clock ♦
                                  သည် နာရီလေးကိုလိုချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက်ပါ ။ 

လှပတဲ့နာရီလေးတွေနဲ့  လှပတဲ့အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်................
အားလုံးပျော်ရွှင်နိုင်ကြပါစေ ................

♥_♥ ဖြေးဖြေးလေး ရယ်ပါ ♥_♥

Labels:

တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့
                                         ♥_♥ အားလုံးပျော်ရွှင် နိုင်ကြပါစေနော် ♥_♥

# ဟာသပုံလေးများ(၅) #

Labels:

# ဘုန်းကြီးတောင် အဆင့်မြင့်လာပြီနော် ဟဲ #
# လင်းနို့ လူသားကြိုက်သူများအတွက်တင်ပေးလိုက်ပါတယ် #
# ကောင်းကောင်းမနမ်း ရင် သေနတ်နဲ့ ပစ်မယ် တဲ့ #

# ရန်သူတွေက တော်များတာကိုး #
# မြင်းကျားတောင် မြင်းကြားကူးပျင်းလို့ ဆိုင်ကယ်ဝယ်စီးလိုက်ပြီ #
# သည်လိုမျိုး လေးမစီးချင်ဘူးလား တော်တော်လေး ညိမ့်တယ်နော် #
# နင်ကလာချောင်းကြည့်တာကိုး #
# လိုက်ဖက်ပါဘိ #
# ဘာကြီးလဲဟ ^_^ #
# အောင်မြင်ပြီကွ #
# တိန် #
# လင်းပိုင်ခင်ဗျား အခုန်လွန်သွားတယ်ထင်တယ် #
# မာလိုက်တဲ့ ကြက်သားကြော် အဲဒါကြောင့်ငါသူ့အိမ်မှာ သွားမခိုးစားချင်တာ #
# ရေကူးရင်းအရှိန်လွန်သွားတာ #
# အင်းကွာရှေ့မှာ လာရှုပ်ချင်ဦး #
# မတွေးရဲ စရာပဲနော် #
# သည်ခွေးတော့ အမှုပတ်တော့မှာပဲ #
# ဟိတ်ကောင်လေး ချိန်းထားတာမမေ့နဲ့နော် #
# မိန်းကလေးများရဲ့ သဘာ ၀ ဟဲ #
# ကောင်းတယ်ကွာ #
# ကိုကို ကလည်းတွေ့တုန်း ကို #
# တော်သေးတာပေါ့ #

# အထီးကျန် ကဗျာတစ်ပုဒ် #

Labels:


  •    တစ်နေ့နေ့မှာ 
  •    ချစ်တတ်တဲ့ နှလုံးသားက 
  •    ဒဏ်ရာတွေပဲ ပေးတတ်တယ်ဆိုတာကို သိခဲ့ရင်
  •   အမုန်းဆိုတဲ့ တံတိုင်းနဲ့
  •   ကျွန်တော်ကြိုတင်ကာကွယ်ထားခဲ့မှာပါ
  •   အခုတော့ အလွမ်းတွေကပဲ 
  •   အဖော်အဖြစ် ကျန်ရစ်ခဲ့တယ်
  •  သည်အလွမ်းတွေက ကျွန်တော်နဲ့ထပ်တူ
  •  အမြဲတမ်းရှင်သန်နေမှာပါ
  •   လှပတဲ့ ကောင်းကင်ကြီး အောက်မှာပေါ့.....
  ဆတ်ဖတ်ရန်

# Funny Photo Maker #

Labels:

အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်ကိုတော့ ပုံလေးတွေကိုကြည့်ရင်းနဲ့ သိမယ်ထင်တယ် ။မိမိဓာတ်ပုံတွေကို ဘောင်တွေထဲမှာ ဒီဇိုင်းလေးတွေနဲ့ လုပ်တဲ့ဆော့ဝဲလ်လေးပါ ။ မိမိဓာတ်ပုံတွေကို လှလှလေးသုံးချင်တယ်ဆိုရင်တော့ သည်မှာ ယူလိုက် နော် ။ File Size လေးသေးပြီး သုံးရတာလည်းအရမ်းလွယ်ကူပါတယ် ။ Effect တွေလည်းတော်တော်စုံပါတယ်။ အားလုံးအဆင်ပြေကြပါစေ...........

  ဆတ်ဖတ်ရန်

# ဖားကလေးနှစ်ကောင် #

Labels:

            
တစ်နေ့တော့ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာခရီးလှည့်နေကြသတဲ့ ။ အဲသည်လိုလှည့်နေတုန်း သစ်ရွှက်တွေ ၊ဖုန်တွေဖုံးနေလို့ မမြင်သာတဲ့တွင်းနက်ကြီးတစ်တွင်းထဲကို သူတို့အုပ်စုထဲက
ဖားနှစ်ကောင်ကျသွားလေရော ။ တွင်းကြီးဘယ်လောက်နင်တယ်ဆိုတာကို တွင်းနှုတ်ခမ်းမှာ ၀ိုင်းနေတဲ့ဖားတွေက မြင်ရတဲ့အခါ ကျသွားတဲ့ဖားနှစ်ကောင်ကို သူတို့က သည်လိုပြောတယ် ။
" မင်းတို့တော့သွားပြီ။ ဘယ်လိုမှပြန်တတ်လို့ရတော့မှာမဟုတ်တော့ဘူး ။ တွင်းထဲမှာပဲမင်းတို့နှစ်ကောင်သေရတော့မယ် " တဲ့ ။ တွင်းထဲကျနေတဲ့ဖားနှစ်ကောင်လည်း သူတို့အဖော်တွေ ပြောနေတဲ့
စကားကိုလစ်လျှူရှု လိုက်ကြပြီး သူတို့ကိုယ်စွမ်းရှိသလောက် တွင်းနှုတ်ခမ်းဆီအတင်းခုန်တတ်ကြတော့တာပေါ့ ။ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေလည်း တစ်ခါတည်းသံပြိုင်အော်ကြပြန်ပါလေရော။
" ဟေ့ကောင်တွေ ၊ အဲသလိုမလုပ်ကြနဲ့လေ ။ မင်းတို့ကသေကုန်တော့မှာပဲ ။ ဟာ...... ခက်တဲ့ကောင်တွေ ၊ ခုန်တတ်လို့လည်းတွင်းကအနက်ကြီးကွ ၊ ဘယ်လိုလုပ်တတ်နိုင်မှာလဲ ။ တတ်မရမဲ့အတူတူ
အေးအေးသက်သာ အသေခံလိုက်ကြပါတော့လားကွာ။ မင်းတို့ခုန်ခုန်တတ်နေတော့ အမောလည်းဆို့၊ ကိုယ်လည်းနာပြီးမှ သေရတာထက်စာရင် သည်တိုင်းလေး အေးအေးသက်သာ အသေခံလိုက်တာက
ပိုမကောင်းပေဘူးလား " ကွယ် ။
အဲသလိုပြောလွန်းမက ၀ိုင်းပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်အနက်က တစ်ကောင်ကတော့ ၀ိုင်းပြောတဲ့ဖားတွေရဲ့ စကားအတိုင်းလိုက်နာပြီး ဆက်မကြိုးစားတော့ဘူး ။ အဲသည်လိုမကြိုးစားဘဲနေလိုက်ရော
သူလည်းမတ်တပ်က လဲပြီး သေပွဲကိုတန်းဝင်သွားတော့တာပါပဲ ။
ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား ။ သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အားအကုန်ထုတ်သုံးပြီးကို ခုန်ရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက်ရောက်အောင် ကြိုးစားနေပါတော့တယ် ။
" ဟကောင်ရာ ၊ တော်ပါတော့ဟာ။ သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အလကား အသားအနာခံနေမယ့် အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ် .....တဲ့။
ဒါပေမဲ့ ခုန်နေတဲ့ ဖားကရပ်ကိုမရပ်တော့ ဘူး။ သူခုန်နေတဲ့ အားထက်နှစ်ဆတိုးပြီးတောင် ထပ်ခုန်လိုက်ပါတော့တယ် ။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို အဲဒီ့ ဖားကလေးကရောက်သွားပါတော့တယ် ။
သူလည်းတွင်းနှုတ်ခမ်းပေါ်ကိုရောက်ရော စောစောက ၀ိုင်းအော်နေတဲ့ သူ့အပေါင်းအသင်းများကလည်း သူ့ကိုဝိုင်းပြီးမေးကြတယ်။
" မင်းကွာ ငါတို့သည်လောက် တားနေတာ မကြားဘူးလားကွ"
" ဟေ "
တွင်းထဲကပြန်ထွက်လာတဲ့ ဖားကလေးကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို ရှင်းပြတယ်။
" ငါ့နားက သိပ်မကောင်းဘူးကွ။ မင်းတို့အော်နေတာ ။ငါ့ကိုတားနေတာလား ။ မသိပါဘူးကွာ၊ ငါကငါ့ကိုဝိုင်းပြီး သြဘာပေးနေတယ် မှတ်လို့ ....တဲ့"
ပုံပြင်လေးကတော့ ဒါပါပဲ။
(၁) နှုတ်နဲ့ လျှာဟာ သေစေ၊ရှင်စေနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ် ။ လူတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေးတစ်ခွန်းလောက် ပြောလိုက်တာဟာ အဲဒီ့ လူကို အားတက်စေနိုင်ပြီး ဘ၀အမောတွေ ပြေသွားစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့ သူကို အပျက်စကား ပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်ပြန်နိုင်သေးတယ်။
ကိုယ့်ဘ၀မှာ တွေ့လာကြုံလာရသူများကိုရှင် ရေးအတွက်ပြောမိနေအောင်သတိထားဖို့ လိုပါလိမ့်မယ် ။
စကားတစ်ခွန်းရဲ့ စွမ်းအားကိုသတိထားမိကြဖို့ပါပဲ။ အားပေးစကား လေးတစ်ခွန်းကြောင့် လူတွေကိုပျော်ရွှင်အောင် ထားနိုင်ကြပါစေ ။
မှတ်ချက် ။        ။ အလင်းတန်းဂျာနယ်၊ ၀၃-၀၄-၀၀ မှပြန်လည်ဖော်ပြသည် ။



အိမ်မက်ကောင်းကင်သို့ လာရောက်လည်ပတ်သူအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ............
                                                                                                                                                                                                                                                                                                                                           
  ဆတ်ဖတ်ရန်

# ပိုက်ဆံနဲ့ လုပ်တဲ့ အနုပညာလေးများ #

Labels:

 သည်ပိုစ့်လေးကတော့ ပိုက်ဆံလေးတွေနဲ့ အရုပ်ကလေးတွေလုပ်ထားတဲ့အနုပညာ လေးတွေပါ ။ အောက်မှာ ပိုက်ဆံလေးနဲ့ လုပ်ထားတဲ့ အနုပညာ အရုပ်ပုံလေးတွေကို ခံစားသွားကြဦးနော် :P
























  ပုံလေးတွေကို ကြည့်ရင်း အားလုံးပျော်ရွှင် နိုင်ကြပါစေ ....................
  အားလုံးကိုခင်မင်လေးစားလျှက်
                                            saiaarkaroo@gmail.com
ဆတ်ဖတ်ရန်

Related Posts Plugin for WordPress, Blogger...javascript:void(0)