♥♥♥ သံယောဇဉ်ကြိုးလေး တစ်မျှင် ♥♥♥
Labels:
 အခုတင်လိုက်တဲ့ ပိုစ့်လေးကတော့ ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတိုလေးပါ ။
တစ်ခါတုန်းကပေါ့ ။
အသက်ဆယ်ခြောက်နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး တို့ဟာ အင်တာနက်မှာတွေ့ရင်း
တစ်ယောက်ကို တစ်ယောက် ခင်သွားခဲ့ကြတယ် ။
ကောင်မလေးကတော့ New York မှာနေပြီး ကောင်လေးကတော့ England မှာနေပါတယ် ။
ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်သွားတယ် ။ အနေဝေးပေမဲ့လည်း
တစ်ယောက်ရဲ့ အကူအညီကို တစ်ယောက်ကကူညီလိုက်ဆိုတော့  မိတ်ဆွေတွေလိုဖြစ်လာကြတယ် ။
(တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်တွေတွယ်မိတယ်ဆိုရင်လည်း မမှားဘူးပေါ့ :D)
တစ်ညမှာတော့ သူတို့ ဟာ Online မှာတွေ့ရင်း စကားတွေပြောကြတယ် ။ 
♦ ကောင်မလေး ။      ။ ငါနင့်ကို တစ်ခုခုပြောသင့်ပြီလို့ ငါထင်တယ် ......
   ကောင်လေး ။      ။ အင်း ပြောလေ ဘာပြောမလို့လဲ  ........
♦ ကောင်မလေး ။       ။ ငါနင့်အပေါ်သံယောဇဉ်တွယ်နေမိပြီ ။
   ကောင်လေး ။      ။ ငါလည်းဘဲ နင့်ကိုချစ်နေမိပြီ ....
ကောင်လေး (Offline) ဖြစ်သွားတဲ့အချိန်မှာ တော့ ကောင်မလေးက ငိုပြီးစဉ်းစားမိတယ် ။ ငါမှားပြီလား
သူငယ်ချင်း ဆိုတဲ့ အဖြူရောင်ပု ၀ါလေးကို ငါဖျက်ဆီးခဲ့မိပြီလား ........
အဲသည်ညမှာပဲ ကောင်လေးက ကောင်မလေးဆီကိုဖုန်းဆက်ခဲပါ့တယ် .......
♦ ကောင်မလေး ။      ။ ဟဲလို .. ?
   ကောင်လေး ။      ။ ဟေးးးးး ငါပါ .....
♦ ကောင်မလေး ။      ။ ငါအခုစိတ်ညစ်နေတယ် ကောင်လေးရယ် ......
   ကောင်လေး ။      ။ ဘာလို့စိတ်ညစ်နေတာလဲ ငါလည်း နင့်ကိုချစ်တာပဲ .....
♦ ကောင်မလေး ။      ။ ဟုတ်လို့လား ? ငါတို့ ဘယ်တော့မှတွေ့ကြမှာလဲ (သက်ပြင်းချရင်း) ငါ့မိဘတွေက သည်အချိန်မှာ ငါ့ကိုဘယ်မှမပေးသွားဘူး ...
                           ငါ ကျောင်းတတ်ရဦးမှာလေ . စာမေးပွဲတွေဖြေရဦးမယ် .....
 ကောင်လေး ။       ။ ငါနားလည်ပါတယ် ......ငါလည်း နင့်လိုပဲ ကျောင်းတတ်ရဦးမယ်လေ
                          ငါ့မိဘတွေလည်း အခုချိန်မှာ ငါ့ကို New York မပေးသွားလောက်ဘူး
                          ငါလည်း နင့်နဲ့တွေ့ချင်ပါတယ် ဟာ (သက်ပြင်းချရင်း)
♦ ကောင်မလေး ။      ။ နင်ငါ့ကို စောင့်နိုင်မှာလား ?
   ကောင်လေး ။      ။ ငါစောင့်နိုင်ပါတယ် .... နင်တဲ့အတူနေဖို့ နှစ်ပေါင်းများစွာကိုငါစောင့်နေမှာပါ ....ကောင်မလေးရယ် ...ငါနင့်ကိုအရမ်းချစ်တယ်....
♦ ကောင်မလေး ။    ။ ငါလည်းနင့်ကိုချစ်တယ် ......(ဖုန်းချ လိုက်သည်)
နှစ်အတော်ကြာသောအခါ ........................
တစ်နေ့မှာ သူတို့နှစ်ယောက် ဟာ Online မှာပြန်လည်တွေ့ရင်း စကားပြောဖြစ်ကြသည် ...
♦ ကောင်မလေး ။      ။ ငါစာမေးပွဲတွေပြီး ကုန်ပြီ ပိုက်ဆံတွေလည်း တော်တော်စုမိပြီ ! (၀မ်းသာအားရစွာဖြင့်ပြောလိုက်သည် )
   ကောင်လေး ။      ။ ငါလည်း အတူတူပဲ ငါတို့ အပြင်မှာတွေ့ကြရအောင်.....
♦ ကောင်မလေး ။     ။ ဟုတ်ပြီ ဘယ်ချိန်မှာတွေ့မှာလဲ ........
( အပြင်မှာတွေ့ဖို့ အတွက် အစီအစဉ်များကို နှစ်ယောက်သားတိုင်ပင်ခဲ့ကြသည် )
ရက်အနည်းငယ်ကြာသောအခါ ...............
ကောင်လေးမှာ လေဆိပ်(Airport) သို့သွားလျှက် ကောင်မလေးအလာကိုစောင့်နေခဲ့တယ် (ပီတိတွေအပြည့်နဲ့ပေါ့ )
အဲသည်အချိန်မှာ လေဆိပ်မှာ ရှိတဲ့ တီဗီ(TV) မှ ရုတ်တစ်ရက်သတင်းတစ်ခု(Breaking News)ကိုတွေ့လိုက်တယ် ....
(New York မှ England သို့ဆိုဒ်ရောက်မည့် လေယာဉ်မှာ လမ်းခရီးတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ကျော်သေဆုံးကြောင်း သိခဲ့ရပါတယ် )
ကောင်လေးဧ။် ပါးပြင်မှမျက်ရည်များလိမ့်ဆင်းလာသည် ....
ကောင်လေးမှာ ၀မ်းနည်းစွာဖြင့်အိမ်ကိုပြန်ခဲ့တယ် ....
အဲသည်ညမှာပဲ ကောင်လေးဟာသူ့ကိုသူ အဆုံးစီရင်လိုက်တယ် ....
နောက်တစ်နေ့မနက်မှာပဲ ကောင်လေးမိဘများကို အိပ်ခန်းထဲမှာ အသက်ကင်းမဲ့စွာအိပ်နေသော သူတို့ဧ။်သားကိုတွေ့လိုက်ရတယ် ...
(လက်ထဲမှာတော့ ကောင်မလေးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ စာရွက်လေးတစ်ရွက်ကိုကိုင်ထားဆဲ)
စာရွက်လေးထဲမှာ ရေးထားတာတော့ " ငါတို့ အချစ်ဟာ နောက်ကျခဲ့ပြီ " တဲ့
ကောင်မလေးဧ။် မိဘများလည်း ကောင်မလေးအခန်းကို သိမ်းဆည်းတဲ့အချိန်
ကောင်မလေးရဲ့ နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ) ထဲမှာ ကောင်လေးဓာတ်ပုံ နဲ့ စာလေးအနည်းငယ်ကိုတွေ့လိုက်မိတယ်
အဲစာလေးက " တစ်ကယ်လို့ငါသေသွားခဲ့ရင်တောင် နင့်ကိုတွေ့ချင်တယ် " တဲ့
နောက်ဆုံးတော့လည်း သူတို့နှစ်ယောက် ဟာ တွေ့ခဲ့ကြပါတယ်
လှပတဲ့ " ကောင်းကင်ဘုံ " ကြီးမှာပေါ့ ......
                                                                    ...   အားလုံးကိုခင်မင်လေးစားလျှက် ....
                                                                                အိမ်မက်ကောင်းကင်
15 comments:
  1. ၀မ်းနည်းစရာဇာတ်သိမ်းဆိုပေမယ့် နောက်ဆုံးမှာ သူတို့ချစ်သူ(၂)ဦးဟာ လှပတဲ့ကောင်းကင်ဘုံမှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့အတွက် အစ်မကတော့ ကျေနပ်တယ် ... :)
  1. ဖတ်ပြီးဝမ်းနဲလိုက်တာ တော်သေးတာပေါ့ ကောင်းကင်မှာဆုံကြလို့နော်
  1. ဖတ်ရင်းရင်မောသွားတယ်
  1. Candy said...:
  1. စိတ်မကောင်းလိုက်တာ...
  1. ၀မ်းနည်းသွားပြီ.. :((
  1. 3rdthameetaw said...:
    ရင်နင့်ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို
    ခံစားသွားပါတယ် တကယ့်အဖြစ်အပျက်တွေက
    ပိုပြီးဆန်းကျယ်တတ်တယ်လေ..
  1. အင်း..ဖတ်ပြီးကြက်သီးတောင်ထသွားတယ်..
    သနားဖို့ ကောင်းလို့ လေ..
    ဒါပေမယ့်လဲ ပြန်ဆုံကြတယ်ဆိုတော့ ၀မ်းသာစရာပေါ့နော်..
  1. အဲဒီလိုအဖြစ်မျိုးလည်း ရှိတတ်ပါ့နော်...၀မ်းနည်းကြေကွဲဖွယ်...
  1. သူတို့နှစ်ယောက် ကောင်းကင်ဘုံမှာ တကယ်မှ တွေ့ဖြစ်ကြပါလေစ...
    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ
  1. Unknown said...:
    ခံစားသွားပါတယ်ဗျာ....
  1. Anonymous said...:
း) ...း)
  1. မြတ်နိုးသူ(MUFL) said...:
    ဇာတ်လမ်းလေးရေးထားတာဖတ်လို့ကောင်းတယ်
    အားပေးသွားပါတယ်
  1. Anonymous said...:
    Good!
  1. Unknown said...:
    အမြဲအားပေးနေပါမယ် ။ဆက်လက်ကြိုးစားပါ။
Post a Comment
တစ်ခုခုတော့ရေးသွားပါလား
Related Posts Plugin for WordPress, Blogger...javascript:void(0)