♥ ၀မ်းနည်းစွာဖြင့် နှုတ်ဆတ်ခဲ့ပါတယ် ♥

Labels:

ကျွန်တော် သူ့ ကိုထားခဲ့ရတော့မယ် .....
မထားခဲ့ချင်ပေမဲ့လည်း  သူ့ ကိုထားသွားရတော့မယ် .....
အခုလိုထားသွားတာ ကို သူ နားလည်ပေးလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ် .....
ဖြစ်နိုင်ရင်တော့ ကျွန်တော် သူ့ ကိုဘယ်ထားသွားချင်ပါ့မလဲ .....
သူ့ အပေါ် သံယောဇဉ် တော်တော်တွယ် နေမိပြီလေ .....
ကျွန်တော့် စိတ်ထဲမှာလည်း ကြာလေကြာလေ သူ့အပေါ် ပိုပြီး စိုးရိမ်နေမိတယ် ......
သူ ဘယ်ချိန်များ ကျွန်တော့်ကို ထားသွားမှာလဲ ......
ဘယ်ချိန်များ သူ ကျွန်တော် မသိအောင် တိတ်တိတ်လေးထွက်သွားမလဲ ပေါ့ ......
ဒါပေမဲ့ သူ ကျွန်တော်ကို မထားသွားပါဘူး .....
ကျွန်တော် ကိုယ်တိုင် ပဲ သူ့ကိုထားသွားခဲ့တာပါ .....
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ .....
ခွဲရမဲ့ အတူတူတော့ .....
အစကတည်းက မတွေ့ခဲ့ဖြစ်ကြရင် .....
ပိုကောင်းမှာပဲ လို့လည်း စိတ်ထဲမှာ အမြဲတွေးနေမိတယ် .....
အခုလို သူ့ အပေါ်သံယောဇဉ် ရှိလျှက်နဲ့ ကျွန်တော် သူ့ကို ခွဲရတော့မယ် .....
တစ်လကျော်ကျော် ဆိုတဲ့ အချိန်လေးဆိုပေမဲ့လည်း ......
သူ့အပေါ်သံယောဇဉ် ကြီးနေတော့ ......
တစ်လကျော်ဆိုတာကို စိတ်ထဲမှာ အကြာကြီးလိုခံစားနေရတယ် .....
သူမရှိတဲ့ နေ့ရက်တွေကိုလည်း ကျွန်တော်တစ်ယောက်တည်း .....
အထီးကျန်စွာ ဖြတ်သန်းရတော့မယ် ......
သူ့ ကိုလွမ်းနေရတော့မယ်လေ ......
ခါတိုင်းဆို မနက်မိုးလင်းတာနဲ့ သူကို ထိုင်ကြည့်ပြီး .....
ကျွန်တော် ကြည်နူးမိတယ် .....
ပျော်ရွှင်မိတယ် .......
အခုတော့ ကျွန်တော် သူ့ ကိုထားခဲ့ရတော့မှာကို သိရတော့ .....
ကျွန်တော် စိတ်မကောင်းဖြစ်မိတယ် ......
သူ တစ်ယောက်တည်း အထီးကျန် ရစ်ခဲ့မှာကိုလည်း ......
ကျွန်တော် မမြင်ရက်ဘူး ......
ဒါပေမဲ့လည်း ကျွန်တော် သူ့ကို စိတ်မကောင်းစွာနဲ့ပဲ ......
ထားရစ်ခဲ့လိုက်တယ် ........
(သည် စာသားလေးတွေထဲမှာ " သူ " ဆိုတာ ကျွန်တော့် ဘလော့လေးကိုပြောတာပါ :P)
ကျွန်တော် ကျောင်းသွားတတ်ရတော့မှာ ဖြစ်တာကြောင့်
ကျွန်တော် ဘလော့လေးကို တစ်လကျော်လောက် နားထားရတော့မှာလေ
ကျွန်တော့် ဘလော့လေးက ဘာတန်ဖိုးမှ မရှိဘူးဆိုပေမဲ့လည်း
ကျွန်တော့် ဘလော့လေးအပေါ် ကျွန်တော် မြတ်နိုးတန်ဖိုးထားတယ်
သည် ဘလော့လေးက ကျွန်တော့်ကို ပျော်ရွှင်မှုတွေပေးစွမ်းနိုင်သလို
တစ်နေ့တာ အလုပ်တွေအတွက် အားဆေးတစ်ခွက် ဆိုလည်းမမှားဘူးပေါ့
ဘလော့ အစ်ကို၊ အစ်မတွေက အမြဲလိုလိုလာအားပေးတဲ့အတွက်ကြောင့်
ကျွန်တော့် ဘလော့လေး သာယာလာတာပါ
ဘလော့ အကို၊အစ်မတွေရဲ့ Comment လေးတွေက
ကျွန်တော့် ကိုပျော်ရွှင်စေတယ် ၊ခွန်အားလည်းဖြစ်စေတယ်လေ
ဘလော့ အကို၊အစ်မတွေနဲ့ အပြင်မှာမတွေ့ဖူးပေမဲ့လည်း
စိတ်ထဲမှာတော့ အားလုံးကို ခင်တွယ်နေမိတာ အမှန်ပါပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်လေးမှာ
ဘလော့ဂါ အားလုံး တစ်နေရာမှာ အတူဆုံကြရင်
ကောင်းမှာပဲ လို့ ကျွန်တော်စိတ်ကူးမိတယ်
သည်စိတ်ကူးလေး တစ်ကယ်ဖြစ်လာရင်
ကောင်းမှာပဲနော် ...............

ကျွန်တော် အရမ်းကြိုက်တဲ့ စာသားလေး နှစ်ခုရှိတယ် ။ ကျွန်တော့် ရဲ့ လက်စွဲတော်စာသားလေးဆိုရင်လည်း မမှားဘူးပေါ့ ။


ပထမဆုံး တစ်ခုကတော့ " တစ်ခါတစ်လေမှာ ဘာမှမသိတာ အကောင်းဆုံးပဲ " တဲ့
ဟုတ်တယ် သည်စာသားလေး အတိုင်း တစ်ခါတစ်ခါ ကျွန်တော် အရာအားလုံးကိုမေ့ထားပစ်ချင်တယ်
တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်ခဲ့မိတယ် ။ လူတိုင်းလိုလည်း တစ်နေ့မှာ တစ်နာရီ ဒါမှမဟုတ် နာရီဝက်လောက်
တစ်ယောက်တည်းနေရင်း သည်နေ့ငါဘာတွေများလုပ်ခဲ့လဲ ဒါမှမဟုတ် တစ်ခုခုကိုစဉ်းစားနေပေါ့ ။ ဒါမှမဟုတ်သီချင်းနားထောင်နေပေါ့ ။
သီချင်းနားထောင်ခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တယ်လေ ။ " တစ်ခါတစ်လေမှာ ဘာမှမသိတာ အကောင်းဆုံးပဲ " ဆိုတဲ့စာသားလေးကို
ကျွန်တော် အရမ်းပဲ ကြိုက်နှစ်သက်ခဲ့တယ် ။


  နောက် စာသားတစ်ခုကတော့
 " လူတစ်ယောက်ဟာ အမြဲတမ်း မမှားနိုင်ပါဘူး ရပ်နေတဲ့နာရီတောင်မှ တစ်နေ့ကို နှစ်ခါမှန်နေသေးတာပဲတဲ့ "
သည်စာသားလေးကိုလည်း အရမ်းကြိုက်ခဲ့မိတယ် ။ စိတ်ထဲမှာ ရှိတာလေးတွေကို ထင်သလိုချရေးလိုက်တာပါ ။ ဘာမှမဟုတ်တာကိုလည်း လာအားပေးတဲ့
ဘလော့အကို၊အစ်မများအားလုံး ကိုလည်း ကျေးဇူးတင်ပါတယ် ။ အားလုံးကို နှုတ်ဆတ်ခဲ့တယ်နော် ။ ပြန်လာမှပဲ စာကြွေးတွေလိုက်ဆပ်တော့မယ် :D..........
အားလုံးပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော် ...............

ခင်တဲ့(အိမ်မက်ကောင်းကင်)


20 comments:

  1. အိမ်မက်ရေ ဘလော့ရေးဖို့အဆင်မပြေရင်နားပေါ့
    စောင့်နေတယ် ပြန်လာမယ့်ရက်ကိုလေ
    ကျိုးစာနော် အဆင်ပြေရင်ဘလော့ထဲပြန်ဝင်လာခဲ့
    အိမ်မက်လဲ ပျော်ရွှင်ပါစေ
    ဘာပဲလုပ်လုပ် အောင်မြင်ပါစေ
    ခင်မင်တဲ့ sis jasmine

  1. ပြန်လာမယ့်ရက်ကိုမျှော်နေပါ့မယ်

  1. နွေလ said...:

    ကျွန်တော်တောင်မှ သုံးပတ်ကလေးကို
    သုံးနှစ်လောက် ထင်နေတာဗျ
    အစ်ကိုက တစ်လကျော်ကျော်ဆိုတော့
    လေးငါးခြောက်နှစ်လောက်ပေါ့
    စိတ်ဖြောင့်ဖြောင့်သာ သွားပါ
    အားတဲ့အခါတိုင်း အိမ်သန့်ရှင်းရေး
    လာလုပ်ပေးပါမယ်ဗျာ

  1. အိပ်မက်ရေ.....

    အချိန်ဟာ ခဏလေးပါ ။

    အရာရာအေးချမ်းပြီး

    အမြန်ဆုံးပြန်လာနိုင်ပါစေ ။

  1. Unknown said...:

    အိမ်မက်လေးရေ
    ပြန်လာမယ့်ရက်ကိုစောင့်မျှော်အားပေးနေပါ့မယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

  1. ဒီကမှအလွမ်းဓါတ်ခံလေးတွေရှိပါတယ်ဆို
    သူကလွမ်းစရာတွေပဲပြောသွားတယ်နော်
    ပြန်လာမယ့်ရက်ကိုမျှော်နေမယ်မောင်လေးရေ
    စာလည်းကြိုးစားခဲ့နော်

  1. ဟုတ်ပါပြီလေ။
    ပြန်လာမဲ့ရက်ကို မျှော်နေမယ်။
    အောင်မြင်မှုတွေ ရရှိနိုင်ပါစေနော်။

  1. ပညာရေးအတွက်ပဲ အိမ်မက်ရေကြိုးစားနော်.. ပြန်လာမဲ့ရက်ကိုမျှော်နေပါတယ်ကွယ်..

  1. kiim said...:

    ခေါင်းစဉ်မြင်တော့နဲနဲလန့် သွားတယ်မောင်လေးရေ..
    စိတ်မကောင်းလိုက်တာလို့ ပြောပြန်ရင်လဲ ကျောင်းသွား
    တက်မှာဆိုတော့ မပြောချင်ဘူး..
    မပြောပြန်တော့လဲ.. ဟင်းးးး :D
    စာကောင်းကောင်းသင်ခဲ့နော်..
    ပြီးရင် ဘလော့ဂ်မှာ အတွေ့ အကြုံလေးတွေပြန်ဝေမျှပေါ့...း)

  1. ဟင်..မသွားလို့မရဘူးလား..အိပ်မက်လေးရ..
    တားချင်ပေမဲ့ ကိုယ်က တားခွင့်မှမရှိတာ....ထားပါ..
    ပြန်လာမှာပဲကိုနော်...အမပြောလို့ မောင်လေးစိတ်မကောင်းဖြစ်မှာတော့
    မလိုလားမိတာ အမှန်...အင်းလေ..ပညာရှာတာပဲဟာ...
    စာကောင်းကောင်းသင်ခဲ့..အမတို့အားလုံးမျှော်နေတယ်ဆိုတာမမေ့နဲ့နော်...
    ပြန်လာရင်တော့ မြင်ယောင်မိသေးရဲ့...အိပ်မက်လေးတစ်ယောက်
    စာကြွေးတွေ အသည်းအသန်လိုက်ဆပ်နေရမှာကိုလေ....:P
    ခင်မင်နေတဲ့....အမမိုးနတ်

  1. ညီလေးကောင်းကင်ရေ အမှန်အတိုင်းပြောရရင် တကယ်သံယောဇဉ် ဖြစ်သွားပြီဗျာ။ တစ်နေ့နေ့တစ်ချိန်န်မှာတော့ ခွဲခွါရမယ်ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် ဒီလောက်စောမယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အစစအရာရာ အဆင်ပြေပြီး ခပ်မြန်မြန် ဘလော့ပေါ် ပြန်ရောက်ပါစေလို့...
    ခင်မင်တဲ့

  1. Candy said...:

    ခေါင်းစဉ်ကြီးတွေ့လို့ အလန့်တကြားရောက်လာတာ...တော်သေးတာပေါ့ အပြီးအပိုင်စွန့်ခွာတာ မဟုတ်လို့... တလနေရင် ပြန်လာပေါ့... စောင့်နေမယ်..

    ဒါနဲ့ ဓာတ်ပုံထဲက ကောင်လေးက မင်းလား??? လူချောလေးပဲ ချစ်ဖို့လည်း ကောင်းတယ်.. ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေမှာ မြင်ယောင်သေးတယ် :D

    ခင်တဲ့
    ချိုချဉ်

  1. ကောင်းကင်ရေ ပြန်လာမယ့်အချိန်ကိုမျှော်နေမယ်

    ဘလော့လေးနဲ့  ဘလော့မိတ်ဆွေတွေကို

    စာလေးရေးပြီးနှုတ်ဆက်တာ တော်တော်လေးလှတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

  1. Phyu Lwin said...:

    တစ်လပြည့်ရင်တော့ အတိုးချပြီး များများသာရေးပေါ့ မောင်လေးရေ.. အားလုံးအဆင်ပြေပါစေ

  1. Yoemyaykya said...:

    ခဏထားခဲ့ရတာပါမောင်လေးရယ်။ပြန်လာတဲ့အချိန်တို့တွေပြန်ဆုံကြတာပေါ့။

  1. အိမ်မက်လေးရဲ့ ပိုစ်အသစ်လေးတွေကို စောင့်မျှော်အားပေးနေမယ်..
    အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေနော်..
    ခင်တဲ့
    လေပြေ

  1. Anonymous said...:

    ပြန်လာတဲ့အခါ ပြန်ဆုံကြမယ်ကွယ်

    ~ Kk ~

  1. Yoemyaykya said...:

    တစ်လပြည့်ခါနီးပီဆိုတော့ ပြန်လာမယ့်ရက်နီးပီနော်။ ဘာရယ်မဟုတ်ဘူး။သတိရလို့လာလည်ခဲ့တာ။

  1. mstint said...:

    မနက်ဖြန်ဆိုရင် တစ်လပြည့်ပြီမို့ အိပ်မက်လေး သူချစ်တဲ့
    ဘလော့လေးကို စကားလုံးလှလှလေးတွေနဲ့ ပြန်လည်စီခြယ်တော့မယ်လို့
    နွေးထွေးစွာကြိုဆိုရင်း မျှော်လင့်နေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. Mr.Cheguevara said...:

    ကျွန်တော်ဘ၀မှာအရမ်းချစ်တဲမမတစ်ယောက်ရှိပါတယ်သူကလဲးအရမ်းချစ်သလိုကျွန်တော်ကလဲး
    အရမ်းချစ်ပါတယ်သူကဘယ်သူလဲးဆိုရင်မမ ငုဝါ ***ပါဒါပေမဲ့ဗျာကျွန်တော်နဲသူနဲ့ကအဝေးကြီးမျှာန
    ရတဲအချိန်မှာသူကအချားယောကျာ်းလေးတစ်ယောက်နဲအတက်အသွယ်ရှိတယ်လိုကျွန်တော်နဲတွေတိုင်းအကြားလူတစ်ယောက်အကြောင်းပဲပြေားပြခဲတယ်ကျွန်တော်နဲပက်သက်ခဲသမျမပြေားတော့
    ဘူးအဲဒါဘာကြောင့်လဲး******။သူကျွန်တော်ကိုမချစ်တော့လိုပေါ့နော်

Post a Comment

တစ်ခုခုတော့ရေးသွားပါလား

Related Posts Plugin for WordPress, Blogger...javascript:void(0)