♪♪ ပထမတန်းစား ဖြစ်ချင်ပါသလား ♪♪

Labels:



ပါမောက္ခဟာ အနုဇီဝဗေဒ ကျောင်းသား (၃၀) ရဲ့ရှေ့မှောက်မှာ မတ်တတ်ရပ် နေပါတယ် ။
နောက်ဆုံးစာမေးပွဲအတွက် မေးခွန်းလွာတွေကို ဝေလုဆဲဆဲအချိန်လေးမှာပေါ့ ။
" အခုစာသင်နှစ်မှာ တပည့်တို့ရဲ့ သင်တန်းဆရာအဖြစ် ဆောင်ရွှက်ခွင့်ရခဲ့တာ ဆရာအင်မတန်မှ ၀မ်းသာမိပါတယ် ။
အခုဖြေရတော့မယ့် စာမေးပွဲအတွက် တပည့်တို့ ဘယ်လောက်ထိ ကြိုးစားပြင်ဆင်ထားခဲ့ကြသလဲ ဆိုတာ ဆရာ
အသိဆုံးပါ  ။ တပည့်တို့ထဲက အများစုဟာ ဆေးကျောင်းကို ဆက်တက်ဖို့ စိတ်ကူးနေကြသလို တစ်ချို့တွေကလည်း ဇီဝဗေဒ
ပညာကိုပဲ ရေဆုံးရေဖျား လေ့လာဆည်းပူးကြဖို့ ရည်ရွယ်ထားကြမှန်းလည်း ဆရာသိထားပါတယ် ။ "
မေးခွန်းလွှာတွေမဝေခင်မှာ ပါမောက္ခက သူ့တပည့်တွေကို နှုတ်ခွန်းဆက်စကားဆိုနေတာပါ ။ သူက ဆက်ပြောပါတယ် ။
" တပည့်တို့တစ်တွေ အခုစာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ အတွက် ဘယ်လောက် အပင်ပန်းခံထားကြရသည် ၊
ဘယ်လောက်ကြိုးစားထားခဲ့တယ် ဆိုတာ ဆရာအသိဆုံးပါ ။ တစ်နှစ်စာ သင်ခဲ့သမျှတွေကို ကျေညက်နေကြမှန်းလည်း
ဆရာသိတယ် ။ လိုရင်းပြောမယ်ဆိုရင် အခုစာမေးပွဲကိုတောင် စစ်နေစရာတောင် မလိုလှပါဘူး ။ ဒါကြောင့် အခုဖြေမဲ့
စာမေးပွဲကို မဖြေဘူးဆိုရင်တောင် ဆရာ အမှတ်ကို(ခ) အဆင့်ထိပေးဖို့ ဆရာ ရည်ရွယ်ထားတယ် ။ ဆိုလိုတာက သည်စာမေးပွဲကို
မဖြေဘဲနဲ့ ကို (၇၅)မှတ် အလိုလိုရမယ်လို့ပြောချင်တာပါ ။အဲသည်တော့ မဖြေချင်သူများရှိရင် အခုပဲထပြန်နိုင်ကြပါပြီ ......"
ပါမောက္ခရဲ့ စကားအဆုံးမှာတော့ စာမေးပွဲအတွက် ပူပန်နေကြတဲ့ ကျောင်းသားများရဲ့ သက်ပြင်းချသံကို ပီပီပြင်ပြင်ကြားလိုက်
ရပါတော့တယ် ။ ကျောင်းသားတော်တော်များများဟာ ထိုင်နေရာက ကမန်းကတန်း ထလိုက်ကြပြီး ပါမောက္ခကို ကျေးဇူးတင်
စကားပြောကြပါတယ် ။ ပြီးတော့ စာဖြေခန်းထဲကနေ ထွက်သွားကြပါတော့တယ် ။
ပါမောက္ခက သူ့အခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ လက်တစ်ဆုပ်စာ ကျောင်းသားတွေကို ကြည့်လိုက်ပြန်တယ် ။
" မဖြေချင်တဲ့သူများ ကျန်ဦးမလားမသိဘူး ။ အခုစာမေးပွဲကို မဖြေလည်းအောင်မှတ် မက (၇၅) မှတ်ထိကိုပါ ပေးမယ်လို့
ဆရာပြောပြီးသားနော် ။ ဒါနောက်ဆုံးအခွင့်အရေးပဲ ။ တပည့်တို့အထဲက မဖြေဘဲ သွားချင်တဲ့သူရှိရင် သွားနိုင်တယ် ... "
ပါမောက္ခရဲ့ စကားကြောင့်နောက်ထပ် ကျောင်းသားတစ်ယောက်လည်း မဖြေပဲ အခန်းပြင်ကိုထွက်သွားပါတော့တယ် ။
ချုပ်လိုက်တော့ လူ(၃၀) ရှိတဲ့အတန်းမှာ နောက်ဆုံးစာမေးပွဲကို ဖြေဖို့ ကျန်ရစ်သူ ဟာ (၇) ယောက်တည်းရယ် ။
သည်(၇) ယောက်ပဲကျန်တော့မှ ပါမောက္ခက အခန်းတံခါးကို ပိတ်လိုက်ပြီး ကျန်ရစ်တဲ့ကျောင်းသား(၇)ယောက်ရဲ့
အမည်စာရင်းကို ရေးမှတ်ပါတယ် ။ပြီးတော့မှ နောက်ဆုံးစာမေးပွဲအတွက်မေးခွန်းလွာတွေကို လိုက်ဝေပါတော့တယ် ။
မေးခွန်းစာရွက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ တော့ ကျောင်းသားတွေဟာ ၀ါကျလေး သုံးကြောင်းသာ တွေ့ရပါတယ် ။

" ချီးကျုးပါတယ် တပည့်ရယ် ။ တပည့်ဟာ အခုစာမေးပွဲမှာ အမှတ်(၁၀၀)အပြည့်နဲ့အောင်မြင်သွားပါပြီ ။
ဘ၀တစ်လျှောက်လုံးမှာလည်း အခုလိုပဲ မိမိကိုယ်ကို ယုံယုံကြည်ကြည် ရှိနေနိုင်အောင် အားထုတ်ပါတော့တဲ့ "

သည်ဇာတ်လမ်းလေး ကို ကျွန်တော် " အတ္တကျော် ရဲ့(နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်) ဆိုတဲ့
စာအုပ်လေးမှ ဘလော့အကို အစ်မတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ ။သည်ဇာတ်လမ်းလေးရဲ့ အဓိက အကြောင်း
ရင်းကတော့ မိမိကိုယ်ကို ယုံယုံကြည်ကြည် ရှိနေနိုင်အောင် အားထုတ်ဖို့ပေါ့ ။
စိတ်ပညာရှင်တွေကဆိုပါတယ် ။ နှစ်နှစ်သားလောက်ရောက်ပြီတာ နဲ့ မိမိကိုယ်ကို ယုံကြည်မှုက (၅၀)ရာခိုင်နှုန်းရှိလာပါပြီတဲ့ ။
ခြောက်နှစ်သားလောက်ကျရင် (၆၀) ရာခိုင်နှုန်းတိုးလာပြီး ရှစ်နှစ်သားကျရင်တော့ (၈၀)ရာခိုင်နှုန်းအထိတောင် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုက တက်လာပါသတဲ့ ။ အဲတော့ စာဖတ်သူများရော ကလေးတစ်ယောက်လိုအရာရာကို အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့
ခွန်အားတွေ ဘာလို့မရှိနိုင်ရမှာလဲ နော် ။
တစ်ခုမမေ့ဖို့က လောကမှာ မလုပ်နိုင်တာ၊မသင်နိုင်တာ ၊မမှတ်သားနိုင်တာ၊ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပါပဲ ။ မလုပ်တာ၊
မသိတာ၊မသင်တာ ၊မမှတ်သားတာ ၊အားမထုတ်တာသာရှိပါတယ် ။
အဲသည်တော့ ဘယ်သူယုံယုံ၊မယုံယုံ ကိုယ့်ကိုယ်ကိုယ်ယုံဖို့က အဓိကပါ ။
ကိုယ့်ကိုယ်ကိုယုံကြည်ဖို့အတွက် ပိုက်ဆံပေးရတာမှ မဟုတ်တာ
ယုံကြည်လိုက်စမ်းပါ ..................

                                                                       အားလုံးပျော်ရွှင်နိုင်ပါစေနော်
                                                                       ခင်တဲ့(အိမ်မက်ကောင်းကင်)

16 comments:

  1. ဖတ်ပြီးကြက်သီးတောင်ထတယ်။ ယုံကြည်မှုတော့အမြဲမွေးနိုင်အောင်ကြိုးစားနေပါတယ်မောင်လေးရေ။ဒီပို့စ်လေးအတွက်ကျေးဇူးနော်။

  1. 8Yar said...:

    တန်ဖိုးရှိတဲ့ Post လေးပါ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ အိမ်မက်ကောင်းကင် ရေ။

  1. Candy said...:

    တကယ်ကောင်းတဲ့ ပိုစ့်လေးပဲ... ကြိုက်တယ်

  1. ဟုတ်တယ် ကောင်းကင်ရေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားသင့်ကြပါတယ်။

    ခင်မင်တဲ့
    ဘုန်းဘုန်းတောက်

  1. ကျေးဇူးပဲကွယ် ..

  1. တကယ်တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ

    ကျေးဇူးတင်ပါတယ် သူငယ်ချင်းတွေမျှဝေဖို့ ကူးယူသွားပါတယ်နော်

  1. စာကောင်းပေကောင်းလေးကို
    လာဖတ်သွားပါတယ်...
    အမ ကတော့ ကိုယ့်ကိုယ်ကို
    ယုံကြည်မှုအပြည့်အ၀ရှိဖို့ ကြိုးစားရဦးမယ်.. :)

  1. Anonymous said...:

    ဖတ်ပြီး စိတ်အားတက်ရပါတယ်

    ~ Kk ~

  1. မြတ်နိုးသူ(MUFL) said...:

    ဘ၀တစ်လျှောက်လုံးမှာမိမိကိုယ်ကိုယုံယုံ
    ကြည်ကြည်ရှိနေနိုင်အောင်ကြိုးစားပါတဲ့
    ပိုစ့်လေးအရမ်းကောင်းတယ်မောင်လေးေ၇
    အားပေးသွားပါတယ်နော်

  1. အန်တီလေးမေခင် said...:

    မသိတာ၊မသင်တာ ၊မမှတ်သားတာ ၊အားမထုတ်တာသာရှိပါတယ် ။
    အဲသည်တော့ ဘယ်သူယုံယုံ၊မယုံယုံ ကိုယ့်ကိုယ်ကိုယ်ယုံဖို့က အဓိကပါ ။
    ကိုယ့်ကိုယ်ကိုယုံကြည်ဖို့အတွက် ပိုက်ဆံပေးရတာမှ မဟုတ်တာ
    ယုံကြည်လိုက်စမ်းပါ
    ကောင်းကင်လေးရေကောင်းသောပိုစ့်လေးပါကွယ်
    အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

  1. တန်ဖိုးရှိတဲ့ပိုစ့်ကောင်းလေးတစ်ပုဒ်ကို ခုလိုပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်မောင်လေးရေ ... :)

  1. လသာည said...:

    ဖတ်ရင်း အနာဂတ်အတွက် အားရှိသွားတယ်။ စဉ်းစားစရာ တချို့လည်း ရသွားတယ်။ ကျေးဇူး။

    လာလည်သွားတာလည်း ကျေးဇူးပါနော်။

  1. ဒီပို့စ်လေးကို အရမ်းသဘောကျမိတယ်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

  1. ကျနော်သာဆိုရင်လည်းထွက်သွားမိမယ်ထင်တာပဲဗျာ...
    ဒီပိုစ်လေးဖတ်မိပြီးမှ ကိုယ့်ကိုကိုယ်တော်တော်ယုံကြည်မှုနည်းနေသေးတယ်ဆိုတာကို သိတော့တယ်ဗျာ။
    ကျေးဇူးပဲ...
    ရှေဆက်ရမဲ့လမ်းအတွက် ယုံကြည်မှုကိုမွှေးဖွားပေးတဲ့ပိုစ်လေးကို ဖတ်ခွင့်ရလို့...

  1. Anonymous said...:

    အရမ်းကောင်းတဲ့ ပိုစ်လေးပါ အားပေးသွားပါတယ် များများတင်ပေးပါလို့ ..။

  1. Glory said...:

    I like it very much,so many thank.Your post is knowledge for me.Since now,I must put "the believe" in my mind.

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)