- ကျွန်တော်နဲ့ အတူ စာဖတ်ဝါသနာ ပါတဲ့ အစ်ကို ၊ အစ်မ များကို
- ဖတ်လို့ ကောင်းတဲ့ စာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။
- တစ်ကယ်လို့သာ ကမ္ဘာ့လူဦးရေ ကို လူတစ်ရာပဲ အတိအကျရှိနေတဲ့
- ရွာကလေးတစ်ရွာ အဖြစ်လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား
- မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့ ။
- လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက် ၊ ဥရောပတိုက်သားက (၂၁) ယောက်
- အဲ . . . အဲဒီတစ်ရာမှာ အမျိုးသမီးက (၅၂) ယောက်နဲ့ အမျိုးသားက (၄၈) ယောက်အချိုး ရှိနေပြန်သတဲ့ ။
- လူဖြူက (၃၀) ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ ၊ ကျွန်တော်တို့ အာရှတိုက်သားတွေလို အညိုတွေ၊ အ၀ါတွေက
- အလားတူပဲ ခရစ်ယာန်ဘာသာဝင်က ၃၀ ဖြစ်ပြီး ခရစ်ယာန်မဟုတ်တဲ့ တစ်ခြား ဘာသာအသီးသီးကို
- ကိုးကွယ်ယုံကြည်သူက (၇၀) ရှိမယ်လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ် ။
- အဲ . . . လိင်ကွဲကိုမှ စုံမက်တတ်သူ(ယောကျာင်္း ကမိန်းမကိုပဲ ကြိုက်တာ ၊မိန်းမကလည်း ယောက်ကျားကိုပဲ ကြိုက်တာ)
- က (၈၉) ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှအကြိုက်ကျသူ (မိန်းမလျာ ၊ယောကျာင်္းလျာ)က (၁၁) ယောက်
- ရှိနေပါတယ် ။
- အဲဒီ တစ်ရာထဲကမှ (၆) ယောက်ဟာ ကမ္ဘာ့ကြွယ် ၀မှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားမှာဖြစ်ပြီး ၊ အဲသည်ခြောက်ယောက်စလုံးဟာ
- အမေရိကန်နိုင်ငံက ဖြစ်နေသတဲ့ ၊ အယောက်(၈၀) ကတော့ အိမ်နဲ့ ယာနဲ့ ကျကျနန နေနိုင်သူတွေမဟုတ်ပဲ ဖြစ်သလိုနေတဲ့ သူတွေတဲ့ ။
- တစ်ရာမှာ (၇၀) မှာ စာမဖတ်တတ်ဘူး ။ ပြီးတော့ (၅၀) က အာဟာရချို့တဲ့ နေတယ် ။ အစာရေစာ မ၀လင်ဘူးတဲ့ ။
- တစ်ရာမှာ တစ်ယောက်က သေလုမျှောပါး ဖြစ်နေသလို နောက်တစ်ယောက်လည်း မီးဖွားလုဆဲဆဲ ဖြစ်နေပြန်တယ် ။
- ပြီးတော့ တစ်ရာမှာ တစ်ယောက်ဆိုတစ်ယောက်တည်းသာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ် ။
- ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပျုတာကိုပိုင်ဆိုင်ပါတယ်တဲ့ ။
- ဒါဟာ ကနေ့ ကမ္ဘာ့ လက်ရှိလူဦးရေ နဲ့ သက်ဆိုင်ရာ ကိန်းဂဏန်းများအချိုးအစားပါ ။ တစ်ရာနဲ့ ချိန်ပြောရင် အဲဒီအတိုင်းပဲ ထွက်ပါတယ် ။
အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့ အခါ လက်ခံနိုင်ဖို့ ၊ နားလည် ပေးနိုင်ဖို့နဲ့ ၊ ပညာကိုတန်ဖိုးထားဖို့ ဆိုတဲ့ အရေးကိစ္စတွေ ဟာ အင်မတန်အရေးကြီး
တယ်ဆိုတာ သိသာထင်ရှားလှပါတယ် ။
- ဒါတင်မကသေးပါဘူး ။အောက်အချက်အလက်တွေကလည်း တော်တော့်ကို စဉ်းစားစရာကောင်းလာပါလိမ့်မယ် ။
- တစ်ကယ်လို့ စာဖတ်သူဟာ သည်မနက် အိပ်ယာကနေ ကျန်းကျန်းမာမာနဲ့ အိပ်ရာက နိုးထခဲ့မယ်ဆိုရင်
- စာဖတ်သူဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးသွားရမဲ့ ကမ္ဘာ့ပေါ်က လူ (၁) သန်းထက် အများကြီး ပိုကံကောင်းနေတယ်မဟုတ်လား ။
- စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို မခံစားဘူး ၊အကျဉ်းစံ ဘ၀မှာလည်း မနေဖူးဘူး ၊နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကိုလည်း
- မခံစားခဲ့ဘူး ၊ ဒါမှမဟုတ်ငတ်မွတ်မှု ဒဏ်ကိုလည်းမခံစားခဲ့ဖူးဆိုရင်တော့ စာဖတ်သူဟာ အဲဒီ ဒဏ် တွေကို ခံစားခဲ့၊ ခံစားဆဲ ၊
- ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀) ထဲမှာ မပါတဲ့ ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ် ။
- ဘုရားကျောင်းကန် ၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း ၊ ၀တ်ပြု ဆောင် ၊ခန်းမ ၊ ဗလီစတာတွေကို စိတ်အေးလက်အေး
- သွားနိုင်တယ်၊ အဲသလိုသွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံဆိုရင် စာဖတ်သူဟာ ကမ္ဘာမှာ အဲလိုမျိုးကို စိုးရိမ်တစ်ကြီး ဖြစ်နေရှာတဲ့
- လူပေါင်း (၃) ကုဋာ ထက် ပိုကံကောင်းနေပါတယ် ။
- စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူ ရှိနေတယ် ၊ ခါးပေါ်မှာ အ၀တ်လည်း ရှိတယ် ၊
- အမိုးအကာအောက်မှာ ကျောခင်း စရာနေရာလေးတစ်ခု ရှိနေတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့
- လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ် ။
- ဘဏ်တိုက်ထဲမှာ ငွေကြေးလေးရှိတယ် ၊ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစကြေးစလေးတွေရှိနေတယ် ၊
- အိတ်ထဲမှာလည်း ပိုက်ဆံအနည်းအကျဉ်းရှိတယ်ဆိုရင် စာဖတ်သူဟာ ကမ္ဘာ့ မရှိမရှား လူတန်းစား (၈၀) ရာခိုင်နှုန်း
- ထဲမှာ ပါတယ် လို့ မှတ်ယူနိုင်ပါတယ် ။
- သည်အထဲမှာ မှ မိစုံဖစုံ လည်းရှိသေးတယ် ၊ အမေနဲ့ အဖေနဲ့ကလည်း အခုချိန်အထိ ပေါင်းနေကြသေးတယ်ဆိုရင်တော့
- ကမ္ဘာ့ ရှားစာရင်းထဲမှာ တောင်စာဖတ်သူပါသွားပါပြိ ။
အခု ကျွန်တော်တင်လိုက်တဲ့ သည်ပိုစ့်လေးကို ဖတ်နေပြီဆိုရင် စာဖတ်သူဟာ
ကမ္ဘာ့ မှာရှိတဲ့ မရေးတတ် ၊မဖတ်တတ်ရှာတဲ့ လူပေါင်း နှစ်ကုဋာ ထက်
ကံကောင်းတဲ့ သူဖြစ်နေတာ အသေအချာပါ ။
မှတ်ချက် ။ ။ အတွေးသစ် ဂျာနယ်မှ ပြန်လည် ဖော်ပြသည် ။
ခင်မင်လေးစားစွာဖြင့်
(အိမ်မက်ကောင်းကင်)
ကံကောင်းတဲ့သူဆိုလို့ ဖတ်ရတာ ဝမ်းသာပါတယ်။