အခုတင်လိုက်တဲ့ ပိုစ့်လေးကတော့ ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတိုလေးပါ ။
တစ်ခါတုန်းကပေါ့ ။
အသက်ဆယ်ခြောက်နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး တို့ဟာ အင်တာနက်မှာတွေ့ရင်း
တစ်ယောက်ကို တစ်ယောက် ခင်သွားခဲ့ကြတယ် ။
ကောင်မလေးကတော့ New York မှာနေပြီး ကောင်လေးကတော့ England မှာနေပါတယ် ။
ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်သွားတယ် ။ အနေဝေးပေမဲ့လည်း
တစ်ယောက်ရဲ့ အကူအညီကို တစ်ယောက်ကကူညီလိုက်ဆိုတော့ မိတ်ဆွေတွေလိုဖြစ်လာကြတယ် ။
(တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်တွေတွယ်မိတယ်ဆိုရင်လည်း မမှားဘူးပေါ့ :D)
တစ်ညမှာတော့ သူတို့ ဟာ Online မှာတွေ့ရင်း စကားတွေပြောကြတယ် ။
♦ ကောင်မလေး ။ ။ ငါနင့်ကို တစ်ခုခုပြောသင့်ပြီလို့ ငါထင်တယ် ......
ကောင်လေး ။ ။ အင်း ပြောလေ ဘာပြောမလို့လဲ ........
♦ ကောင်မလေး ။ ။ ငါနင့်အပေါ်သံယောဇဉ်တွယ်နေမိပြီ ။
ကောင်လေး ။ ။ ငါလည်းဘဲ နင့်ကိုချစ်နေမိပြီ ....
ကောင်လေး (Offline) ဖြစ်သွားတဲ့အချိန်မှာ တော့ ကောင်မလေးက ငိုပြီးစဉ်းစားမိတယ် ။ ငါမှားပြီလား
သူငယ်ချင်း ဆိုတဲ့ အဖြူရောင်ပု ၀ါလေးကို ငါဖျက်ဆီးခဲ့မိပြီလား ........
အဲသည်ညမှာပဲ ကောင်လေးက ကောင်မလေးဆီကိုဖုန်းဆက်ခဲပါ့တယ် .......
♦ ကောင်မလေး ။ ။ ဟဲလို .. ?
ကောင်လေး ။ ။ ဟေးးးးး ငါပါ .....
♦ ကောင်မလေး ။ ။ ငါအခုစိတ်ညစ်နေတယ် ကောင်လေးရယ် ......
ကောင်လေး ။ ။ ဘာလို့စိတ်ညစ်နေတာလဲ ငါလည်း နင့်ကိုချစ်တာပဲ .....
♦ ကောင်မလေး ။ ။ ဟုတ်လို့လား ? ငါတို့ ဘယ်တော့မှတွေ့ကြမှာလဲ (သက်ပြင်းချရင်း) ငါ့မိဘတွေက သည်အချိန်မှာ ငါ့ကိုဘယ်မှမပေးသွားဘူး ...
ငါ ကျောင်းတတ်ရဦးမှာလေ . စာမေးပွဲတွေဖြေရဦးမယ် .....
ကောင်လေး ။ ။ ငါနားလည်ပါတယ် ......ငါလည်း နင့်လိုပဲ ကျောင်းတတ်ရဦးမယ်လေ
ငါ့မိဘတွေလည်း အခုချိန်မှာ ငါ့ကို New York မပေးသွားလောက်ဘူး
ငါလည်း နင့်နဲ့တွေ့ချင်ပါတယ် ဟာ (သက်ပြင်းချရင်း)
♦ ကောင်မလေး ။ ။ နင်ငါ့ကို စောင့်နိုင်မှာလား ?
ကောင်လေး ။ ။ ငါစောင့်နိုင်ပါတယ် .... နင်တဲ့အတူနေဖို့ နှစ်ပေါင်းများစွာကိုငါစောင့်နေမှာပါ ....ကောင်မလေးရယ် ...ငါနင့်ကိုအရမ်းချစ်တယ်....
♦ ကောင်မလေး ။ ။ ငါလည်းနင့်ကိုချစ်တယ် ......(ဖုန်းချ လိုက်သည်)
နှစ်အတော်ကြာသောအခါ ........................
တစ်နေ့မှာ သူတို့နှစ်ယောက် ဟာ Online မှာပြန်လည်တွေ့ရင်း စကားပြောဖြစ်ကြသည် ...
♦ ကောင်မလေး ။ ။ ငါစာမေးပွဲတွေပြီး ကုန်ပြီ ပိုက်ဆံတွေလည်း တော်တော်စုမိပြီ ! (၀မ်းသာအားရစွာဖြင့်ပြောလိုက်သည် )
ကောင်လေး ။ ။ ငါလည်း အတူတူပဲ ငါတို့ အပြင်မှာတွေ့ကြရအောင်.....
♦ ကောင်မလေး ။ ။ ဟုတ်ပြီ ဘယ်ချိန်မှာတွေ့မှာလဲ ........
( အပြင်မှာတွေ့ဖို့ အတွက် အစီအစဉ်များကို နှစ်ယောက်သားတိုင်ပင်ခဲ့ကြသည် )
ရက်အနည်းငယ်ကြာသောအခါ ...............
ကောင်လေးမှာ လေဆိပ်(Airport) သို့သွားလျှက် ကောင်မလေးအလာကိုစောင့်နေခဲ့တယ် (ပီတိတွေအပြည့်နဲ့ပေါ့ )
အဲသည်အချိန်မှာ လေဆိပ်မှာ ရှိတဲ့ တီဗီ(TV) မှ ရုတ်တစ်ရက်သတင်းတစ်ခု(Breaking News)ကိုတွေ့လိုက်တယ် ....
(New York မှ England သို့ဆိုဒ်ရောက်မည့် လေယာဉ်မှာ လမ်းခရီးတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ကျော်သေဆုံးကြောင်း သိခဲ့ရပါတယ် )
ကောင်လေးဧ။် ပါးပြင်မှမျက်ရည်များလိမ့်ဆင်းလာသည် ....
ကောင်လေးမှာ ၀မ်းနည်းစွာဖြင့်အိမ်ကိုပြန်ခဲ့တယ် ....
အဲသည်ညမှာပဲ ကောင်လေးဟာသူ့ကိုသူ အဆုံးစီရင်လိုက်တယ် ....
နောက်တစ်နေ့မနက်မှာပဲ ကောင်လေးမိဘများကို အိပ်ခန်းထဲမှာ အသက်ကင်းမဲ့စွာအိပ်နေသော သူတို့ဧ။်သားကိုတွေ့လိုက်ရတယ် ...
(လက်ထဲမှာတော့ ကောင်မလေးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ စာရွက်လေးတစ်ရွက်ကိုကိုင်ထားဆဲ)
စာရွက်လေးထဲမှာ ရေးထားတာတော့ " ငါတို့ အချစ်ဟာ နောက်ကျခဲ့ပြီ " တဲ့
ကောင်မလေးဧ။် မိဘများလည်း ကောင်မလေးအခန်းကို သိမ်းဆည်းတဲ့အချိန်
ကောင်မလေးရဲ့ နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ) ထဲမှာ ကောင်လေးဓာတ်ပုံ နဲ့ စာလေးအနည်းငယ်ကိုတွေ့လိုက်မိတယ်
အဲစာလေးက " တစ်ကယ်လို့ငါသေသွားခဲ့ရင်တောင် နင့်ကိုတွေ့ချင်တယ် " တဲ့
နောက်ဆုံးတော့လည်း သူတို့နှစ်ယောက် ဟာ တွေ့ခဲ့ကြပါတယ်
လှပတဲ့ " ကောင်းကင်ဘုံ " ကြီးမှာပေါ့ ......
... အားလုံးကိုခင်မင်လေးစားလျှက် ....
အိမ်မက်ကောင်းကင်
♥♥♥ သံယောဇဉ်ကြိုးလေး တစ်မျှင် ♥♥♥
Labels:
ရသ
Posted by
အိပ်မက်ကောင်းကင်
Wednesday, August 8, 2012
15 comments:
-
ဖတ်ပြီးဝမ်းနဲလိုက်တာ တော်သေးတာပေါ့ ကောင်းကင်မှာဆုံကြလို့နော်
-
ရင်နင့်ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို
ခံစားသွားပါတယ် တကယ့်အဖြစ်အပျက်တွေက
ပိုပြီးဆန်းကျယ်တတ်တယ်လေ..
-
အင်း..ဖတ်ပြီးကြက်သီးတောင်ထသွားတယ်..
သနားဖို့ ကောင်းလို့ လေ..
ဒါပေမယ့်လဲ ပြန်ဆုံကြတယ်ဆိုတော့ ၀မ်းသာစရာပေါ့နော်..
-
အဲဒီလိုအဖြစ်မျိုးလည်း ရှိတတ်ပါ့နော်...၀မ်းနည်းကြေကွဲဖွယ်...
-
သူတို့နှစ်ယောက် ကောင်းကင်ဘုံမှာ တကယ်မှ တွေ့ဖြစ်ကြပါလေစ...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
-
ဇာတ်လမ်းလေးရေးထားတာဖတ်လို့ကောင်းတယ်
အားပေးသွားပါတယ်
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
မန်ဘာဝင်ရန်
Labels
- Ebook (မြန်မာလို) (6)
- For Desktop (3)
- Online မှာ ဓာတ်ပုံပြင်ရန်ဆိုဒ်များ (1)
- photo editor (4)
- ကဗျာ (10)
- ကျန်းမာရေး (1)
- ဂိမ်းများ (4)
- စဉ်းစားစရာလေးများ (1)
- နည်းပညာ (12)
- ပုံပြင်လေးများ (2)
- ရင်းတွင်းဖြစ် ၀တ္တုရှည် (1)
- ရသ (13)
- ဟာသ (9)
- ဟာသပုံလေးများ (8)
- ဟိုရောက်သည်ရောက် (1)
- အနုပညာ (1)
- ဆော့ဝဲလ် (9)
အလည်ရောက်နေသူများ
ရင်တွင်းစကားလေးများ
♥♥♥ နည်းပညာဆိုဒ်များ ♥♥♥
သွားနေကျနေရာလေးများ
Popular Posts
-
ဦးအောင်နိုင်မော် ရဲ့ Adobe Photoshop Cs3 အသုံးပြုနည်းစာအုပ်လေးပါ။ အခြေခံကစပြီးရှင်းပြထားပါတယ် ။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်း...
-
ဘ၀ဆိုတာခဏလေးပါ ....... လူ့ဘ၀မှာနေခွင့်ရတဲ့ အချိန်လေးဟာ ခဏလေးပါပဲ ...... ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လေဟာပြင်မှာ...
-
တစ်နေ့တစ်နေ့ ပင်ပန်းသမျှ သည်ဟာသပုံလေးတွေကိုကြည့်ရင်း အမော ပြေပျောက်နိုင်ကြပါစေ ။ နေတတ်ရင်လော ကကြီးဟာပျော်စရာကောင်းပါတယ် ။ အမြဲတမ်းပြုံးနေတာ...
-
နေ့တိုင်းမြင်ရ မင်းအလှကို ရင်မှာမြတ်နိုး တိတ်တခိုးနဲ့ ချစ်ခဲ့မိ၏ မင်းရဲ့အပြုံး မင်းမျက်လုံးက ငါ၏ရင်ဍ္ဍ် မေ့မရအောင် စွဲလန်းမိ၏ နူးညံ့သိမ်မေ...
-
ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင် ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ ...
-
တစ်နေ့နေ့မှာ ချစ်တတ်တဲ့ နှလုံးသားက ဒဏ်ရာတွေပဲ ပေးတတ်တယ်ဆိုတာကို သိခဲ့ရင် အမုန်းဆိုတဲ့ တံတိုင်းနဲ့ ကျွန်တော်ကြိုတင်ကာက...
-
အလွမ်းရဲ့ည ကောင်းကင်ယံမှာ သတိရခြင်း မိုးတိမ်တွေက အုံ့မှိုင်းနေ၏ ။ မျှော်လင့်ခြင်းရဲ့ ငွေလမင်းလည်း ခရီးလွန်ကာ ထွက်မလာပဲ ပျောက်နေရှာ၏ ။ ချစ်ေ...
-
(၁) အတွေ့အကြုံက ရသော အသိြ ခင်္သေရယ် ၊မြည်းရယ် ၊မြေခွေးရယ် မိတ်ဆွေဖြစ်ကြပြီး အစာရှာထွက်ခဲ့ကြသတဲ့ ။ အမဲတစ်ကောင်ကိုရတဲ့အခါ ခြင်္သေ့က မြည်းကိ...
-
ကျွန်တော်ဘလော့ပိုစ့်တွေကိုမတင်ဖြစ်တာ တော်တော်ကြာပါပြီ ။ ဘလော့ဂါ ညီအစ်ကို မောင်နှမ တွေဆီ ကိုလည်း မလည်ဖြစ်တာအတော်ကြာပါပြီ ။ အကုန်လုံးကို သတ...
-
ဝက်ခြံဖြစ်ခြင်း ၀က်ခြံ အဓိက ဖြစ်ပေါ်လာခြင်းသည် မွေးညှင်းပေါက်လေးများ ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည် ။ အဆီအိတ်ဂလင်း များမှ ထုတ်လ...
အိပ်မက်ကောင်းကင်. Powered by Blogger.
www.dreamskylover.blogspot.com
ဝမ်းနည်းစရာဇာတ်သိမ်းဆိုပေမယ့် နောက်ဆုံးမှာ သူတို့ချစ်သူ(၂)ဦးဟာ လှပတဲ့ကောင်းကင်ဘုံမှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့အတွက် အစ်မကတော့ ကျေနပ်တယ် ... :)