စေတနာ

Labels:


       အသည်းအသန်ဖြစ်နေတဲ့လူပမာ နှစ်ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်းအတူသွားကျနေတယ်။လူပမာတစ်ယောက်ကတစ်နေ့ကိုတစ်နာရီလောက် ခုတင်ပေါ်မှာ ထိုင်ခွင့်ရတယ်။ဒါမှလည်းသူ့အဆုတ်ထဲကအရည်တွေကိုစစ်သလိုဖြစ်မှာကိုး။အဲသလို ထခွင့်ရတဲ့သူရဲ့ခုတင်
က အဲဒီ့အခန်းလေးရဲ့ တစ်ခုတည်းသောပြတင်းပေါက် ဘေးနားမှာရှိနေတယ်။
        နောက်တစ်ယောက်မှာတော့ တစ်ချိန်လုံး ကျောခင်းနေရတဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ လူမမာနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အဖော်လုပ်နေရတယ်။ ဇနီးမယားသား
သမီးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ တောအကြောင်း၊တောင်အကြောင်း
ရောက်တတ်ရာရာပြောရင်းနဲ့ ငြီးငွေ့ဖွယ်ရာ သူတို့ရဲ့နေ့တွေကို ကျော်လွားဖြတ်သန်းနေရပါတယ်။
        အဲသည်လိုနဲ့နေ့ခင်းချိန်ခါကို ရောက်လို့ပြင်တင်းပေါက်ဘေး ခုတင်ပေါ်က လူမမာ ထထိုင်လိုက်ပြီဆို
တာနဲ့ သူဟာပက်လက်လဲနေတဲ့ လူမမာကိုပြတင်းပေါက်ကတစ်ဆင့် သူမြင်ရသမျှကို ပြောပြလေ့ရှိတယ်။
        ခုတင်ပေါ်မှာ ပက်လက်လဲနေရှာတဲ့ လူမမာခမျာမှာလည်း အဲသည်တော့မှပဲ အပြင်လောကကြီးရဲ့
အရောင်တွေ၊ အရိပ်တွေကို နားနဲ့ ခံစားရင်းအသက်ကိုဆက်နေနိုင်တော့တယ်။
         ပြတင်းပေါက်ကလှမ်းမြင်နေရတာကတော့ သာယာတဲ့ရေကန်လေးနဲ့ ပန်းခြံလေးတစ်ခုပါပဲ ။ဘဲတွေ၊
ငန်းတွေဟာ ရေကူးမြူးထူးနေကြသလိုကလေးငယ်လေးတွေ ဟာလည်း သူတို့ရဲ့ အရုပ်လှေလေးတွေကို ကန်ထဲမှာ လွတ်နေကြတယ်။ ငယ်ရွယ်တဲ့ချစ်သူစုံတွဲတွေကတော့ လက်ချင်းချိတ်လို့၊ ရောင်စုံပန်းခြံကြီး
ထဲမှာ လမ်းလျှောက်နေတာကိုလည်းတွေ့နိုင်တယ်။ ဟိုးအဝေးစီမှာတော့မိုးကုပ်စက်ဝိုင်းပါ။
        ပြတင်းပေါက်ဘေးက လူမမာဟာသူမြင်ရသမျှကိုအဲသလို အသေးစိတ်ပြောပြတတ်သလို ပက်လက်
လဲနေတဲ့လူမမာကလည်းပြောသမျှကို မျက်စိစုံမှိတ်နားထောင်ပြီး စိတ်ကူးထဲမှာ အပြင်ဘက်က လောကကြီး
ကို ပုံဖော်ကြည့်နေတတ်တယ်။
        တစ်နေ့ခင်းမှာတော့ပြင်တင်းပေါက်နားလေးကလူက သူမြင်ရတဲ့ ရှင်လောင်းပွဲ တစ်ပွဲကို ပြောပြပြန်ပါ
တယ်။ ရှင်လောင်းလှည့်တဲ့အခါ ကြားရစမြဲဖြစ်တဲ့ ဆိုင်းသံတွေကိုမကြားရပေမဲ့ ပြတင်းနားလေးက လူရဲ့
ပြောင်မြောက်တဲ့အပြောကြောင့် ပက်လက်လဲနေသူရဲ့ အာရုံမှာ ရှင်လောင်းလှည့်နေတာကို ထင်ထင်ရှားရှား
ကြီးကိုမြင်တွေ့နေရသလိုပါပဲ။
        အဲဒီအချိန်မှာ စိတ်ရိုင်းက ပက်လက်လဲနေသူရဲ့ ရင်ထဲကိုဖျတ်ခနဲဝင်လာတယ်။ လူမမာချင်းအတူတူ၊
သူကျတော့အပြင်ကို မြင်ခွင့်ရနေပြီး ကိုယ့်ကျမှအကန်းတစ်ယောက်လိုဖြစ်နေပါလားလို့တွေးမိလာတာပါ။
       ပက်လက်လဲနေသူဟာ ပြတင်းဘေးကခုတင်ကိုလိုချင်တဲ့စိတ်တွေနဲ့လုံးချာလိုက်ပြီး ညတောင်အိပ်မပျော်တော့ဘူး ဖြစ်နေတယ်။
        တစ်ညမှာတော့ ပက်လက်လဲနေတဲ့သူဟာ မျက်နှာကြက်ကိုမမှိတ်မသုန်ကြည့်ရင်းနဲ့ အိပ်မပျော်တဲ့
ကို ဖြတ်သန်းနေတဲ့အချိန်မှာပဲ တစ်ဖက်ကုတင်က လူဟာချောင်းတွေတအားဆိုးလာတော့တယ်။ သူ့အဆုတ်
ကအရည်တွေကအသက်ရှုလမ်းကြောင်းကို ပိတ်ဆို့နေတယ်။ တစ်ဖက်ခုတင်က ပက်လက်လဲနေသူဟာ
သူ့အခန်းဖော်ကိုအသာလေး ကြည့်နေလိုက်တယ်။ ချောင်းဆိုးရင်းအသက်ရှုတစ်အားကြပ်နေတဲ့
ပြတင်းဘေးကလူမမာဟာအရေးပေါ်လူခေါ် ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့နေတယ်။
ပက်လက်လဲနေတဲ့လူမမာဟာ တစ်ဖက်ခုတင်ကလူရဲ့ချောင်းသံ မောဟိုက်သံတွေကိုနာခံရင်းနဲ့ပဲ မလှုပ်မယှက် ငြိမ်ငြိမ်လေးနေလိုက်တယ်။ အမှန်ဆို သူ့ခုတင်ဘေးက အရေးပေါ် လျှပ်စစ်ခေါင်းလောင်းကို
လှမ်းနှိပ်ပေးလိုက်မယ်ဆိုဆိုရင် သူနာပြုတစ်ယောက်ဖြစ်ဖြစ်၊ ဆရာဝန်တစ်ယောက်ဖြစ်ဖြစ် အချိန်မီ လာနိုင်
ပါတယ်။ ဒါပေမဲ့ သူမလုပ်မိဘူး။ ငါးမိနစ်တောင်မကြာလိုက်ဘူး။ ပြတင်းနားကလူဆီက ချောင်းဆိုးသံလည်း
မကြားရတော့ဘူး။ မောဟိုက်သံလည်းမကြားရတော့ဘူး။ တစ်ခန်းလုံးဟာ ဘာသံမှမကြားရတော့အောင်ကို
တိတ်ဆိတ်ငြိမ်ကျသွားတော့တယ်။
          မနက်မိုးလင်းတဲ့အခါမှာတော့တာဝန်ကျ သူနာပြုဟာအသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်တဲ့ ပြတင်းနား
ကလူမမာရဲ့ ရုပ်ကလပ်ကိုတွေ့လိုက်ရတယ်။ သူနာပြုဟာသက်ဆိုင်ရာကိုခေါ်ယူလိုက်ပြီး အလောင်းကို
အခန်းထဲကထုတ်သွားဖို့ စီစဉ်လိုက်တယ်။
         အားလုံးနေသားကျသွားလို့ အခန်းထဲမှာလည်း တစ်ယောက်တည်း ကျန်ခဲ့ရော ပက်လက်လဲနေတဲ့
လူမမာဟာတာဝန်ကျသူနာပြုကို တောင်းပန်ပါတော့တယ်။ ဟိုလူမရှိတော့တဲ့နောက် ပြတင်းဘေးကခုတင်
ပေါ်ကို သူ့ကိုပြောင်းပေးဖို့ပေါ့။
         သူနာပြုဆရာမလည်းသဘောမနောကောင်းစွာပဲ ပက်လက်လဲနေတဲ့လူမမာကို ပြတင်းနားကခုတင်
ပေါ်ကိုပြောင်းပေးလိုက်ပါတယ်။ အားလုံးနေရာကျပြီဆိုမှ သူနာပြုဆရာမလည်း ထွက်ခွာသွားပါတယ်။အခန်း
ထဲမှာတော့ လူမမာတစ်ယောက်တည်းကျန်ရစ်တော့တယ်။ သည်အခါမှာတော့လဲနေတဲ့ လူမမာဟာ
တံတောင်ဆစ်ကိုအားပြုလို့ ဖြည်းဖြည်းချင်းအားယူပြီး ထလိုက်တယ်။အနာခံပြီး ထနိုင်သလောက်ထလိုက်
တယ်။ ပြတင်းပေါက်ကနေ အပြင်လောကကိုကြည့်ချင်လှပြီလေ။
          ဂရုတစိုက်  အားယူထပြီးပြတင်းကနေ အပြင်ဘက်ကိုအလောသုံးဆယ် လှမ်းကြည့်လိုက်တယ်။
လားလား........
မြင်လိုက်ရတာက ဘာဆိုဘာမှမရှိတဲ့ ဆေးရုံနံရံကြီးပါ။ ဘယ်လိုဖြစ်တာလဲ။ သွားလေသူပြောတော့ သာယာ
တဲ့ရေကန် နဲ့ လှပတဲ့ပန်းခြံဆို။ ဒါနဲ့ပက်လက်လဲနေတဲ့သူဟာလည်းစိတ်ပျက်ပျက်နဲ့ ခုတင်ပေါ်ကို ပြန်လှဲနေ
လိုက်ရင်း ဟိုလူဘာကြောင့် သူ့ကိုအဲသလိုပြောသွားတာလဲဆိုတာကို တနုံ့နုံ့တွေးနေမိတယ်။
          မနေနိုင်တော့တဲ့ အဆုံးမှာတော့ အဲသည်အချိန်မှာသူ့ကိုဆေးတိုက်ဖို့ဝင်လာတဲ့သူနာပြုဆရာမလေး
ကိုမေးမိတယ်။  သူနာပြုဆရာမကပြန်ဖြေပါတယ်။ သွားလေသူဟာမျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက်
ပြတင်းပေါက်ကကြည့်ရင် ဆေးရုံတံတိုင်းကိုတောင် မမြင်နိုင်ရှာဘူးတဲ့။ သူနာပြုဆရာမကဆက်ပြောပါတယ်။
....အင်း....သူကရှင့်ကိုအားပေးချင်တဲ့ စိတ်နဲ့ အဲသလိုပြောသွားတာနေမှာပေါ့ရှင်...တဲ့.......။
             သည်ဇာတ်လမ်းမှာတော့ ကိုယ့်အခြေအနေဘယ်လောက်ဆိုးဆိုး တစ်ဖက်သားကိုကူညီတတ်တဲ့
ပြတင်းဘေးကလူရဲ့ စိတ်နှလုံးဟာအတုယူစရာကောင်းပါတယ်။
<<<ဆက်ဖတ်ရန်>>>

0 comments:

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)