- (၁)နားမလည်သေးပဲကိုး
မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။
ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။
မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။
- (၂ ) ငါးနဲ့ကြက်သား
သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။
အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။
သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။
- (၃) လက်ဆင့်ကမ်း
သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။
- (၄) ဒါအချစ်လားကွယ်
ကောင်လေး ။ ။ ချမ်းနေလား ။
ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။
ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။
ကောင်လေး။ ။ ဟင် မချမ်းဘူးလား။ ဒါဆို မင်းအနွေးထည် ကိုယ့်ကို ခဏပေး ။ ကိုယ်အရမ်းချမ်းနေလို့ပါ။
- (၅) ဆင်ခြေ
အမေ။ ။ ရှောင်မင် ဘောင်ဘီ အိပ်ထဲက ပိုက်ဆံတွေကို ထုတ်ပါလို့ပြောတာ ဘယ်နှခါ ရှိပြီလဲ ။
အမြဲတမ်း ဘောင်ဘီအိပ်ထဲက ပိုက်ဆံတွေ ထွက်ထွက်လာတယ်။
ရှောင်မင် ။ ။ အာ....အမေကလည်း အဲတာ အမေ့ကို အဝတ်လျှော်ခ ပေးတာ ။
- (၆)သွားပြီးလို့
သား။ ။ နှစ်ယောက်လုံး ချစ်တယ်။
သားရဲ့အဖြေကို အဖေက မကျေမနပ် ဖြစ်ကာ
အဖေ။ ။ ကဲ ဒါဆိုကွာ အဖေက ဒစ်စနီ လိုက်ပို့မယ်။ မင်းမေမေက ပြင်သစ်ကို ရှော့ပင်းထွက်မယ်တဲ့။ သားဘယ်သူနဲ့လိုက်မလဲ။
သား။ ။ အမေနဲ့လိုက်မယ် ။ ပြင်သစ်က ပိုလှလို့။
အဖေ။ ။ ဒါဆို အဖေ ပြင်သစ် သွားမယ်ကွာ။ မင်းမေမေက ဒစ်စနီ သွားမယ်တဲ့။
သား။ ။ အမေနဲ့ပဲ လိုက်မယ်။ ပြင်သစ်က ခုဏက သွားပြီးပြီ။
- (၇)တော်တော်ငိုခဲ့တာပေါ့
“မြေးလေးရယ် မငိုနဲ့တိတ်တိတ်။ မိန်းကလေးဆိုတာ မငိုရဘူး။ ငိုလွန်းရင် ရုပ်ဆိုးတတ်တယ်ကွဲ့။”
မြေးမလေးက အငိုတိတ်သွားပြီး သူမအဖွားရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်ကာ ပြောလိုက်တယ်။
“ အဖွား ငယ်ငယ်ကတည်း ခုချိန်ထိ တော်တော်ငိုခဲ့တာပေါ့နော်။”
- (၈)ဆေးရုံသွားတဲ့လမ်း
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။
ရယ်မောခြင်းဖြင့် ဘ၀အမောတွေပြေနိုင်ပါစေ..........
ဆတ်ဖတ်ရန်
ရီရပါတယ်....