♥♥ အတုယူစရာ ပုံပြင်များ(၁) ♥♥

Labels:

(၁) အတွေ့အကြုံက ရသော အသိ

ခင်္သေရယ် ၊မြည်းရယ် ၊မြေခွေးရယ် မိတ်ဆွေဖြစ်ကြပြီး အစာရှာထွက်ခဲ့ကြသတဲ့ ။
အမဲတစ်ကောင်ကိုရတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ပြောတယ် ။
မြည်းဟာ အမဲကောင်ကို သုံးပုံ အညီအမျှ ခွဲလိုက်တယ် ။
ပြီးတော့မှ ခြင်္သေ့ ကို တစ်ပုံယူစေလိုက်တယ် ။
ခြင်္သေ့ဟာ မြည်းကိုစိတ်ဆိုးသွားပြီး ကိုက်စားပစ်လိုက်ပါရော။
နောက်မြေခွေးကို ခွဲခိုင်းပြန်တယ် ။
မြေခွေးဟာ ဝေစုအားလုံးကို တစ်ပုံတည်း ပုံလိုက်တယ် ။
သူ့အတွက် အကြွင်းအကျန်နည်းနည်းပဲ ချန်ထားတာပေါ့ ။ပြီးတော့မှ
ခြင်္သေ့ကို ယူစေလိုက်တယ် ။ခြင်္သေ့က သဘောကျသွားတာပေါ့ ။
ခြင်္သေ့က သည်လိုဝေစုခွဲပုံကို ဘယ်သူ သင်ပေးတာလဲ လို့ မြေခွေးကို
မေးလိုက်တာပေါ့ ။
" မြည်းရဲ့ အဖြစ်ကို ကြည့်ပြီး သိတာပါ " လို့မြေခွေးကပြောလိုက်တယ် ။

(အခြားသူတွေ ဘေးဒုက္ခတွေ့ပုံကို ကြည့်ပြီး ကိုယ်က သင်ခန်းစာယူတတ်ရတယ်။ )


(၂) ခြင်္သေ့ ရဲ့ ပြောဆိုချက်

တစ်ခါတုန်းက ခြင်္သေ့ တစ်ကောင်နဲ့ လူတစ်ယောက် ခရီးအတူထွက်လာကြတယ် ။
နှစ်ယောက်စလုံး ဟာ တစ်ဦးကိုတစ်ဦး ကြွားဝါပြောဆိုရင်း လာခဲ့တာပေါ့ ။
ခြင်္သေ့ကို လူက ဓါးနဲ့ ထိုးသတ်နေတဲ့ ပုံကို ထုထားတဲ့ ကျောက်ရုပ်ထုကို လမ်းမှာတွေ့တယ် ။
ဒီအခါမှာ လူက ကျောက်ရုပ် ဆီလက်ညှိုးထိုးပြရင်း
" တွေ့တယ်မလား လူတွေဟာ မင်းတို့ခြင်္သေ့တွေထက် သန်စွမ်းတယ် " လို့ပြောလိုက်တယ် ။
ခြင်္သေ့က ပြုံးလိုက်တာပေါ့ကွယ် ။ ပြီးတော့ . . . . .
" ခြင်္သေ့တွေသာ ပန်းပုပညာကို တတ်မယ်ဆိုရင် လူကိုခြင်္သေ့ ကကိုက်စားနေပုံလည်း ခင်ဗျားတွေ့ရလိမ့်မယ် "
လို့ ပြန်ပြောလိုက်တယ် ။

(လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ ။)

 (၃) ပိရိအောင် မညာတတ်သူ

လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ် ။
ကြာရှည်လှတဲ့ ရေလမ်းခရီး တစ်လျှောက်မျာ အပျင်းဖြေအချိန်ကုန်လွန်စေဖို့တဲ့ ။
ခရီးသွားတစ်ယောက်ကတော့ မျောက်ကိုခေါ်ခဲ့တယ် ။
အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။
မုန်တိုင်းဒဏ်ကြောင့် လှေလည်း မှောက်သါားတယ် ။
ဒီတော့ လူတွေရေထဲကျကုန်တယ် ။ခုနကမျောက်လည်းကျသွားတာပေါ့ ။ သူတို့ ဟာတွယ်စရာတစ်ခုကိုဖက်ပြီး ပင်လယ်ထဲ
မျောနေတာပေါ့ ။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။
အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စစ် ကိုလည်း ရောက်ရော လင်းပိုင်ငါးက
 " ခင်ဗျားဟာ အေသင်ပြည်သားလား " လို့မေးပါတယ်။
မျောက်ကလည်း ဟုတ်ပါတယ် လို့ပြန်ဖြေလိုက်တယ် ။ဒါတင်မက ဘူး ကျွန်တော့် မိဘတွေ ဟာအေသင်ပြည်မှာ
အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါ လို့ ထပ်ပြောလိုက်သေးတယ် ။
" ပိုင်ရီအပ်စ် ကိုသိပါသလား " လို့မေးတယ် ။မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး ။
ဒါကြောင့် ပိုင်ရီအပ်စ်ကို ကောင်းကောင်းသိတဲ့ အကြောင်း၊ ပိုင်ရီအပ်စ်ဟာ သူ့မိတ်ဆွေဖြစ်တဲ့ အကြောင်း ပြောဆိုတာပေါ့ ။
သူလိမ်ညာနေမှန်း လင်းပိုင်က သိသွားပြိး စိတ်အတော်ဆိုးသွားတယ် ။
သူ့ကိုလည်း ကျောပေါ်က ခါချပစ်လိုက်တာပေါ့ ။ ဒီလိုနဲ့မျောက် ဟာ ရေနစ်သေဆုံးသွားပါတယ် ။

(လူတွေဟာ မိမိကိုယ်တိုင် မသိမကျွမ်းတဲ့ ကိစ္စကို အခြားသူတွေ ယုံကြည်မယ်ထင်ပြီး ပုံပြင်ထဲကမျောက်လိုပဲဖြီးတတ်သူ တွေအများကြီးပါ )

ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်)
အီစွတ် ပုံပြင်ပေါင်းချုပ် မှ
ပြန်လည်တင်ပြပါသည် . . . .

♥♥♥ ထင်သလောက်မဆိုးတဲ့ လောက ♥♥♥

Labels:



  • ကျွန်တော်နဲ့ အတူ စာဖတ်ဝါသနာ ပါတဲ့ အစ်ကို ၊ အစ်မ များကို
  • ဖတ်လို့ ကောင်းတဲ့ စာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။
  • တစ်ကယ်လို့သာ ကမ္ဘာ့လူဦးရေ ကို လူတစ်ရာပဲ အတိအကျရှိနေတဲ့
  • ရွာကလေးတစ်ရွာ အဖြစ်လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား
  • မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့ ။
  • လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက် ၊ ဥရောပတိုက်သားက (၂၁) ယောက်
          အနောက်တိုင်းသားက (၁၄) ယောက်နဲ့ ၊ အာဖရိကတိုက်သားက (၈) ယောက်ရှိနေလိမ့်မယ် ။

  • အဲ . . . အဲဒီတစ်ရာမှာ အမျိုးသမီးက (၅၂) ယောက်နဲ့ အမျိုးသားက (၄၈) ယောက်အချိုး ရှိနေပြန်သတဲ့ ။
  • လူဖြူက (၃၀) ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ ၊ ကျွန်တော်တို့ အာရှတိုက်သားတွေလို အညိုတွေ၊ အ၀ါတွေက
         (၇၀) တောင်ရှိမယ် ။  
  • အလားတူပဲ ခရစ်ယာန်ဘာသာဝင်က ၃၀ ဖြစ်ပြီး ခရစ်ယာန်မဟုတ်တဲ့ တစ်ခြား ဘာသာအသီးသီးကို
  • ကိုးကွယ်ယုံကြည်သူက (၇၀) ရှိမယ်လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ် ။
  • အဲ . . . လိင်ကွဲကိုမှ စုံမက်တတ်သူ(ယောကျာင်္း ကမိန်းမကိုပဲ ကြိုက်တာ ၊မိန်းမကလည်း ယောက်ကျားကိုပဲ ကြိုက်တာ)
  • က (၈၉) ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှအကြိုက်ကျသူ (မိန်းမလျာ ၊ယောကျာင်္းလျာ)က (၁၁) ယောက်
  • ရှိနေပါတယ် ။
  • အဲဒီ တစ်ရာထဲကမှ (၆) ယောက်ဟာ ကမ္ဘာ့ကြွယ် ၀မှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားမှာဖြစ်ပြီး ၊ အဲသည်ခြောက်ယောက်စလုံးဟာ
  • အမေရိကန်နိုင်ငံက ဖြစ်နေသတဲ့ ၊ အယောက်(၈၀) ကတော့ အိမ်နဲ့ ယာနဲ့ ကျကျနန နေနိုင်သူတွေမဟုတ်ပဲ ဖြစ်သလိုနေတဲ့ သူတွေတဲ့ ။
  • တစ်ရာမှာ (၇၀) မှာ စာမဖတ်တတ်ဘူး ။ ပြီးတော့ (၅၀) က အာဟာရချို့တဲ့ နေတယ် ။ အစာရေစာ မ၀လင်ဘူးတဲ့ ။
  • တစ်ရာမှာ တစ်ယောက်က သေလုမျှောပါး ဖြစ်နေသလို နောက်တစ်ယောက်လည်း မီးဖွားလုဆဲဆဲ ဖြစ်နေပြန်တယ် ။
  • ပြီးတော့ တစ်ရာမှာ တစ်ယောက်ဆိုတစ်ယောက်တည်းသာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ် ။
  • ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပျုတာကိုပိုင်ဆိုင်ပါတယ်တဲ့ ။
  • ဒါဟာ ကနေ့ ကမ္ဘာ့ လက်ရှိလူဦးရေ နဲ့ သက်ဆိုင်ရာ ကိန်းဂဏန်းများအချိုးအစားပါ ။ တစ်ရာနဲ့ ချိန်ပြောရင် အဲဒီအတိုင်းပဲ ထွက်ပါတယ် ။

  • အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့ အခါ လက်ခံနိုင်ဖို့ ၊ နားလည် ပေးနိုင်ဖို့နဲ့ ၊ ပညာကိုတန်ဖိုးထားဖို့ ဆိုတဲ့ အရေးကိစ္စတွေ ဟာ အင်မတန်အရေးကြီး
    တယ်ဆိုတာ သိသာထင်ရှားလှပါတယ် ။


  • ဒါတင်မကသေးပါဘူး ။အောက်အချက်အလက်တွေကလည်း တော်တော့်ကို စဉ်းစားစရာကောင်းလာပါလိမ့်မယ် ။
  • တစ်ကယ်လို့ စာဖတ်သူဟာ သည်မနက် အိပ်ယာကနေ ကျန်းကျန်းမာမာနဲ့ အိပ်ရာက နိုးထခဲ့မယ်ဆိုရင်
  • စာဖတ်သူဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးသွားရမဲ့ ကမ္ဘာ့ပေါ်က လူ (၁) သန်းထက် အများကြီး ပိုကံကောင်းနေတယ်မဟုတ်လား ။ 

  • စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို မခံစားဘူး ၊အကျဉ်းစံ ဘ၀မှာလည်း မနေဖူးဘူး ၊နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကိုလည်း
  • မခံစားခဲ့ဘူး ၊ ဒါမှမဟုတ်ငတ်မွတ်မှု ဒဏ်ကိုလည်းမခံစားခဲ့ဖူးဆိုရင်တော့ စာဖတ်သူဟာ အဲဒီ ဒဏ် တွေကို ခံစားခဲ့၊ ခံစားဆဲ ၊
  • ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀) ထဲမှာ မပါတဲ့ ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ် ။
  • ဘုရားကျောင်းကန် ၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း ၊ ၀တ်ပြု ဆောင် ၊ခန်းမ ၊ ဗလီစတာတွေကို စိတ်အေးလက်အေး
  • သွားနိုင်တယ်၊ အဲသလိုသွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံဆိုရင် စာဖတ်သူဟာ ကမ္ဘာမှာ အဲလိုမျိုးကို စိုးရိမ်တစ်ကြီး ဖြစ်နေရှာတဲ့
  • လူပေါင်း (၃) ကုဋာ ထက် ပိုကံကောင်းနေပါတယ် ။
  • စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူ ရှိနေတယ် ၊ ခါးပေါ်မှာ အ၀တ်လည်း ရှိတယ် ၊
  • အမိုးအကာအောက်မှာ ကျောခင်း စရာနေရာလေးတစ်ခု ရှိနေတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့
  • လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ် ။
  • ဘဏ်တိုက်ထဲမှာ ငွေကြေးလေးရှိတယ် ၊ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစကြေးစလေးတွေရှိနေတယ် ၊
  • အိတ်ထဲမှာလည်း ပိုက်ဆံအနည်းအကျဉ်းရှိတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့ မရှိမရှား လူတန်းစား (၈၀) ရာခိုင်နှုန်း
  • ထဲမှာ ပါတယ် လို့ မှတ်ယူနိုင်ပါတယ် ။
  • သည်အထဲမှာ မှ မိစုံဖစုံ လည်းရှိသေးတယ် ၊ အမေနဲ့ အဖေနဲ့ကလည်း အခုချိန်အထိ ပေါင်းနေကြသေးတယ်ဆိုရင်တော့
  • ကမ္ဘာ့ ရှားစာရင်းထဲမှာ တောင်စာဖတ်သူပါသွားပါပြိ ။

အခု ကျွန်တော်တင်လိုက်တဲ့ သည်ပိုစ့်လေးကို ဖတ်နေပြီဆိုရင် စာဖတ်သူဟာ
ကမ္ဘာ့ မှာရှိတဲ့ မရေးတတ် ၊မဖတ်တတ်ရှာတဲ့ လူပေါင်း နှစ်ကုဋာ ထက်
ကံကောင်းတဲ့ သူဖြစ်နေတာ အသေအချာပါ ။








မှတ်ချက် ။          ။  အတွေးသစ် ဂျာနယ်မှ ပြန်လည် ဖော်ပြသည် ။

                                                                                             ခင်မင်လေးစားစွာဖြင့် 
                                                                                            (အိမ်မက်ကောင်းကင်)

♥♥♥ ဟာသပုံလေးများ(၇) ♥♥♥

Labels:

တစ်နေ့တစ်နေ့ ပင်ပန်းသမျှ သည်ဟာသပုံလေးတွေကိုကြည့်ရင်း အမော ပြေပျောက်နိုင်ကြပါစေ ။
နေတတ်ရင်လော ကကြီးဟာပျော်စရာကောင်းပါတယ် ။ အမြဲတမ်းပြုံးနေတာ ဟာလည်း သင်ကိုယ်တိုင်မက သူတစ်ပါးကို ပါ စိတ်ကြည်လင်အေးမြစေပါတယ် ။ ဒါကြောင့် အမြဲတမ်းပြုံးပြုံးလေးနေလိုက်ပါ ။ (ဟိတ်ရယ်မနေနဲ့ :D)  များများရယ်ခြင်းဟာလည်း ကျန်းမာရေးအတွက် အားဆေးတစ်ခွက်ဖြစ်သလို တစ်ရက်ရယ်ရင် တစ်ရက်အသက်ပိုရှည်ပါတယ် :P
ဒါကြောင့် ပုံလေးတွေကိုကြည့်ရင်း ရယ်သွားကြဦးနော် ။ ကျွန်တော်ဘလော့လေးကို လာလည်သူတိုင်း ကိုပျော်ရွှင်စေချင်တာ ဟာ လည်း ကျွန်တော့် ရဲ့ ဆန္ဒ တစ်ခုပါပဲ ။မရယ်ရဘူးဆိုရင်တောင်မှ ပြုံးသွားတယ် ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ ။ ပုံတွေကိုလည်း Facebook မှ စုစည်းတင်ပြထားတာ ၀န်ခံပါတယ် ။


အားလုံးလို လို ကိုးရီးယားမင်းသား F4 ကိုသိကြမှာပါ ။ ပရိသတ်တွေအသည်းစွဲလေ ။အခုလည်းပရိသတ်များမျှော်လင့်တောင့် တနေတဲ့ မြန်မာ F4 မင်းသားလေးတွေ ထွက်ပေါ်လာပါပြီ :P

ကီးကီ အလှပြင်ဆိုင် ဖွင့်တာမကြာသေးပါဘူး ။ ဖွင့်ပြီးဆယ်ရက်အတွင်း အလကား Free ပေးပါတယ် ။
အလှပြင်ချင်တဲ့ အကို၊ အစ်မ များ မြန်မြန်လေးသာ လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ် ။ပုံမှာပြ ထားတဲ့ အတိုင်းချောစေဖို့ အားမခံပါတယ် :P

ကောင်လေးက စင်ကာပူက အဖွားကို လပ်တော့(Laptop)မှာ နေတာပါ ။

ခေတ်ကြီးက တိုးတတ်လာတော့ ဖူးစာရေးနတ်မင်းကြီးတောင် အလုပ်လက်မဲ့ဖြစ်နေ၇ပါပြီ ။

Online ရဲ့စည်းကမ်းချက်လေးတွေပါ ။ စကားပြောတော့မယ်ဆိုရင် မဟိုင်းပါနဲ့ တစ်ရာ ကုန်လိမ့်မယ် ။
ရည်းစားစကားသာ ပြောပါ Free :P

ကလေးလေး ကကြူကောင်းနေတာ ငါ့ထက်တောင်သာသေးတယ် ဟိ 

ငါလည်း လင်းနို့လူသားဖြစ်ချင်လိုက်တာ ။ ဓာတ်ပုံတစ်ပုံလောက်ရိုက်ပြီး Facebook မှာတင်ပေးပါလား :P

7နာရီ လာမယ်ဆိုပြီးတော့ ခုထိလည်းမလာသေးပါလား နာ့ကိုအိမ်မက်တွေပဲပေးသွားတယ် 
ရက်စက်လိုက်တာ ဘိုမ ရယ် :P

တောင်းပန်ပါရစေ ..... မရက်စက်ပါနဲ့ ....မျှော် .......
အပီရင်ဖွင့်နေတာ :P

လူလည်ကျတဲ့ ကောင် သေပေတော့ :D

မှတ်သားစရာ ကောင်းလှပါပေတယ် :P

လာမကြည့်နဲ့ နင်လုစားမှာကြောက်လို့ ငါ့မှ မြန်မြန်စားလိုက်ရတာ အလှတွေတောင်ပျက်ကုန်ပြီ

 လူပျိုကြီး ထမင်းစားရင် ရွတ်တဲ့ ဂါထာလေးပါ ။ ဘလော့ ထဲမှာ လူပျို တွေပါရင်လည်း သည်ဂါထာလေးကိုရွတ်ပြီး ထမင်းစားကြနော် :D


                                     တော်သေးတယ် ငါအချိန်မှီ ကယ်နိုင်လိုက်ပေလို့ ပေါ့ :P  :P   :P

                                 ကြောင်ကလေး ကိုတောင်အားကျရမလိုဖြစ်နေပြီ ^_^

လူနာတောင် ချက်ချင်း လန်းသွားတယ် ^_^


နွားနို့ ကိုသောက်ရင်း သောက်ရင်း ခေါင်းတောင်ပျောက်ဝင်သွားတယ် 
အစားကြီးလိုက်တဲ့ ကြောင် ငါကျနေတာပဲ ^_^
 

ပေါင်းစပ်ဖန်တီး ဒီဇိုင်းရေးဆွဲနည်း

Labels:


Photoshop နည်းပညာများကို လေ့လာသူဝါသနာရှင် Photoshop ချစ်သူများအတွက် ဆရာဦးအောင်နိုင်မော် ရဲ့ Photoshop နည်းပညာစာအုပ်လေးကိုတင်ပေးလိုက်ပါတယ် ။ပုံတစ်ပုံနဲ့ တစ်ပုံပေါင်း စပ်ဖန် ဒီဇိုင်းရေးဆွဲနည်း တွေကို အသေးစိတ် ရှင်းပြထားပြီး လွယ်ကူစွာလေ့လာနိုင်သောကြောင့် လက်မလွတ်သင့်သောစာအုပ်လေးတစ်အုပ်ဖြစပါတယ်။ အသုံး ပြုလိုသူများ သည်မှာ ယူလိုက်ပါ ။ အားလုံးအဆင်ပြေကြပါစေဗျာ . . . . .

♥♥♥ လွဲခဲ့သော ဆုံမှတ်တစ်ခု ♥♥♥

Labels:


အိပ်လည်းမအိပ်ချင် ၊ ပိုစ့်မတင်တာလည်း ကြာနေတော့ စိတ်ကူးရှိရာလေး ဇာတ်လမ်းတိုတစ်ပုဒ်ကိုချရေးလိုက်တယ် . . . . 
ဇာတ်လမ်းလေးကို ဖတ်ပြီး ဝေဖန်သွားကြဦးနော် . . . . :D


ဖုန်းသံလေးက မြည်လာသည် . . . . .
ဖုန်းလေးကို ယုဇင် ကောက်ကိုင်လိုက်သည် . . . . .
ဟဲလို . . . . .
ပိုင်ပိုင် ။     ။ ငါနင့်ကိုပြောစရာရှိလို့ . . . . .
ယုဇင် ။     ။ နင်ပြောစရာရှိတာပြောလေ . . . .
ပိုင်ပိုင် ။     ။ ငါထွက်သွားရတော့မယ် . . . . .
ယုဇင် ။     ။ ကျေးဇူးပြုပြီး နင်ဘယ်မှထွက်မသွားပါနဲ့ ၊ ငါ့ကိုထားမသွားပါနဲ့ ၊ ငါနင့်ကိုတစ်ကယ်ချစ်တာပါ .
                 နင်ဘာတွေလုပ်နေတယ်ဆိုတာ ငါနားမလည်တော့ပါဘူး . . . . .
ပိုင်ပိုင် ။     ။ ငါအဝေးကြီးကိုထွက်သွားရတော့မယ် ၊ ငါ့အမေက ပညာသင်ဖို့ ငါ့ကို ဟိုးအဝေးတစ်နေရာကို
                 ပို့တော့မှာ . . . . .
ယုဇင် ။     ။ ငါနင့်ကိုမပေးသွားစေချင်ဘူး ပိုင်ပိုင်ရာ (၀မ်းနည်းစွာဖြင့်)
ပိုင်ပိုင် ။     ။ ငါလည်းဘယ်သွားချင်မှာလဲ ဒါပေမဲ့လည်း ငါ့အမေပြောတဲ့အတိုင်းငါသွားရတော့မှာ
                 မသွားခင် ငါနင်နဲ့တွေ့ချင်တယ် ယုဇင် ....  အခုကော်တွေ့လို့ဖြစ်မလား . . . . .
ယုဇင် ။     ။ အင်း ငါအခုခိုးထွက်လာခဲ့မယ် ပန်းခြံထဲမှာတွေ့မယ်လေ . . . . .
ပိုင်ပိုင် ။     ။ ကောင်းပြီလေ ငါစောင့်နေမယ်နော် ယုဇင် . . . . .

သူတို့နှစ်ယောက် ဟာပန်းခြံထဲမှာတွေ့ကြတယ် ။ ပန်းခြံလေးကလည်း ချစ်သူနှစ်ယောက်ခွဲရမည်ကို သိနေသည့်
အတိုင်းပင် တိတ်ဆိတ်လျှက် ဌက်ကလေးများမှာ လည်းလွမ်းဆွတ်ဖွယ် သီချင်းများကို သီကြူးနေသည် . .
ယုဇင် မျက်နှာ ပေါ်မှာ မျက်ရည်လေး လိမ့်ဆင်းသွားသည် ။
ယုဇင် ။     ။ နင်ငါ့ကို မထားသွားနဲ့လား ပိုင်ပိုင် . . . . .(ငိုကြွေးလျက်....)
ပိုင်ပိုင် ။     ။ ကျေးဇူးပြုပြီးတော့ မငိုပါနဲ့လား ယုဇင်ရယ် ..... ငါသွားရတော့မယ်လေ

ပိုင်ပိုင်မှာ ယုဇင် ကိုကျောခိုင်းလျက် အသင့်စောင့်နေသော ကားလေးဆီသို့ထွက်ခွာလာခဲ့သည် . . . . . .
မသွားခင် ပိုင်ပိုင်မှာ ယုဇင်ကို စာလေးတစ်စောင်ပေးသွားခဲ့တယ်
ယုဇင်လည်း အိမ်ရောက်ရောက်ချင်း ပိုင်ပိုင်ပေးသော စာလေးကို ဖတ်လိုက်သည် ........

ငါနင့်ကို အမှန်အတိုင်းပြောဖို့ စာနဲ့ရေးပြီးပေးလိုက်တာ ပိုကောင်းမယ်လို့ထင်လို့ ငါစာရေးပေးလိုက်တာပါ . .
တစ်ကယ်တော့ ငါနင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး . . . . .
ငါနင့်ကို အရမ်းမုန်းခဲ့တယ် . . . . .
ငါနင့်ကို ဘယ်တုန်းကမှလည်း ဂရုမစိုက်ခဲ့ဖူးပါဘူး . . . .
ငါ့ဘ၀မှာလည်း နင့်ကိုဘယ်တော့မှ မတွေ့ချင်တော့ဘူး . . . .  (ယုဇင်မှာ ရှိုက်ကြီးတငင်ငိုချလိုက်မိသည်)
ယုဇင် နင် သည်စာကြောင်းလေးတွေကို အရင်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ် . . . .
^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^     ^_^

မချစ်ခဲ့ဘူး  =  အမြဲချစ်နေမယ်
မုန်းတယ်  =  ချစ်တယ်
ဘယ်တော့မှ  =  အမြဲတမ်း
မတွေ့ချင်ဘူး  =  အတူနီးချင်ပြီ

ဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုတာ နင့်ကိုအမြဲချစ်နေမယ်လို့ပြောတာပါ . . . .
နင့်ကိုအရမ်းမုန်းတယ်ဆိုတာလည်း နင့်ကိုအရမ်းချစ်တယ်လို့ ဆိုလိုတာပါ . . . .
နင့်ကိုမတွေ့ချင်ဘူးဆိုတာလည်း နင်နဲ့ အတူနီးချင်ပြီလို့ပြောတာပါ . . . .
နင်နဲ့ အတူနေဖို့ မကြာခင်ငါပြန်လာမှာပါ
နင်လည်း စိတ်ညစ်မနေနဲ့နော် အမြဲပျော်ပျော်ရွင်ရွင်နေနော်
နင့်ကိုအရမ်းချစ်တယ် . . . . .

(ထိုအခါမှ ယုဇင်ဧ။် မျက်နှာသည် ပြုံးရိပ်လေးသန်းလာပြီး စာလေးကိုသေချာခေါက်ကာ စာလေးကိုနမ်းရှိုက်
လိုက်ပြီး စာအုပ်ကြားထဲသို့ ထည့်လိုက်သည် ။
ယုဇင်မှာ စိတ်ပြေလက်ပျောက် ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲတွင် တီဗီ ထိုင်ကြည့်နေလိုက်သည် ။
ယုဇင်မှာ တီဗီကိုကြည့်နေရင်း ထိတ်လန့်ဖွယ် သတင်းတစ်ခုကိုတွေ့လိုက်ရသည် ။
ပိုင်ပိုင်စီးသွားသောကားမှာ လမ်းတွင် ကားအရှိန်လွန်ပြီး အလွန်နက်သည့် ချောက်တစ်ခုထဲသို့ ကျဆင်းသွားခဲ့သည် ။
ထိုကားတွင် စီးနှင်းလိုက်ပါလာသော ခရီးသည်များစွာ အသက်ဆုံးရှုံးကြောင်းကိုလည်း သိလိုက်ရသည် . . .
ယုဇင်မှာ ရှိုက်ကြီးတငင်ငိုနေလိုက်မိပြီး . . . . သူဧ။် အခန်းစီ သို့ ပြေးသွားခဲ့သည် ။
ဗီရိုထဲတွင် အသင့်ရှိနေသော ဆေးများကို သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်သည် . . . .
အသက်ဝိဥာဉ်ကင်းမဲ့စွာဖြင့် ကုတင်ပေါ်တွင် အိပ်နေပြီး လက်ထဲတွင် တော့ ပိုင်ပိုင်ရဲ့ဓာတ်ပုံလေးကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားသည် . . . .
အခန်းမှာ လည်း တိတ်ဆိတ်ငြိမ်သက်လျက် . . . .
အချိန်တန်တိတ်ဆိတ်ငြိမ်သက် နေရာမှာ အသက်ဝိဥာဉ်ကင်းမဲ့နေပြီ ဖြစ်သော သူမ ဧ။် ဘေးမှ လက်ကိုင်ဖုန်းလေးမှာ
ထမြည်လာသည် . . . . . ပိုင်ပိုင်ဆီမှ ပို့လိုက်သော Message တစ်စောင်ပါ . . . .
Message မှာရေးထားတာကတော့ . . . . .
နင်လည်း သည်သတင်းကြားမှာပါ ဒါပေမဲ့ နင်ဘာမှစိတ်မပူနဲ့
ငါဘာမှမဖြစ်ဘူး ငါအသက်ရှင်နေသေးတယ် . . . . .
တစ်နေ့ မှာ အတူနေနိုင်ဖို့ အတွက် ငါမကြာခင်ပြန်လာမှာပါ . . . .
နင်လည်း ကျန်းမာရေးဂရုစိုက်နော် . . . .
                                                        နင့်ကိုအရမ်းချစ်
                                                            ပိုင်ပိုင်

ပိုင်ပိုင်ပို့လိုက်သော message ကို ယုဇင် အဘယ်မှာ ဖတ်နိုင်တော့မည် နည်း . . . . . . .

နှစ်အနည်းငယ်ကြာသော အခါ . . . . .
ပိုင်ပိုင်မှာ ပညာ သင်ပြီး အိမ်ပြန်လာခဲ့သည် . . . .
ချစ်သူလေးကိုလည်း တွေ့ချင်နေပြီ ဖြစ်သော ကြောင့် လမ်းခရီးမှာ ပင် ပျော်ရွှင်နေမိသည် . . . . .
စိတ်တွေ အလွန်လှုပ်ရှားနေမိသည် . . . . .
ရောက်ရောက်ချင်း ယုဇင်ဧ။် မိဘများထံမှ အဖြစ်မှန်ကိုသိလိုက်ရသော အခါ . . . . .
ပိုင်ပိုင်မှာ ၀မ်းနည်းစွာ ထွက်သွားခဲ့သည် . . . . .
ရက်အနည်းငယ်ကြာသောအခါ လမ်းထိပ် ရှိအပင်အောက်တွင်
နို့ဆီခွက်လေးကို လည်ပင်းမှာ ဆွဲထားပြီး သနပ်ခါးပါးကွက်ကျားလေး နှင့် အသိဥာဉ်ကင်းမဲ့နေပြီး ရူးသွပ်နေသော
ပိုင်ပိုင်ကိုတွေ့လိုက်ရသည် ။ သူဧ။် လက်ထဲတွင်လည်း ကောင်မလေး အရုပ်တစ်ရုပ်ကို ယုယ စွာထွေးပိုက်ထားပြီး
ပါးစပ်မှ စကားလုံးတစ်လုံးကို အဆက်မပြတ် ရွတ်ဖတ်နေလေသည် . . . . .

ယုဇင် . . . . . ယုဇင် . . . . .ယုဇင် . . . . . ယုဇင် . . . . .


♦♦♦ ဟာသပုံလေးများ (၆) ♦♦♦

Labels:

တင်စရာမရှိပြန်တာနဲ့ Facebook ပေါ်မှာတွေ့လို့ စုထားတဲ့ ဟာသပုံလေးတွေကို တင်ပေးလိုက်ပါတယ် ။
တစ်နေ့တစ်နေ့ ကုန်တာလည်း မြန်လိုက်တာနော် ။ တစ်နေ့မှာ အနည်းဆုံး တစ်ခါလေးတော့ ပြုံးပျော်လိုက်ပါလား ........... 
ပုံလေးတွေကိုကြည့်ပြီး ပြုံးသွားကြဦးနော်     ^_^

သည်လိုဘ၀ကနေ ကင်းဝေးကြပါစေနော် ဟဲ

တိန်


တတ်မယ်ဆိုရင် ကြိုတင်စာရင်ပေးသွင်းနိုင်ပြီနော် :P



အချစ်တော် မီစတာဘင်း မိသားစုလေးပါ

အခုနောက်ဆုံးထွက်တဲ့ Facebook လေးပါ


အေအေ ကြားပြီလားကွ
ဝိရိယ အပြည့်ရှိတဲ့ ရဲသားလေးတစ်ဦးပါ
ပျိုပျိုတို့ ဈေးဝယ်ထွက်မလို့ ကားစောင့်နေတာ
ဘောလုံးမြင်ရင် မနေနိုင်ပေါင်
ဘွားဘွားလည်း သူ့အကြိုက်ဂိမ်းတွေရှိတယ်နော် ဟဲ
စမ်းသပ်မမြင် နိုင်တဲ့ ရောဂါ စက်နဲ့ရှာဖွေလည်း ........                               

♥♥♥ သံယောဇဉ်ကြိုးလေး တစ်မျှင် ♥♥♥

Labels:

 အခုတင်လိုက်တဲ့ ပိုစ့်လေးကတော့ ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတိုလေးပါ ။

တစ်ခါတုန်းကပေါ့ ။
အသက်ဆယ်ခြောက်နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး တို့ဟာ အင်တာနက်မှာတွေ့ရင်း
တစ်ယောက်ကို တစ်ယောက် ခင်သွားခဲ့ကြတယ် ။
ကောင်မလေးကတော့ New York မှာနေပြီး ကောင်လေးကတော့ England မှာနေပါတယ် ။
ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်သွားတယ် ။ အနေဝေးပေမဲ့လည်း
တစ်ယောက်ရဲ့ အကူအညီကို တစ်ယောက်ကကူညီလိုက်ဆိုတော့  မိတ်ဆွေတွေလိုဖြစ်လာကြတယ် ။
(တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်တွေတွယ်မိတယ်ဆိုရင်လည်း မမှားဘူးပေါ့ :D)

တစ်ညမှာတော့ သူတို့ ဟာ Online မှာတွေ့ရင်း စကားတွေပြောကြတယ် ။ 
♦ ကောင်မလေး ။      ။ ငါနင့်ကို တစ်ခုခုပြောသင့်ပြီလို့ ငါထင်တယ် ......
   ကောင်လေး ။      ။ အင်း ပြောလေ ဘာပြောမလို့လဲ  ........
♦ ကောင်မလေး ။       ။ ငါနင့်အပေါ်သံယောဇဉ်တွယ်နေမိပြီ ။
   ကောင်လေး ။      ။ ငါလည်းဘဲ နင့်ကိုချစ်နေမိပြီ ....

ကောင်လေး (Offline) ဖြစ်သွားတဲ့အချိန်မှာ တော့ ကောင်မလေးက ငိုပြီးစဉ်းစားမိတယ် ။ ငါမှားပြီလား
သူငယ်ချင်း ဆိုတဲ့ အဖြူရောင်ပု ၀ါလေးကို ငါဖျက်ဆီးခဲ့မိပြီလား ........
အဲသည်ညမှာပဲ ကောင်လေးက ကောင်မလေးဆီကိုဖုန်းဆက်ခဲပါ့တယ် .......
♦ ကောင်မလေး ။      ။ ဟဲလို .. ?
   ကောင်လေး ။      ။ ဟေးးးးး ငါပါ .....
♦ ကောင်မလေး ။      ။ ငါအခုစိတ်ညစ်နေတယ် ကောင်လေးရယ် ......
   ကောင်လေး ။      ။ ဘာလို့စိတ်ညစ်နေတာလဲ ငါလည်း နင့်ကိုချစ်တာပဲ .....
♦ ကောင်မလေး ။      ။ ဟုတ်လို့လား ? ငါတို့ ဘယ်တော့မှတွေ့ကြမှာလဲ (သက်ပြင်းချရင်း) ငါ့မိဘတွေက သည်အချိန်မှာ ငါ့ကိုဘယ်မှမပေးသွားဘူး ...
                           ငါ ကျောင်းတတ်ရဦးမှာလေ . စာမေးပွဲတွေဖြေရဦးမယ် .....
 ကောင်လေး ။       ။ ငါနားလည်ပါတယ် ......ငါလည်း နင့်လိုပဲ ကျောင်းတတ်ရဦးမယ်လေ
                          ငါ့မိဘတွေလည်း အခုချိန်မှာ ငါ့ကို New York မပေးသွားလောက်ဘူး
                          ငါလည်း နင့်နဲ့တွေ့ချင်ပါတယ် ဟာ (သက်ပြင်းချရင်း)
♦ ကောင်မလေး ။      ။ နင်ငါ့ကို စောင့်နိုင်မှာလား ?
   ကောင်လေး ။      ။ ငါစောင့်နိုင်ပါတယ် .... နင်တဲ့အတူနေဖို့ နှစ်ပေါင်းများစွာကိုငါစောင့်နေမှာပါ ....ကောင်မလေးရယ် ...ငါနင့်ကိုအရမ်းချစ်တယ်....
♦ ကောင်မလေး ။    ။ ငါလည်းနင့်ကိုချစ်တယ် ......(ဖုန်းချ လိုက်သည်)

နှစ်အတော်ကြာသောအခါ ........................
တစ်နေ့မှာ သူတို့နှစ်ယောက် ဟာ Online မှာပြန်လည်တွေ့ရင်း စကားပြောဖြစ်ကြသည် ...
♦ ကောင်မလေး ။      ။ ငါစာမေးပွဲတွေပြီး ကုန်ပြီ ပိုက်ဆံတွေလည်း တော်တော်စုမိပြီ ! (၀မ်းသာအားရစွာဖြင့်ပြောလိုက်သည် )
   ကောင်လေး ။      ။ ငါလည်း အတူတူပဲ ငါတို့ အပြင်မှာတွေ့ကြရအောင်.....
♦ ကောင်မလေး ။     ။ ဟုတ်ပြီ ဘယ်ချိန်မှာတွေ့မှာလဲ ........
( အပြင်မှာတွေ့ဖို့ အတွက် အစီအစဉ်များကို နှစ်ယောက်သားတိုင်ပင်ခဲ့ကြသည် )
ရက်အနည်းငယ်ကြာသောအခါ ...............
ကောင်လေးမှာ လေဆိပ်(Airport) သို့သွားလျှက် ကောင်မလေးအလာကိုစောင့်နေခဲ့တယ် (ပီတိတွေအပြည့်နဲ့ပေါ့ )
အဲသည်အချိန်မှာ လေဆိပ်မှာ ရှိတဲ့ တီဗီ(TV) မှ ရုတ်တစ်ရက်သတင်းတစ်ခု(Breaking News)ကိုတွေ့လိုက်တယ် ....
(New York မှ England သို့ဆိုဒ်ရောက်မည့် လေယာဉ်မှာ လမ်းခရီးတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ကျော်သေဆုံးကြောင်း သိခဲ့ရပါတယ် )
ကောင်လေးဧ။် ပါးပြင်မှမျက်ရည်များလိမ့်ဆင်းလာသည် ....
ကောင်လေးမှာ ၀မ်းနည်းစွာဖြင့်အိမ်ကိုပြန်ခဲ့တယ် ....
အဲသည်ညမှာပဲ ကောင်လေးဟာသူ့ကိုသူ အဆုံးစီရင်လိုက်တယ် ....
နောက်တစ်နေ့မနက်မှာပဲ ကောင်လေးမိဘများကို အိပ်ခန်းထဲမှာ အသက်ကင်းမဲ့စွာအိပ်နေသော သူတို့ဧ။်သားကိုတွေ့လိုက်ရတယ် ...
(လက်ထဲမှာတော့ ကောင်မလေးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ စာရွက်လေးတစ်ရွက်ကိုကိုင်ထားဆဲ)
စာရွက်လေးထဲမှာ ရေးထားတာတော့ " ငါတို့ အချစ်ဟာ နောက်ကျခဲ့ပြီ " တဲ့

ကောင်မလေးဧ။် မိဘများလည်း ကောင်မလေးအခန်းကို သိမ်းဆည်းတဲ့အချိန်
ကောင်မလေးရဲ့ နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ) ထဲမှာ ကောင်လေးဓာတ်ပုံ နဲ့ စာလေးအနည်းငယ်ကိုတွေ့လိုက်မိတယ်
အဲစာလေးက " တစ်ကယ်လို့ငါသေသွားခဲ့ရင်တောင် နင့်ကိုတွေ့ချင်တယ် " တဲ့
နောက်ဆုံးတော့လည်း သူတို့နှစ်ယောက် ဟာ တွေ့ခဲ့ကြပါတယ်
လှပတဲ့ " ကောင်းကင်ဘုံ " ကြီးမှာပေါ့ ......








                                                                    ...   အားလုံးကိုခင်မင်လေးစားလျှက် ....

                                                                                အိမ်မက်ကောင်းကင်





♦♦♦ ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ ♦♦♦

Labels:


သူများတွေတော့ ပိုစ့်တွေတစ်ခုပြီးတစ်ခုတင်နေလိုက်ကြတာ ။ကျွန်တော်ကျတော့ ဘာတင်ရမှန်းကိုမသိဘူးဖြစ်နေတယ် ။
အဲဒါနဲ့ အပျင်းပြေ ဟာသလေးတစ်ခုတော့တင်ဖြစ်လိုက်တယ် ။ ကျွန်တော် ဆိုဒ်ကိုလာလည်တဲ့ ဘလော့အစ်ကို ၊အစ်မတွေကိုအားလုံး
ပျော်ရွင်စေချင်တာဟာလည်း ကျွန်တော်ဆန္ဒတစ်ခုပါပဲ ။ ဟာသလေးကို အားပေးသွားကြဦးနော် မရီရဘူးဆိုရင်တောင်မှ
ပြုံးသွားရင် ကျေနပ်ပါပြီ :D

ဟိုရှေးရှေးတုန်းကပေါ့  တိုင်းပြည်တစ်ပြည်မှာ စစ်တပ်အင်အားတွေ အလွန်အားနည်းတယ် ။
ဘုရင်ကြီးကစဉ်းစားတာပေါ့ " ငါ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေဟာတော်တော်ကို နည်းပါးနေတယ် ။
ရုတ်တရက်စစ်တွေဖြစ်လာရင်တောင် ငါ့တိုင်းပြည်က ပြန်ခုခံနိုင်မှာမဟုတ်လောက်ဘူး " လို့ ဘုရင်ကြီးက
စဉ်းစားမိတယ် ။ အဲဒါကြောင့် သူ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေပြန်လည် များပြားလာအောင်
သူ့ရဲ့ အမတ်တွေကို ရွာတိုင်းရွာတိုင်းမှာ မောင်းထုပြီးတော့ ရွာတိုင်းကို လိုက်ကြေညာခိုင်းတော့တာပေါ့။
 " တိုင်းသူပြည်သားများခင်ဗျား မနက်ဖြန် နန်းတော်အတွင်းမှာ
 သူရဲကောင်းရွေးပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် အိမ်တိုင်းအိမ်တိုင်း
လာရောက်ဝင်ပြိုင်ရန် ၊ သူရဲကောင်းရွေးချယ်ခံရသူအား ဘုရင့်သမီးတော်နဲ့ထိပ်မြားပေးမည်
ဖြစ်ကြောင်း နှင့် ဆုတော်ငွေအသပြာ(×××××××)ချီးမြှင့်မည်ဖြစ်ကြောင်းကြော်ညာအပ်ပါသည် ။
သည်လိုနဲ့ ပြိုင်ပွဲရက်ကိုရောက်လာတော့ နန်းတော်အတွင်း ရွာသူရွာသားတွေနဲ့ပြည့်နေတာပေါ့ ။
လာရောက်အားပေးတဲ့သူတွေ၊ ပြိုင်ပွဲဝင်မည့်သူတွေနဲ့ပြည့်နေတာပေါ့ ။
အဲအချိန်မှာ ဘုရင်ကြီးကလည်း ပြိုင်ပွဲစည်းကမ်းကိုစတင်ကြေညာတော့တာပေါ့ ။
" တိုင်းသူပြည်သားများခင်ဗျား သည် ကန်ထဲက မိကျောင်း ရန်ကို ခုခံကျော်ဖြတ်ရင်း  ကန်တစ်ဖက်ကို
ရောက်သူအား သူရဲကောင်းခန့်မည်ဖြစ်ကြောင်းကြော်ညာလိုက်တာပေါ့ "
မိကျောင်းဆိုတာ သိတယ်မလား ဘယ်သူမှ မဆင်းရဲကြဘူး ကန်ထဲကို ........
" ဘုရင်ကြီးကစိတ်တိုတာပေါ့ တိုင်းပြည်မှာ သူရဲကောင်းတစ်ယောက်မှ မရှိဘူးလားဆိုပြီးတော့ "
အော်ပြောလိုက်တာပေါ့ ......
အဲဒီအချိန်မှာ လူငယ်တစ်ယောက်ဟာရေကန်ထဲကို " ၀ုန်းကနဲ " ခုန်ဆင်းပြီး မိကျောင်းတွေရဲ့ရန်ကို
တစ်ကောင်ပြီး တစ်ကောင် ခုခံကျော်ဖြတ်ရင်းနဲ့ နောက်ဆုံး ကန်ထိပ်ကိုရောက်သွားခဲ့ပါတယ် ။
အဲချိန်မှာ လက်ခုပ်သံတွေဟာလည်း နန်းတော်တစ်ခုလုံး ပြန့်လွင့်သွားတာပေါ့ ။
ဘုရင်ကြီးလည်း ၀မ်းသာအားရစွာနဲ့ ထိုလူငယ်အား " သည်မှာသူငယ် သူငယ်ဟာ သူရဲကောင်း တစ်ဦး
ပီသလှပါပတယ် ။ ပရိသတ်များအားလုံး ရှေ့မှာ အမှတ်တရ စကားလေးတစ်ခွန်းလောက်မိန့်တော်မူပါဦး "
လို့ ဘုရင်ကြီးက ထိုလူငယ်အားပြောလိုက်တာပေါ့ ။
အဲသည်ချိန်မှာ လူငယ်ကလည်း စိတ်တိုတိုနဲ့ အော်ပြောလိုက်သည်မှာ
" ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ " တဲ့
ဟဲဟဲ အားလုံးပျော်ရွင်နိုင်ကြပါစေနော် ......
အားလုံးကိုခင်မင်လေးစားလျှက်
                                      " အိမ်မက်ကောင်းကင် "

** အိပ်မရသောည **

Labels:

အလွမ်းရဲ့ည ကောင်းကင်ယံမှာ
သတိရခြင်း မိုးတိမ်တွေက
အုံ့မှိုင်းနေ၏ ။

မျှော်လင့်ခြင်းရဲ့ ငွေလမင်းလည်း
ခရီးလွန်ကာ ထွက်မလာပဲ
ပျောက်နေရှာ၏ ။

ချစ်သောသူ၏  အပြုံးလေးကို
မြင်ချင်သော်လည်း မမြင်ရဘဲ
ဝမ်းနည်းရ၏ ။

အဲသည်ညမှာ လွမ်းဆွတ်တမ်းတ
အိပ်မရဘဲ မိုးစင်စင်သာ
လင်းခဲ့ရ၏ ။

Blogger အကိုတွေ အစ်မတွေ ကဗျာရေးတာအားကျလို့ ကိုယ်တိုင်ရေးစမ်းကြည့်တာပါ :P

Related Posts Plugin for WordPress, Blogger...javascript:void(0)