♦♦♦ ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ ♦♦♦

Labels:


သူများတွေတော့ ပိုစ့်တွေတစ်ခုပြီးတစ်ခုတင်နေလိုက်ကြတာ ။ကျွန်တော်ကျတော့ ဘာတင်ရမှန်းကိုမသိဘူးဖြစ်နေတယ် ။
အဲဒါနဲ့ အပျင်းပြေ ဟာသလေးတစ်ခုတော့တင်ဖြစ်လိုက်တယ် ။ ကျွန်တော် ဆိုဒ်ကိုလာလည်တဲ့ ဘလော့အစ်ကို ၊အစ်မတွေကိုအားလုံး
ပျော်ရွင်စေချင်တာဟာလည်း ကျွန်တော်ဆန္ဒတစ်ခုပါပဲ ။ ဟာသလေးကို အားပေးသွားကြဦးနော် မရီရဘူးဆိုရင်တောင်မှ
ပြုံးသွားရင် ကျေနပ်ပါပြီ :D

ဟိုရှေးရှေးတုန်းကပေါ့  တိုင်းပြည်တစ်ပြည်မှာ စစ်တပ်အင်အားတွေ အလွန်အားနည်းတယ် ။
ဘုရင်ကြီးကစဉ်းစားတာပေါ့ " ငါ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေဟာတော်တော်ကို နည်းပါးနေတယ် ။
ရုတ်တရက်စစ်တွေဖြစ်လာရင်တောင် ငါ့တိုင်းပြည်က ပြန်ခုခံနိုင်မှာမဟုတ်လောက်ဘူး " လို့ ဘုရင်ကြီးက
စဉ်းစားမိတယ် ။ အဲဒါကြောင့် သူ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေပြန်လည် များပြားလာအောင်
သူ့ရဲ့ အမတ်တွေကို ရွာတိုင်းရွာတိုင်းမှာ မောင်းထုပြီးတော့ ရွာတိုင်းကို လိုက်ကြေညာခိုင်းတော့တာပေါ့။
 " တိုင်းသူပြည်သားများခင်ဗျား မနက်ဖြန် နန်းတော်အတွင်းမှာ
 သူရဲကောင်းရွေးပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် အိမ်တိုင်းအိမ်တိုင်း
လာရောက်ဝင်ပြိုင်ရန် ၊ သူရဲကောင်းရွေးချယ်ခံရသူအား ဘုရင့်သမီးတော်နဲ့ထိပ်မြားပေးမည်
ဖြစ်ကြောင်း နှင့် ဆုတော်ငွေအသပြာ(×××××××)ချီးမြှင့်မည်ဖြစ်ကြောင်းကြော်ညာအပ်ပါသည် ။
သည်လိုနဲ့ ပြိုင်ပွဲရက်ကိုရောက်လာတော့ နန်းတော်အတွင်း ရွာသူရွာသားတွေနဲ့ပြည့်နေတာပေါ့ ။
လာရောက်အားပေးတဲ့သူတွေ၊ ပြိုင်ပွဲဝင်မည့်သူတွေနဲ့ပြည့်နေတာပေါ့ ။
အဲအချိန်မှာ ဘုရင်ကြီးကလည်း ပြိုင်ပွဲစည်းကမ်းကိုစတင်ကြေညာတော့တာပေါ့ ။
" တိုင်းသူပြည်သားများခင်ဗျား သည် ကန်ထဲက မိကျောင်း ရန်ကို ခုခံကျော်ဖြတ်ရင်း  ကန်တစ်ဖက်ကို
ရောက်သူအား သူရဲကောင်းခန့်မည်ဖြစ်ကြောင်းကြော်ညာလိုက်တာပေါ့ "
မိကျောင်းဆိုတာ သိတယ်မလား ဘယ်သူမှ မဆင်းရဲကြဘူး ကန်ထဲကို ........
" ဘုရင်ကြီးကစိတ်တိုတာပေါ့ တိုင်းပြည်မှာ သူရဲကောင်းတစ်ယောက်မှ မရှိဘူးလားဆိုပြီးတော့ "
အော်ပြောလိုက်တာပေါ့ ......
အဲဒီအချိန်မှာ လူငယ်တစ်ယောက်ဟာရေကန်ထဲကို " ၀ုန်းကနဲ " ခုန်ဆင်းပြီး မိကျောင်းတွေရဲ့ရန်ကို
တစ်ကောင်ပြီး တစ်ကောင် ခုခံကျော်ဖြတ်ရင်းနဲ့ နောက်ဆုံး ကန်ထိပ်ကိုရောက်သွားခဲ့ပါတယ် ။
အဲချိန်မှာ လက်ခုပ်သံတွေဟာလည်း နန်းတော်တစ်ခုလုံး ပြန့်လွင့်သွားတာပေါ့ ။
ဘုရင်ကြီးလည်း ၀မ်းသာအားရစွာနဲ့ ထိုလူငယ်အား " သည်မှာသူငယ် သူငယ်ဟာ သူရဲကောင်း တစ်ဦး
ပီသလှပါပတယ် ။ ပရိသတ်များအားလုံး ရှေ့မှာ အမှတ်တရ စကားလေးတစ်ခွန်းလောက်မိန့်တော်မူပါဦး "
လို့ ဘုရင်ကြီးက ထိုလူငယ်အားပြောလိုက်တာပေါ့ ။
အဲသည်ချိန်မှာ လူငယ်ကလည်း စိတ်တိုတိုနဲ့ အော်ပြောလိုက်သည်မှာ
" ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ " တဲ့
ဟဲဟဲ အားလုံးပျော်ရွင်နိုင်ကြပါစေနော် ......
အားလုံးကိုခင်မင်လေးစားလျှက်
                                      " အိမ်မက်ကောင်းကင် "

19 comments:

  1. Phyu Lwin said...:

    :D ပြုံးရုံတင်မဟုတ်ပဲ ရယ်တောင် ရယ်မိတယ်

  1. အားရပါးရရယ်ခဲ့ရပါတယ် သများကိုတော့တွန်းမချပါနဲ့နော်
    ရေမကူးတတ်လို့ပါ

  1. အမြဲတမ်းလာအားပေးနေတဲ့ ဘလော့မိတ်ဆွေကိုတော့ မတွန်းချရက်ပါဘူး
    ♦_♦

  1. ဟားဟားဟား ရီရတယ်

  1. ရယ်သွားတယ် ကောင်းကင်ရေ။

  1. သူရဲကောင်းဖြစ်သွားတာပဲ ဟား ဟား ဟား

  1. Candy said...:

    ဟဟဟဟဟဟဟဟဟ.. အရမ်းရီရတယ် xD

  1. ဟီး... ရယ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်..

  1. Frozen jelly said...:

    ရယ်ရတယ်နော်..အဟားဟား...
    ကျေးဇူးတင်ပါတယ်...

  1. kiim said...:

    ဖတ်ပြီး၇ီသွားပါသည်။
    ပျော်တတ်တယ်ထင်တယ်နော်..ဟာသတွေတင်တာများတယ်ဆိုတော့.. :D

  1. မောင်လေးရေ ... လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်ဖွယ်ဖြစ်အောင် လုပ်ပေးတဲ့ ဒီပိုစ့်လေးက အရမ်းကိုတန်ဖိုးရှိတယ် ... မမလည်း အားပါးတရကို ရီလိုက်ရတယ် ... ကျေးဇူးနော် ... :)

  1. ခုမှပဲ ရယ်ရတော့တယ်... သူငယ်လေးက ဟန်ကိုယ့်ဖို့လေးတောင် မထားတတ်ပဲနော်.. ရိုးရှာသကိုး.. :)

  1. မြတ်နိုးသူ(MUFL) said...:

    မောင်လေးရေအလည်ေ၇ာက်ခဲ့တယ်နော်ပြုံးပျော်သွားပါတယ်နော်

  1. အလည်ရောက်လာခဲ့ပါတယ်...ဟာသပိုစ်လေးကိုဖတ်ပြီး ပြုံးရယ်ရပါတယ်မောင်လေးရေ...
    ခင်တက်တဲ့
    လေပြေချို

  1. a said...:

    ရယ်ရယ်တယ် သွားအအေးပတ်တဲံ့အထိဘဲ

  1. Unknown said...:

    အရမ်းရယ်ရတယ်ဗျာ

  1. Unknown said...:

    အရမ်းရယ်ရတယ်ဗျာ

  1. lumawhein said...:

    မဆိုးပါဘူး

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)