ရှေ့နေသုံးယောက် နှင့် အင်ဂျင်နီယာသုံးယောက်သည် အစည်းအဝေးတစ်ခုသို့ မီး၇ထားဖြင့်
သွားပါသည်။ ဘူတာရုံတွင်ရှေ့နေတစ်ယောက်စီက လတ်မှတ်တစ်စောင်စီ ၀ယ်ယူကြသော်လည်း အင်ဂျင်
နီယာသုံးယောက်ကမူ လတ်မှတ်တစ်စောင်တည်းသာ ၀ယ်ယူပါသည်။
"ခင်ဗျားတို့သုံးယောက် လတ်မှတ်တစ်စောင်တည်းနဲ့ ဘယ်လိုလုပ်သွားမှာလဲ" ဟု ရှေ့နေတစ်ယာက်ကမေးသည်။ 'စောင့်ကြည့်နေပေါ့ဗျာ' ဟုအင်ဂျင်နီယာတစ်ယောက်ကဖြေသည်။
ရထားပေါ်သို့ရှေ့နေများက မိမိတို့ထိုင်ခုံအသီးသီးတွင် နေရာယူထိုင်နေကြစဉ် အင်ဂျင်နီယာ
သုံးယောက်ကမူ အများသုံးအိမ်သာသို့ ကြပ်ညှပ်စွာဝင်ကာ တံခါးကိုအတင်းဆွဲ ပိတ်သည်။
လက်မှတ်စစ်ရောက်လာသောအခါ အိမ်သာတံခါးကိုခေါက်ပြီး ' ကျေးဇူးပြုပြီး လက်မှတ်ပြပါ '
ဟု ပြောလိုက်သည်။ အိမ်သာတံခါးအနည်းငယ်ဟလာပြီး လက်မှတ်တစ်စောင်နဲ့အတူ လက်တစ်ဖက်ထွက်
လာသည်။ လက်မှတ်စစ်ကာလတ်မှတ်ကိုယူကာ ထွက်ခွာသွားသည်။
သည်စိတ်ကူးကို ရှေ့နေများက အလွန်သဘောကျသွားသည်။ အစည်းအဝေးမှအပြန်တွင် အင်ဂျင်နီယာများ၏ နည်းလမ်းကို အသုံးချရန် ဆုံးဖြတ်လိုက်ကြသည်။ ဘူတာရုံတွင် အပြန်ခရီးအတွက်
လက်မှတ်တစ်စောင်သာ ၀ယ်သည်။ အံ့သြဖွယ်ရာပင်....။ အင်ဂျင်နီယာများကပင် လက်မှတ်လုံးဝမ၀ယ်ပေ။
" ဒီလိုမကောင်းတဲ့အိမ်သာထဲမှာ ဘယ်လိုများလှည့်စားမလဲ" ဟူရှေ့နေတစ်ယောက်ကမေးသည်။
' စောင့်ကြည့်ပါ ' ဟုရှေ့နေတစ်ယောက်က ပြန်ဖြေသည်။ သူတို့အားလုံးရထားပေါ်တတ်လိုက်ကြသည်။
ရှေ့နေသုံးယောက်ကအိမ်သာတစ်ခုသို့ပြေးဝင်ပြီး အင်ဂျင်နီယာသုံးယောက်ကမူ အခြားအိမ်သာတစ်ခုသို့
ဝင်လိုက်ကြသည်။
ရထားထွက်ပြီးမကြာမီမှာပင် အင်ဂျင်နီယာတစ်ယောက်က အိမ်သာထဲမှ ထွက်ကာ အခြား
အိမ်သာတံခါးကိုခေါက်ပြီး ပြောလိုက်သည်။ ' ကျေးဇူးပြုပြီး လက်မှတ်ပေးပါ ' .......
ဆတ်ဖတ်ရန်
0 comments:
Post a Comment
တစ်ခုခုတော့ရေးသွားပါလား