** အိပ်မရသောည **

Labels:

အလွမ်းရဲ့ည ကောင်းကင်ယံမှာ
သတိရခြင်း မိုးတိမ်တွေက
အုံ့မှိုင်းနေ၏ ။

မျှော်လင့်ခြင်းရဲ့ ငွေလမင်းလည်း
ခရီးလွန်ကာ ထွက်မလာပဲ
ပျောက်နေရှာ၏ ။

ချစ်သောသူ၏  အပြုံးလေးကို
မြင်ချင်သော်လည်း မမြင်ရဘဲ
ဝမ်းနည်းရ၏ ။

အဲသည်ညမှာ လွမ်းဆွတ်တမ်းတ
အိပ်မရဘဲ မိုးစင်စင်သာ
လင်းခဲ့ရ၏ ။

Blogger အကိုတွေ အစ်မတွေ ကဗျာရေးတာအားကျလို့ ကိုယ်တိုင်ရေးစမ်းကြည့်တာပါ :P

19 comments:

  1. အလွမ်းရဲ့ည ကောင်းကင်ယံမှာ
    သတိရခြင်း မိုးတိမ်တွေက
    အုံ့မှိုင်းနေ၏-------
    အမှတ်ရခြင်းတွေနဲ့ လာရောက်ခံစားခဲ့ပါတယ်

  1. ကဗျာလေးကောင်း၏

  1. တာတောင် စမ်းရေးတာပဲ ရှိသေးတယ်နော်။ ကောင်းလိုက်တာ တင်စားပုံလေးတွေ။

  1. မြတ်နိုးသူ(MUFL) said...:

    ဒါဆိုအဲဒီညကတစ်ရေးမှမအိပ်လိုက်ရဘူးပေါ့
    အိပ်ရေးတော့တော်တော်တော်ကိုပျက်ခဲ့မယ့်ပုံပဲ
    ကဗျာလေးကောင်းတယ်သိလား

  1. ကဗျာလေးကိုအားပေးသွားပါကြောင်း

    ခင်တဲ့

    မိုသူ(တောင်ကြီး)

  1. အဲသည်ညမှာ လွမ်းဆွတ်တမ်းတ
    အိပ်မရဘဲ မိုးစင်စင်သာ
    လင်းခဲ့ရ၏ ။
    ခဏခဏသာ အဲ့လိုမိုးလင်းရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်ကွယ်.. :PPP

    ခင်တက်တဲ့
    လေပြေချို

  1. Candy said...:

    စမ်းရေးကြည့်တဲ့ကဗျာလေးက တကယ်ကောင်းတယ်..
    ကြိုးစားနော် အားပေးနေမယ် :D

  1. မြတ်ပန်းနွယ် said...:

    အလည်လာရင်း တွေ့လို့ ဖတ်ဖြစ်၏။
    ဖတ်ရင်း သဘောကျလို့ ကွန်မန့် မန့်မိ၏။
    အားကျလို့ ရေးသည်ဟု သူပြော၏။
    သူ့ကို ပြန်အားကျလို့ အတုခိုးသွား၏။

း)

    ( ညီမလေး ဘလော့လာလည်ရတာ မမြတ် နည်းနည်း အူးမြူးနေတယ်၊ စိတ်မရှိနဲ့နော် ) ။

  1. Phyu Lwin said...:

    ကောင်းလိုက်တာ ရေးထားတာလေးက..နောက်လည်းများများရေးပါ.. အမြဲအားပေးနေပါတယ် :)

  1. အဲဒီညလေးတွေမှာ အိပ်ဆေးသောက်ပြီး အိပ်ပစ်လိုက်ရရင် ကောင်းမှာနော် ... ဒါပေမယ့် အလွမ်းလေးတွေကိုလည်း နှမြောမိသား ... ကဗျာလေးရေးတာလည်း ကောင်းတယ်နော် ... :)

  1. ဟင်.. သူများကို အားကျလို့ ရေးဖြစ်တဲ့ ကဗျာကလဲ.. လာဖတ်တဲ့သူတွေတောင်.. အားပြန်ကျ သွားရအောင်.. လက်စွမ်းထက်လှချည်လားရှင်.. :)

  1. Yoemyaykya said...:

    အလွမ်းရဲ့ည ကောင်းကင်ယံမှာ
    သတိရခြင်း မိုးတိမ်တွေက
    အုံ့မှိုင်းနေ၏ ။
    တိုတိုလေးနဲ့ ထိတယ်။

  1. Unknown said...:

    စမ်း စမ်း မစမ်း စမ်းတခမ်းတနားလေးတော့ဖြစ်သွားပါတယ်

  1. mboy.thp said...:

    မရောက်ဖူးလို့လာလည်တာပါအရမ်းစိတိင်းစားဖို့ ကောင်းပါတယ်

  1. mboy.thp said...:

    အခုမှလေ့လာတာဆိုတော့အမှားပါရင်နာလည်းပေးကြပါ အခုတောင်ဆရာသန်းထိုက်ရဲ့ စာအုပ်ကလေးနဲ့ လေ့ကျင့်နေရတာ

  1. mboy.thp said...:

    ဒဏ်ရာတစ်ခုရဲ့ နောက်ကွယ်မှာ အချစ်ဆိုတာရှိခဲ့ရင် ငါ့မင်းကို အခုထိမေ့လို့ မရဘူးဆိုတာ ငါကိုယ်တိုင်တောင်သတိမထားမိခဲ့ဘူး ချစ်သူ မင်းပျော်နေရင် ငါငိုရတာ ကျေနပ်ပါတယ် ..........ကိုကိုဇော် (ရွှေမိ) ရန်ကုန် လှိုင်သာယာမြို့ 

  1. Nay lin said...:

    အရမ်းကြိုက်တယ်နောက်ထက်တင်အုံးနော်

  1. Unknown said...:

    copy ခွင့်ပြုပါ ခင်ဗျ

  1. Anonymous said...:

    အရမ်း​ကောင်းတယ်​ ဗျာ...

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)